ခြေလေးချောင်းဖြင့်သွား၍ အတောင်ပံပါသောပိုးမွှားသတ္တဝါအားလုံးတို့သည် သင်တို့အဖို့ ရွံရှာဖွယ်ရာဖြစ်၏။
ဝတ်ပြု 11:23 - မြန်မာ့စံမီသမ္မာကျမ်း ခြေလေးချောင်းရှိ၍ ပျံတတ်သော ပိုးမွှားသတ္တဝါအားလုံးသည် သင်တို့အဖို့ ရွံရှာဖွယ်ရာဖြစ်၏။ Common Language Bible သို့ရာတွင်အတောင်ရှိ၍တွားသွားတတ်သော အခြားအကောင်ငယ်ရှိသမျှကို မသန့်ရှင်း ဟုမှတ်ယူရမည်။ Garrad Bible ခြေ လေး ဘက် သက် သက် နှင့် အ တောင် ရှိ သော အ ကောင် စု ဟူ သ မျှ ကား စက် ဆုပ် ဖွယ် ဖြစ် သ တည်း။ Judson Bible အတောင်ရှိ၍ ခြေလေးချောင်းနှင့်တွားတတ်သော အခြားတိရစ္ဆာန်တို့သည် သင်တို့၌ ရွံရှာဖွယ်ဖြစ်ရကြမည်။ |
ခြေလေးချောင်းဖြင့်သွား၍ အတောင်ပံပါသောပိုးမွှားသတ္တဝါအားလုံးတို့သည် သင်တို့အဖို့ ရွံရှာဖွယ်ရာဖြစ်၏။
ထိုသို့သောအကောင်များဖြစ်သည့် အညိုရောင်ကျိုင်းကောင်အမျိုးမျိုး၊ အစိမ်းရောင်ကျိုင်းကောင်အမျိုးမျိုး၊ ပုရစ်အမျိုးမျိုးနှင့် နှံကောင်အမျိုးမျိုးတို့ကို သင်တို့စားခွင့်ရှိ၏။
ထိုအကောင်များအားဖြင့် သင်တို့သည် မစင်မကြယ်ဖြစ်မည်။ ၎င်းတို့၏အသေကောင်ကိုထိမိသောသူတိုင်းသည် နေဝင်ချိန်အထိ မစင်ကြယ်။
ခြေလေးချောင်းဖြင့်သွားသောတိရစ္ဆာန်အားလုံးတို့ထဲမှ ဖဝါးဖြင့်သွားသောအကောင်ရှိသမျှတို့သည် သင်တို့အဖို့ မစင်ကြယ်။ ထိုအကောင်တို့၏အသေကောင်ကိုထိမိသောသူတိုင်း နေဝင်ချိန်အထိ မစင်ကြယ်။
မစင်မကြယ်ဖြစ်စေနိုင်သည့် တွားသွားသတ္တဝါတစ်ကောင်ကောင်၊ သို့မဟုတ် အညစ်အကြေးတစ်စုံတစ်ရာကြောင့် မစင်မကြယ်ဖြစ်နေသောသူကို ထိမိသောသူဖြစ်စေ
ထိုအရာထဲတွင် မြေကြီးပေါ်ရှိခြေလေးချောင်းသတ္တဝါများမှစ၍ တွားသွားသတ္တဝါများနှင့် မိုးကောင်းကင်ငှက်အမျိုးမျိုးပါ၏။