အို ဘုရားသခင်၊ အကျွန်ုပ်အထဲ၌ စင်ကြယ်သောစိတ်နှလုံးကို ဖန်ဆင်းတော်မူပါ။ အကျွန်ုပ်အတွင်းထဲ၌ တည်ကြည်သော စိတ်သဘောကို အသစ်ပြုပြင်တော်မူပါ။
လုကာ 8:35 - မြန်မာ့စံမီသမ္မာကျမ်း လူတို့သည် ဖြစ်ပျက်ခဲ့သောအရာကိုကြည့်ရှုရန် ထွက်လာ၍ ယေရှုထံသို့ရောက်လာကြသောအခါ နတ်ဆိုးများထွက်သွားသောသူသည် အဝတ်ဝတ်ထားကာ ယေရှု၏ခြေတော်ရင်း၌ ပကတိစိတ်ရှိလျက် ထိုင်နေသည်ကိုတွေ့မြင်လျှင် ကြောက်ရွံ့ကြ၏။ Common Language Bible လူတို့သည်ထိုအဖြစ်အပျက်ကိုကြည့်ရန်လာ ကြ၏။ သခင်ယေရှု၏ထံတော်သို့ရောက်ကြသော် နတ်မိစ္ဆာများစွန့်ခွာသွားသူသည်အဝတ်ဝတ် လျက် သခင်ယေရှု၏ခြေတော်ရင်းမှာအကောင်း ပကတိထိုင်လျက်နေသည်ကိုမြင်ကြလျှင် ကြောက်ရွံ့ကြ၏။- Garrad Bible ထို အ ဖြစ် အ ပျက် များ ကို သိ မြင် ရန် ထွက် လာ သူ တို့ သည် ယေ ရှု ထံ တော် သို့ ရောက် ရာ နတ် များ ထွက် ခွာ ပြီး သူ သည် အ ဝတ် ဝတ် ဆင် လျက်၊ စိတ် ကောင်း ပြန် လျက်၊ ယေ ရှု ခြေ တော် ရင်း တွင် ထိုင် နေ သည် ကို တွေ့ မြင် သော် ကြောက် ရွံ့ ကြ၏။ Judson Bible လူများတို့သည် ထိုအမှုအရာကို ကြည့်ရှုအံ့သောငှာ ထွက်လာကြ၏။ အထံတော်သို့ ရောက်သောအခါ နတ်ဆိုးထွက်သွားသောသူသည် အဝတ်ကိုဝတ်၍ ပကတိစိတ်နှင့် ယေရှု၏ခြေတော်ရင်း၌ ထိုင်နေသည်ကို မြင်လျှင်၊ ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် လူတို့သည် ထိုအဖြစ်အပျက်ကို ကြည့်ရှုရန် ထွက်လာကြ၏။ ယေရှုထံသို့ ရောက်သောအခါ နတ်ဆိုးပူးခြင်းမှ လွတ်မြောက်သွားသူသည် အဝတ်ကို ဝတ်ထားလျက် လူကောင်းပကတိစိတ်ဖြင့် ယေရှု၏ခြေတော်ရင်း၌ ထိုင်နေသည်ကို တွေ့မြင်ကြလျှင် ကြောက်ရွံ့ကြ၏။ မြန်မာ လူများတို့သည် ထိုအမှုအရာကို ကြည့်ရှုအံ့သောငှာ ထွက်လာကြ၏။ အထံတော်သို့ ရောက်သောအခါ နတ်ဆိုးထွက်သွားသောသူသည် အဝတ်ကိုဝတ်၍ ပကတိစိတ်နှင့် ယေရှု၏ခြေတော်ရင်း၌ ထိုင်နေသည်ကို မြင်လျှင်၊ ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။- |
အို ဘုရားသခင်၊ အကျွန်ုပ်အထဲ၌ စင်ကြယ်သောစိတ်နှလုံးကို ဖန်ဆင်းတော်မူပါ။ အကျွန်ုပ်အတွင်းထဲ၌ တည်ကြည်သော စိတ်သဘောကို အသစ်ပြုပြင်တော်မူပါ။
