ဝတ်ပြု 12:4 - မြန်မာ့စံမီသမ္မာကျမ်း မိန်းမသည် သွေးသန့်စင်ဖို့ ရက်ပေါင်းသုံးဆယ့်သုံးရက်စောင့်ရမည်။ မိမိသန့်စင်ရာနေ့ရက်မပြည့်မချင်း မည်သည့်သန့်ရှင်းသောအရာကိုမျှမထိရ၊ သန့်ရှင်းရာဌာနသို့ မလာရ။ Common Language Bible မိခင်သည်နောက်ထပ်သုံးဆယ့်သုံးရက်အတွင်း ဘာသာရေးထုံးနည်းအရမသန့်ရှင်းသဖြင့် သွေးသန့်သည့်ကာလမတိုင်မီသန့်ရှင်းသော အရာတစ်စုံတစ်ခုကိုမထိမကိုင်ရ။ တဲ တော်အတွင်းသို့လည်းမဝင်ရ။ Garrad Bible အ သွေး ဖြင့် သန့် အောင်၊ သုံး ဆယ့် သုံး ရက် တိုင် တိုင် ဆက် လက် နေ လျက်၊ သန့် စေ ခြင်း ဆိုင် ရာ နေ့ ရက် များ မ ကုန် မ ချင်း၊ သီး သန့် သော အ ရာ ကို ထိ ခြင်း၊ သန့် ရှင်း ရာ ဌာ န တော် သို့ တက် ခြင်း မ ပြု ရ။ Judson Bible ထိုနောက် အမိသည်စင်ကြယ်စေခြင်းနှင့်ဆိုင်သော အသွေးရှိ၍၊ အရက်သုံးဆယ်သုံးရက်ပတ်လုံး နေရမည်။ စင်ကြယ်စေခြင်းနေ့ရက် မစေ့မီတိုင်အောင် သန့်ရှင်းသောအရာကိုမကိုင်ရ။ သန့်ရှင်းရာဌာနတော်ကို မသွားရ။ |
သမီးမိန်းကလေးကိုမွေးဖွားလျှင် သူသည် ဓမ္မတာလာသကဲ့သို့ တစ်ဆယ့်လေးရက်ပတ်လုံး မစင်ကြယ်။ သွေးသန့်စင်ဖို့ ရက်ပေါင်းခြောက်ဆယ့်ခြောက်ရက် စောင့်ရမည်။
ဟဂ္ဂဲကလည်း “ညစ်ညူးသောအသေကောင်ကိုထိမိပြီးမှ ထိုစားစရာကို ထိမိလျှင်လည်း ညစ်ညူးသလော”ဟု မေးလျှင် ယဇ်ပုရောဟိတ်တို့က “ညစ်ညူးသည်”ဟု ပြန်ဖြေကြ၏။