ဘုရားသခင်ကိုကြောက်ရွံ့သောသူအပေါင်းတို့၊ လာ၍နားထောင်ကြလော့။ ငါ၏စိတ်ဝိညာဉ်အတွက် ကိုယ်တော်ပြုတော်မူသောအရာကို ငါပြောပြမည်။
လုကာ 8:39 - မြန်မာ့စံမီသမ္မာကျမ်း “သင့်အိမ်သို့ပြန်၍ သင့်အပေါ် ဘုရားသခင်ပြုတော်မူသမျှတို့ကို ပြောကြားလော့”ဟု မိန့်တော်မူပြီး သူ့ကိုပြန်သွားစေ၏။ ထိုအခါ သူသည်ထွက်သွား၍ မိမိအပေါ် ယေရှုပြုတော်မူသမျှတို့ကို တစ်မြို့လုံးအနှံ့ပြောကြားလေ၏။ Common Language Bible သို့ရာတွင်ကိုယ်တော်က ``အိမ်သို့ပြန်၍ဘုရား သခင်သည် သင့်အားမည်မျှကျေးဇူးပြုတော် မူကြောင်းကိုပြောကြားလော့'' ဟုမိန့်တော်မူ၏။ ထိုသူသည်အထံတော်မှထွက်သွားပြီးလျှင် မိမိအားသခင်ယေရှုမည်သို့ကျေးဇူးပြု တော်မူကြောင်းကိုတစ်မြို့လုံးအနှံ့အပြား ပြောကြားလေသည်။ Garrad Bible ကိုယ် တော် က အိမ် သို့ ပြန် လျက် ဘု ရား သ ခင် သည် မည် မျှ ကျေး ဇူး ပြု တော် မူ ကြောင်း ဖော် ပြ လော့ ဟု မိန့် မှာ၍ လွှတ် လိုက် တော် မူ သည့် အ တိုင်း ထို သူ သွား၍ မည် မျှ ကျေး ဇူး ကို ယေ ရှု ပြု တော် မူ ကြောင်း မြို့ လုံး နှံ့ ကြော် ငြာ လေ၏။ Judson Bible ယေရှုက၊ သင်သည် ကိုယ်အိမ်သို့ပြန်သွားလော့။ ဘုရားသခင်သည် သင်၌အဘယ်မျှလောက် ကျေးဇူးပြုတော်မူသည်ကို ကြားပြောလော့ဟူ၍ လွှတ်လိုက်တော်မူလျှင်၊ ထိုသူသည်သွား၍ ယေရှုသည် အဘယ်မျှလောက် ကျေးဇူးပြုတော်မူသည်ကို တစ်မြို့လုံးတွင် အနှံ့အပြား သတင်းကြားပြောလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း “အိမ်သို့ပြန်၍ ဘုရားသခင်သည် သင့်အား မည်မျှအံ့သြဖွယ် ကျေးဇူးပြုကြောင်းကို ပြောလော့” ဟု မိန့်တော်မူ၍ လွှတ်လိုက်တော်မူ၏။ ထို့နောက် ထိုသူသည် မြို့အနှံ့အပြားတွင် ယေရှုက သူ့အားမည်သို့ ပြုတော်မူခဲ့ကြောင်းကို သွား၍ ကြေညာလေ၏။ မြန်မာ ယေရှုက၊ သင်သည် ကိုယ်အိမ်သို့ပြန်သွားလော့။ ဘုရားသခင်သည် သင်၌အဘယ်မျှလောက် ကျေးဇူးပြုတော်မူသည်ကို ကြားပြောလော့ဟူ၍ လွှတ်လိုက်တော်မူလျှင်၊ ထိုသူသည်သွား၍ ယေရှုသည် အဘယ်မျှလောက် ကျေးဇူးပြုတော်မူသည်ကို တစ်မြို့လုံးတွင် အနှံ့အပြား သတင်းကြားပြောလေ၏။ |
ဘုရားသခင်ကိုကြောက်ရွံ့သောသူအပေါင်းတို့၊ လာ၍နားထောင်ကြလော့။ ငါ၏စိတ်ဝိညာဉ်အတွက် ကိုယ်တော်ပြုတော်မူသောအရာကို ငါပြောပြမည်။
သို့သော် ထိုသူသည် ထွက်သွား၍ ထိုသတင်းကို အားပါးတရပြောကြားပြီး ပျံ့နှံ့စေသဖြင့် ကိုယ်တော်သည် မြို့ထဲသို့ ထင်ရှားစွာမဝင်နိုင်တော့ဘဲ မြို့ပြင်လူသူကင်းဝေးရာအရပ်၌ နေတော်မူ၏။ ထိုအခါ အရပ်ရပ်မှလူတို့သည် ကိုယ်တော်ထံသို့ရောက်လာကြ၏။
ကိုယ်တော်သည် လှေပေါ်သို့တက်တော်မူစဉ် နတ်ဆိုးပူးခဲ့သူက ကိုယ်တော်နှင့်အတူလိုက်ပါခွင့်ပြုပါမည့်အကြောင်း ကိုယ်တော်ကိုတောင်းပန်လေ၏။
သို့သော် ကိုယ်တော်သည် ခွင့်ပြုတော်မမူဘဲ“သင့်အိမ်၊ သင့်မိသားစုထံသို့သွား၍ သင့်အပေါ် ထာဝရဘုရားပြုတော်မူသမျှသောအရာနှင့် သင့်ကိုသနားတော်မူကြောင်းကို သူတို့အားပြောပြလော့”ဟု မိန့်တော်မူ၏။
နတ်ဆိုးများထွက်သွားသောသူက ကိုယ်တော်နှင့်အတူလိုက်ပါခွင့်ပြုပါမည့်အကြောင်း ကိုယ်တော်ကိုတောင်းပန်လေ၏။ သို့သော် ကိုယ်တော်က
ယေရှုပြန်ကြွလာသောအခါ လူထုပရိသတ်တို့သည် ကိုယ်တော်ကိုကြိုဆိုကြ၏။ အကြောင်းမူကား သူတို့အားလုံးသည် ကိုယ်တော်ကိုစောင့်မျှော်နေကြ၏။
“ကျွန်မပြုခဲ့သမျှသောအရာတို့ကို ကျွန်မအားထုတ်ဖော်ပြောဆိုသောသူကို လာကြည့်ကြပါ။ သူသည် ခရစ်တော်ဖြစ်လေမည်လော”ဟု လူတို့အားဆိုသဖြင့်
သင်မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသည့် ကြောက်မက်ဖွယ်ကောင်းသောအမှုကြီးများကို သင့်အတွက်ပြုတော်မူသောအရှင်သည် သင်ချီးမွမ်းရာ သင်၏ဘုရားသခင်ဖြစ်တော်မူ၏။
မည်သူမဆို မိမိဆွေမျိုးသားချင်း၊ အထူးသဖြင့် မိမိအိမ်သူအိမ်သားတို့ကို ဂရုမစိုက်ဘဲနေလျှင် ထိုသူသည် ယုံကြည်ခြင်းကိုငြင်းပယ်ပြီဖြစ်၍ မယုံကြည်သူထက် ဆိုးရွား၏။