ပင်လယ်ထဲမှဖြစ်စေ၊ ချောင်းများထဲမှဖြစ်စေ ရေနေသတ္တဝါအားလုံးထဲမှ ဆူးတောင်နှင့်အကြေးရှိသောအကောင်အားလုံးကို သင်တို့စားခွင့်ရှိ၏။
သင်တို့သည်ဆူးတောင်နှင့်အကြေးရှိသော ငါးများကိုစားနိုင်သည်။-
ရေ ရှိ အ ကောင် တို့ အ နက် စား အပ် ကြ သည် မှာ ပင် လယ် ရေ၊ မြစ် ရေ များ ၌ နေ လျက် ဆူး ထောင်၊ အ ကြေး ရှိ သော အ ကောင် ဟူ သ မျှ ကို စား အပ်၏။
ပင်လယ်ရေ၊ မြစ်ရေအစရှိသော ရေ၌နေသော တိရစ္ဆာန်တကာတို့တွင်၊ အယက်နှင့်အကြေးရှိသော တိရစ္ဆာန်ကိုသာစားရမည်။
သို့သော် ပင်လယ်ထဲမှဖြစ်စေ၊ ချောင်းများထဲမှဖြစ်စေ ရေထဲ၌အုပ်စုလိုက်နေထိုင်သွားလာသည့် ဆူးတောင်နှင့်အကြေးမရှိသောသတ္တဝါအားလုံးနှင့် ရေထဲ၌အသက်ရှင်နေထိုင်သည့် ဆူးတောင်နှင့်အကြေးမရှိသောသတ္တဝါအားလုံးတို့သည် သင်တို့အဖို့ ရွံရှာဖွယ်ရာဖြစ်၏။
ထို့ကြောင့် ထိုအကောင်တို့၏အသားကိုမစားရ။ အသေကောင်ကိုလည်း မထိရ။ ထိုအကောင်တို့သည် သင်တို့အဖို့ မစင်ကြယ်။
ဘုရားသခင်ရှေ့တော်၌နောင်တရခြင်း၊ ငါတို့၏သခင်ယေရှုကိုယုံကြည်ခြင်းအကြောင်းတို့ကို ဂျူးလူမျိုးနှင့်ဂရိလူမျိုး နှစ်မျိုးစလုံးတို့အား သက်သေခံခဲ့၏။
ခရစ်တော်ယေရှု၌မူကား အရေဖျားလှီးခြင်းဖြစ်စေ၊ အရေဖျားမလှီးခြင်းဖြစ်စေ မည်သည့်အရာကိုမျှ မစွမ်းဆောင်နိုင်။ မေတ္တာအားဖြင့်လုပ်ဆောင်သော ယုံကြည်ခြင်းကသာ စွမ်းဆောင်နိုင်၏။
သို့သော် “သင်၌ယုံကြည်ခြင်းရှိ၍ ငါ၌လုပ်ဆောင်မှုရှိသည်”ဟု အချို့သောသူက ပြောဆိုလိမ့်မည်။ သို့ဆိုလျှင် လုပ်ဆောင်မှုကင်းသော သင်၏ယုံကြည်ခြင်းကို ငါ့အားပြလော့။ ငါသည်လည်း ငါ၏လုပ်ဆောင်မှုအားဖြင့် ငါ၏ယုံကြည်ခြင်းကို သင့်အားပြမည်။