မြေတစ်ပြင်လုံးတွင် မျိုးဆက်မပြတ်စေရန် စင်ကြယ်သောတိရစ္ဆာန်ရှိသမျှထဲမှ အထီးအမ ခုနစ်စုံစီ၊ မစင်ကြယ်သောတိရစ္ဆာန်ထဲမှ အထီးအမ တစ်စုံစီ၊ မိုးကောင်းကင်ငှက်များထဲမှလည်း အထီးအမ ခုနစ်စုံစီတို့ကို သင်နှင့်အတူ သိမ်းယူထားရမည်။
ဝတ်ပြု 11:11 - မြန်မာ့စံမီသမ္မာကျမ်း ထိုသတ္တဝါတို့သည် သင်တို့အဖို့ ရွံရှာဖွယ်ရာဖြစ်သောကြောင့် ၎င်းတို့၏အသားကိုမစားရ။ အသေကောင်ကိုလည်း ရွံရှာရမည်။ Common Language Bible ထိုသတ္တဝါများကိုမသန့်ရှင်းဟုမှတ်ယူ ရမည်။ သင်တို့သည်ထိုသတ္တဝါများကို မစားရ၊ အသေကောင်များကိုပင်မထိ ရ။- Garrad Bible စက် ဆုပ် ဖွယ် ဖြစ် သည့် အ လျောက် အ သား ကို မ စား ရ။ အ သေ ကောင် ကို လည်း စက် ဆုပ် ကြ ရ မည်။ Judson Bible အယက်အကြေးနှင့် မပြည့်စုံသောရေတိရစ္ဆာန်အသားကို သင်တို့သည်မစားရ။ သူတို့အသေကောင်ကိုလည်း ရွံရှာရကြမည်။ |
မြေတစ်ပြင်လုံးတွင် မျိုးဆက်မပြတ်စေရန် စင်ကြယ်သောတိရစ္ဆာန်ရှိသမျှထဲမှ အထီးအမ ခုနစ်စုံစီ၊ မစင်ကြယ်သောတိရစ္ဆာန်ထဲမှ အထီးအမ တစ်စုံစီ၊ မိုးကောင်းကင်ငှက်များထဲမှလည်း အထီးအမ ခုနစ်စုံစီတို့ကို သင်နှင့်အတူ သိမ်းယူထားရမည်။
သို့သော် ပင်လယ်ထဲမှဖြစ်စေ၊ ချောင်းများထဲမှဖြစ်စေ ရေထဲ၌အုပ်စုလိုက်နေထိုင်သွားလာသည့် ဆူးတောင်နှင့်အကြေးမရှိသောသတ္တဝါအားလုံးနှင့် ရေထဲ၌အသက်ရှင်နေထိုင်သည့် ဆူးတောင်နှင့်အကြေးမရှိသောသတ္တဝါအားလုံးတို့သည် သင်တို့အဖို့ ရွံရှာဖွယ်ရာဖြစ်၏။
ရေထဲမှ ဆူးတောင်နှင့်အကြေးမရှိသောသတ္တဝါအားလုံးသည် သင်တို့အဖို့ ရွံရှာဖွယ်ရာဖြစ်၏။
ရွံရှာဖွယ်ဖြစ်သည်ဟု မှတ်၍ မစားရမည့်ရွံရှာဖွယ်ငှက်များမှာ လင်းယုန်၊ လင်းတ၊ ဝန်ပို၊
“အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ မြေကြီးပေါ်ရှိ တိရစ္ဆာန်အပေါင်းတို့ထဲမှ သင်တို့စား၍ရသောတိရစ္ဆာန်ဟူမူကား
တစ်စုံတစ်ယောက်သည် မစင်ကြယ်သောတောရိုင်းတိရစ္ဆာန်အသေကောင်၊ ယဉ်ပါးသောတိရစ္ဆာန်အသေကောင်၊ တွားသွားသောတိရစ္ဆာန်အသေကောင်စသည့် မစင်ကြယ်သောအရာတစ်စုံတစ်ခုအား ထိမိသည်ကို သတိမမူမိလျှင်လည်း သူသည် မစင်ကြယ်ရာသို့ရောက်၍ သူ့အပေါ် အပြစ်သက်ရောက်မည်။