တစ်ဖန် ဘုရားသခင်က “ရေသည် အုပ်စုလိုက်နေထိုင်သွားလာသောသက်ရှိသတ္တဝါများနှင့်ပြည့်နှက်စေ။ ငှက်တို့သည် မြေကြီးအထက် မိုးကောင်းကင်မျက်နှာကြက်အနှံ့ ပျံသန်းကြစေ”ဟု မိန့်တော်မူ၏။
ဝတ်ပြု 11:41 - မြန်မာ့စံမီသမ္မာကျမ်း မြေကြီးပေါ်၌တွားသွားသောသတ္တဝါတိုင်းသည် ရွံရှာဖွယ်ရာဖြစ်၍ မစားရ။ Common Language Bible မြေကြီးပေါ်တွင်တွားသွားတတ်သော သို့ မဟုတ်ခြေလေးချောင်းရှိသော သို့မဟုတ် ခြေလေးချောင်းထက်များသောခြေရှိသော သတ္တဝါငယ်များကိုသင်တို့မစားရ။- Garrad Bible မြေ ရှိ ပေါ များ သော သ တ္တ ဝါ ယုတ် ဟူ သ မျှ သည် စက် ဆုပ် ဖွယ် ဖြစ် သည့် အ တိုင်း မ စား အပ်။ Judson Bible မြေပေါ်မှာ တွားတတ်သောတိရစ္ဆာန်ရှိသမျှတို့သည် ရွံရှာဖွယ်ဖြစ်၍ သင်တို့မစားရ။ |
တစ်ဖန် ဘုရားသခင်က “ရေသည် အုပ်စုလိုက်နေထိုင်သွားလာသောသက်ရှိသတ္တဝါများနှင့်ပြည့်နှက်စေ။ ငှက်တို့သည် မြေကြီးအထက် မိုးကောင်းကင်မျက်နှာကြက်အနှံ့ ပျံသန်းကြစေ”ဟု မိန့်တော်မူ၏။
မြေကြီးပေါ်မှာ လှုပ်ရှားသွားလာတတ်သောသတ္တဝါအပေါင်းတို့တည်းဟူသော ငှက်၊ ယဉ်ပါးသောတိရစ္ဆာန်၊ တောရိုင်းတိရစ္ဆာန်၊ မြေကြီးပေါ်မှာ အုပ်စုလိုက်နေထိုင်သွားလာသောသတ္တဝါရှိသမျှတို့နှင့် လူအပေါင်းတို့သည် သေကြကုန်၏။
ခြေလေးချောင်းဖြင့်သွား၍ အတောင်ပံပါသောပိုးမွှားသတ္တဝါအားလုံးတို့သည် သင်တို့အဖို့ ရွံရှာဖွယ်ရာဖြစ်၏။
ခြေလေးချောင်းရှိ၍ ပျံတတ်သော ပိုးမွှားသတ္တဝါအားလုံးသည် သင်တို့အဖို့ ရွံရှာဖွယ်ရာဖြစ်၏။
မြေကြီးပေါ်၌ တွားသွားသောသတ္တဝါတို့တွင် သင်တို့အဖို့ မစင်ကြယ်သောအကောင်များဟူမူကား မြွေပါ၊ ကြွက်၊ ပုတတ်အမျိုးမျိုး၊
ဝမ်းဗိုက်ဖြင့်တွားသွားသောအကောင်၊ ခြေလေးချောင်းဖြင့်တွားသွားသောအကောင်၊ ခြေများစွာဖြင့်တွားသွားသောအကောင်စသည့် မြေကြီးပေါ်၌တွားသွားသောသတ္တဝါရှိသမျှတို့သည် ရွံရှာဖွယ်ရာဖြစ်၍ မစားရ။