အကျွန်ုပ်၏ထိုင်ခြင်းနှင့် ထခြင်းကို သိတော်မူ၏။ အကျွန်ုပ်၏အတွေးအကြံကို အဝေးကပင် သိနားလည်တော်မူ၏။
လုကာ 9:47 - မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် သူတို့၏စိတ်နှလုံးတွေးတောကြံစည်မှုကို သိတော်မူလျက် သူငယ်တစ်ဦးကိုခေါ်၍ မိမိအနားတွင်ရပ်စေပြီးလျှင် Common Language Bible သခင်ယေရှုသည်ထိုသို့ငြင်းခုံနေကြသည် ကိုသိတော်မူသဖြင့် ကလေးသူငယ်တစ်ယောက် ကိုခေါ်၍မိမိအနီးတွင်ရပ်စေတော်မူ၏။- Garrad Bible စိတ်၌ ထို သို့ ဆင် ခြင် ကြ သည် ကို သိ မြင် တော် မူ သည် နှင့် သူ ငယ် တစ် ယောက် ကို ခေါ်၍ အ ပါး တော် တွင် ထား ပြီး လျှင်၊ Judson Bible ယေရှုသည် သူတို့အကြံအစည်ကို သိမြင်လျှင်၊ သူငယ်တစ်ယောက်ကိုယူ၍ မိမိအနား၌ထားပြီးမှ၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ယေရှုသည် ထိုသူတို့၏တွေးတောကြံစည်မှုကို ကောင်းစွာသိတော်မူသဖြင့် ကလေးငယ်တစ်ဦးကို ခေါ်ကာ မိမိအနားတွင် ရပ်စေတော်မူ၏။ မြန်မာ ယေရှုသည် သူတို့အကြံအစည်ကို သိမြင်လျှင်၊ သူငယ်တစ်ယောက်ကိုယူ၍ မိမိအနား၌ထားပြီးမှ၊- |
အကျွန်ုပ်၏ထိုင်ခြင်းနှင့် ထခြင်းကို သိတော်မူ၏။ အကျွန်ုပ်၏အတွေးအကြံကို အဝေးကပင် သိနားလည်တော်မူ၏။
အို ဘုရားသခင်၊ အကျွန်ုပ်ကိုစစ်ကြော၍ အကျွန်ုပ်၏စိတ်နှလုံးကို သိမြင်တော်မူပါ။ အကျွန်ုပ်ကိုစစ်ဆေး၍ အကျွန်ုပ်၏စိုးရိမ်ပူပန်မှုတို့ကို သိမြင်တော်မူပါ။
ငါထာဝရဘုရားသည် လူအသီးသီးတို့အား မိမိတို့ပြုမူကျင့်ကြံသည့်အတိုင်း၊ မိမိတို့လုပ်ဆောင်မှုအသီးအပွင့်အတိုင်း ပေးဆပ်ရန် လူတို့၏စိတ်နှလုံးကို စစ်ကြောတတ်၏။ အတွင်းသဘောကို စစ်ဆေးတတ်၏။
ယေရှုသည် ဤအကြောင်းကိုသိ၍ ထိုအရပ်မှ ထွက်ခွာသွားတော်မူရာ များစွာသောလူထုပရိသတ်တို့သည် နောက်တော်သို့လိုက်ကြသဖြင့် သူတို့အားလုံးကို ကျန်းမာစေတော်မူပြီးလျှင်
ယေရှုသည် သူတို့၏စဉ်းစားဆင်ခြင်မှုများကို သိမြင်တော်မူ၍“အဘယ်ကြောင့် သင်တို့၏စိတ်နှလုံးထဲ၌ မကောင်းသောအရာများကို စဉ်းစားဆင်ခြင်နေကြသနည်း။
ယေရှုသည် သူတို့၏တွေးတောကြံစည်မှုများကို သိတော်မူ၍“အဘယ်ကြောင့် သင်တို့၏စိတ်နှလုံးထဲ၌ ထိုသို့တွေးတောဆင်ခြင်နေကြသနည်း။
ကိုယ်တော်သည် အလုံးစုံတို့ကို သိမြင်တော်မူ၍ မည်သူမျှ ကိုယ်တော်ကို မေးလျှောက်စရာမလိုကြောင်း ယခု အကျွန်ုပ်တို့သိကြပါပြီ။ ဤအကြောင်းကိုထောက်၍ ကိုယ်တော်သည် ဘုရားသခင်ထံမှကြွလာတော်မူသည်ကို အကျွန်ုပ်တို့ယုံကြည်ကြပါ၏”ဟု လျှောက်ကြ၏။
လူ၏စိတ်ထဲ၌ရှိသောအရာကိုသိတော်မူသောကြောင့် လူ၏အကြောင်းကို မည်သူကမျှ သက်သေခံပေးရန်မလိုအပ်ပေ။
တတိယအကြိမ်၌ ကိုယ်တော်က“ယောဟန်၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်ခင်သလော”ဟု မေးတော်မူ၏။ ကိုယ်တော်က တတိယအကြိမ်၌“သင်သည် ငါ့ကိုချစ်ခင်သလော”ဟု မေးတော်မူသောကြောင့် ပေတရုသည် စိတ်မကောင်းဖြစ်၍ “သခင်ဘုရား၊ ကိုယ်တော်သည် အရာခပ်သိမ်းတို့ကိုသိပါ၏။ ကိုယ်တော်ကို အကျွန်ုပ်ချစ်ခင်ကြောင်း ကိုယ်တော်သိပါ၏”ဟု လျှောက်လေ၏။ ယေရှုကလည်း“ငါ၏သိုးတို့ကို ကျွေးမွေးလော့။
ညီအစ်ကိုတို့၊ စဉ်းစားဆင်ခြင်မှုနှင့်ပတ်သက်၍ ကလေးသူငယ်များမဖြစ်ကြနှင့်။ မကောင်းမှုနှင့်ပတ်သက်၍ ကလေးသူငယ်များကဲ့သို့ဖြစ်ကြလျက် စဉ်းစားဆင်ခြင်မှုနှင့်ပတ်သက်၍ စုံလင်ရင့်ကျက်သောသူများဖြစ်ကြလော့။
ဖန်ဆင်းတော်မူသောအရာတို့တွင် ကိုယ်တော်၏ရှေ့မှောက်၌ မထင်ရှားသောအရာတစ်စုံတစ်ခုမျှမရှိ။ အရာခပ်သိမ်းတို့သည် ကိုယ်တော်၏မျက်မှောက်၌ အကွယ်အကာမဲ့လျက် ဟင်းလင်းပွင့်နေ၏။ ငါတို့သည် ထိုအရှင်ထံ၌ ဖြေရှင်းချက်ပေးကြရမည်။
သူ၏သားသမီးတို့ကိုလည်း သေဘေးဖြင့် ငါအဆုံးစီရင်မည်။ ထိုအခါ ငါသည် စိတ်နှလုံးနှင့် အတွင်းသဘောကို စူးစမ်းသောသူဖြစ်ကြောင်း အသင်းတော်အားလုံးသိရကြလိမ့်မည်။ သင်တို့အသီးသီးကိုလည်း မိမိတို့ပြုသောအမှုများနှင့်အညီ အကျိုးအပြစ်ကို ငါပေးမည်။