သူသည် အသက်စွန့်၍ အသေခံခဲ့၏။ အပြစ်ကျူးလွန်သူတို့၏စာရင်းတွင် ထည့်သွင်းခြင်းခံရ၏။ သူသည် လူများစွာတို့၏အပြစ်ကိုထမ်းသွား၍ အပြစ်ကျူးလွန်သောသူတို့အတွက် ကြားဝင်စေ့စပ်ပေး၏။ ထို့ကြောင့် ငါသည် သူ့အား ကြီးမြတ်သောသူတို့နှင့်အတူ ဝေစုတစ်စုခွဲဝေပေးမည်။ သူသည် အားကြီးသောသူတို့နှင့်အတူ လုယက်ပစ္စည်းကို ခွဲဝေမည်။
ထိုအခါ ကိုယ်တော်၏သတင်းသည် ဆီးရီးယားပြည်တစ်ဝန်းလုံးသို့ ပျံ့နှံ့သွားသဖြင့် လူတို့သည် ရောဂါအမျိုးမျိုးစွဲကပ်၍ ဝေဒနာခံစားနေရသူများ၊ နတ်ဆိုးပူးသူများ၊ ဝက်ရူးပြန်ရောဂါစွဲသောသူများနှင့် လေဖြတ်သောသူများ စသည့်နာမကျန်းဖြစ်သူအပေါင်းတို့ကို အထံတော်သို့ခေါ်ဆောင်လာကြရာ ကိုယ်တော်သည် သူတို့ကို ကျန်းမာစေတော်မူ၏။
ယေရှုထံသို့ရောက်လာကြသောအခါ လေဂေါင်စွဲခဲ့သည့် နတ်ဆိုးပူးသူသည် အဝတ်ဝတ်ထားကာ ပကတိစိတ်ရှိလျက်ထိုင်နေသည်ကိုတွေ့မြင်လျှင် ကြောက်ရွံ့ကြ၏။
ထိုအမျိုးသမီးတွင် မာရိဟုခေါ်သောညီမတစ်ယောက်ရှိ၏။ သူသည် သခင်ဘုရား၏ခြေတော်ရင်း၌ထိုင်လျက် ကိုယ်တော်၏တရားစကားကို နားထောင်နေ၏။
ထိုအခါ သူသည် အသိတရားပြန်ရ၍ ‘ငါ့အဖေထံ၌ အလုပ်သမားမည်မျှပင်များစေကာမူ သူတို့တွင် စားစရာအလျှံပယ်ရှိ၏။ ငါမူကား ဤအရပ်၌ အစာငတ်လျက် သေလုမတတ်ဖြစ်နေရ၏။
သုံးရက်ကြာသောအခါ ယေရှုသည် ဗိမာန်တော်၌ ဆရာများကြားတွင်ထိုင်၍ သူတို့ကိုနားထောင်လျက် မေးမြန်းလျက်နေသည်ကို မိဘတို့တွေ့ကြ၏။
ကိုယ်တော်သည် ကမ်းပေါ်သို့တက်တော်မူသောအခါ နတ်ဆိုးများပူးသဖြင့် ကာလအတန်ကြာ အဝတ်လည်းမဝတ်၊ အိမ်၌လည်းမနေဘဲ သင်္ချိုင်း၌နေတတ်သော ထိုမြို့မှလူတစ်ဦးသည် ကိုယ်တော်ကိုဆီးကြိုလေ၏။
ဝက်ထိန်းကျောင်းသောသူတို့သည် ဖြစ်ပျက်ခဲ့သောအရာကိုမြင်ကြသောအခါ ထွက်ပြေး၍ မြို့နှင့်တောရွာများတွင် ပြောကြားကြလေ၏။
“အကျွန်ုပ်သည် ဆီလီဆီးယားပြည်၊ တာရှုမြို့၌မွေးဖွားခဲ့သော ဂျူးလူမျိုးတစ်ဦးဖြစ်ပါသည်။ သို့သော် ဤမြို့တွင် ကြီးပြင်းလာ၍ ဂါမလျေလ၏ခြေရင်း၌ ဘိုးဘေးတို့မှဆက်ခံသော ပညတ်တရားနှင့်အညီ တင်းကျပ်စွာ ဆုံးမသွန်သင်ခြင်းကိုခံယူပြီး ယနေ့ သင်တို့အားလုံးသည် ဘုရားသခင်အတွက် စိတ်အားထက်သန်သကဲ့သို့ အကျွန်ုပ်သည်လည်း စိတ်အားထက်သန်ခဲ့ပါသည်။
အပြစ်ကိုပြုနေသောသူသည် မာရ်နတ်နှင့်စပ်ဆိုင်သောသူဖြစ်၏။ အကြောင်းမူကား မာရ်နတ်သည် အစအဦးကပင် အပြစ်ပြုလျက်ရှိ၏။ ဘုရားသခင်၏သားတော်ပေါ်ထွန်းတော်မူခဲ့သည်မှာ မာရ်နတ်၏လုပ်ဆောင်မှုတို့ကို ပယ်ဖျက်ရန်အတွက်ဖြစ်၏။