ထာဝရဘုရားအား သိကျွမ်းဖို့ ကြိုးစားအားထုတ်ကြကုန်စို့။ ကိုယ်တော်သည် အရုဏ်ဦးအလင်းကဲ့သို့ ထွက်ပေါ်လာမည်။ မြေပေါ်သို့ရွာချသော မိုးဦး၊ မိုးနှောင်းကဲ့သို့ ရောက်လာမည်။
လုကာ 8:9 - မြန်မာ့စံမီသမ္မာကျမ်း တပည့်တော်တို့က ဤပုံဥပမာသည် မည်သည့်အရာကိုဆိုလိုကြောင်း ကိုယ်တော်အားမေးလျှောက်ကြ၏။ Common Language Bible တပည့်တော်တို့သည်ဤပုံဥပမာ၏အနက် အဋ္ဌိပ္ပါယ်ကိုကိုယ်တော်အားမေးလျှောက်ကြ၏။- Garrad Bible ထို ဥ ပ မာ အ ဓိ ပ္ပါယ် ကို တ ပည့် တော် တို့ မေး လျှောက် ကြ သော်၊ Judson Bible တပည့်တော်တို့ကလည်း၊ ထိုဥပမာ၏ အနက်အဓိပ္ပာယ်ကား အဘယ်နည်းဟု မေးလျှောက်ကြလျှင်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း တပည့်တော်တို့က “ထိုပုံဥပမာ၏အနက်အဓိပ္ပာယ်သည် မည်သို့နည်း” ဟု မေးလျှောက်ကြ၏။ မြန်မာ တပည့်တော်တို့ကလည်း၊ ထိုဥပမာ၏ အနက်အဓိပ္ပာယ်ကား အဘယ်နည်းဟု မေးလျှောက်ကြလျှင်၊- |
ထာဝရဘုရားအား သိကျွမ်းဖို့ ကြိုးစားအားထုတ်ကြကုန်စို့။ ကိုယ်တော်သည် အရုဏ်ဦးအလင်းကဲ့သို့ ထွက်ပေါ်လာမည်။ မြေပေါ်သို့ရွာချသော မိုးဦး၊ မိုးနှောင်းကဲ့သို့ ရောက်လာမည်။
ထို့နောက် တပည့်တော်တို့သည် ချဉ်းကပ်လာ၍ “ကိုယ်တော်သည် အဘယ်ကြောင့် သူတို့အား ပုံဥပမာများဖြင့် မြွက်ဆိုတော်မူသနည်း”ဟု မေးလျှောက်ကြ၏။
ထို့နောက် ကိုယ်တော်သည် လူထုပရိသတ်တို့ကိုထားခဲ့၍ အိမ်ထဲသို့ဝင်တော်မူလျှင် တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်လာ၍ “စိုက်ခင်းထဲမှ မြက်သီးပင်များပုံဥပမာကို အကျွန်ုပ်တို့အားရှင်းပြတော်မူပါ”ဟု လျှောက်ကြ၏။
ထိုအခါ ပေတရုက “ထိုပုံဥပမာကို အကျွန်ုပ်တို့အားရှင်းပြတော်မူပါ”ဟု လျှောက်လျှင်
ကိုယ်တော်တစ်ပါးတည်းရှိတော်မူသောအခါ ကိုယ်တော်၏နောက်လိုက်နောက်ပါတို့နှင့် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့သည် ထိုပုံဥပမာများအကြောင်းကို မေးလျှောက်ကြ၏။
ပုံဥပမာမပါဘဲ သူတို့အား ဟောပြောတော်မမူ။ သို့သော် မိမိတပည့်တော်တို့ကိုမူကား အကြောင်းအရာအားလုံးကို သီးသန့်ရှင်းပြတော်မူ၏။
ငါသည် သင်တို့ကို ကျွန်ဟူ၍ခေါ်တော့မည်မဟုတ်။ အကြောင်းမူကား ကျွန်သည် မိမိသခင်ပြုနေသောအရာကိုမသိ။ ငါ့ခမည်းတော်ထံမှ ကြားနာခဲ့သောအရာအားလုံးကို သင်တို့အား ငါသိစေခဲ့ပြီဖြစ်သောကြောင့် သင်တို့ကို မိတ်ဆွေဟူ၍ ငါခေါ်၏။