မီးနှင့်မိုးသီး၊ နှင်းပွင့်နှင့်မြူခိုး၊ ကိုယ်တော်၏အမိန့်တော်အတိုင်းလုပ်ဆောင်သော လေမုန်တိုင်း၊
လုကာ 8:23 - မြန်မာ့စံမီသမ္မာကျမ်း သူတို့ရွက်လွှင့်နေစဉ် ကိုယ်တော်သည် အိပ်စက်တော်မူ၏။ ထိုအခါ အိုင်ပေါ်တွင် လေမုန်တိုင်းကျလာသဖြင့် လှေသည် ရေနှင့်ပြည့်လုနီးပါးဖြစ်၍ သူတို့သည် အန္တရာယ်နှင့်ရင်ဆိုင်ကြရ၏။ Common Language Bible သို့ရွက်လွှင့်ကြစဉ်ကိုယ်တော်သည်အိပ်စက်လျက် နေတော်မူ၏။ ထိုအချိန်၌အိုင်တွင်လေမုန်တိုင်း ကျသဖြင့်လှေသည်ရေနှင့်ပြည့်လုမတတ်ရှိ လေ၏။ တပည့်တော်တို့သည်ရေနစ်မည့်ဘေးနှင့် တွေ့ကြုံရကြ၏။- Garrad Bible စက် တော် ခေါ် တော် မူ၏။ ထို အ ခါ အိုင်၌ လေ မုန် တိုင်း ကျ၍ လှေ တွင် ရေ ပြည့် သ ဖြင့် ဘေး တွေ့ ကြ ရာ၊ Judson Bible အိုင်ကိုကူးသောအခါ ယေရှုသည် ကျိန်းစက်တော်မူ၏။ အိုင်၌မိုးသက်မုန်တိုင်းဖြစ်၍၊ လှေသည် ရေနှင့် ပြည့်သောကြောင့် ဘေးရောက်လု၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ ရွက်လွှင့်ကြစဉ် ယေရှုသည် အိပ်စက်တော်မူ၏။ ထိုစဉ် အိုင်ထဲတွင် လေပြင်းမုန်တိုင်းတိုက်၍ လှေသည် ရေနှင့် ပြည့်သဖြင့် သူတို့သည် အန္တရာယ်နှင့် ရင်ဆိုင်ကြရ၏။ မြန်မာ အိုင်ကိုကူးသောအခါ ယေရှုသည် ကျိန်းစက်တော်မူ၏။ အိုင်၌မိုးသက်မုန်တိုင်းဖြစ်၍၊ လှေသည် ရေနှင့် ပြည့်သောကြောင့် ဘေးရောက်လု၏။- |
မီးနှင့်မိုးသီး၊ နှင်းပွင့်နှင့်မြူခိုး၊ ကိုယ်တော်၏အမိန့်တော်အတိုင်းလုပ်ဆောင်သော လေမုန်တိုင်း၊
အို ဘုရားရှင်၊ နိုးတော်မူပါ။ အဘယ်ကြောင့် ကျိန်းစက်နေတော်မူသနည်း။ ထတော်မူပါ။ အကျွန်ုပ်တို့ကို အစဉ်ငြင်းပယ်တော်မမူပါနှင့်။
ထာဝရဘုရားက “မုန်တိုင်းဒဏ်အလူးအလိမ့်ခံရ၍ နှစ်သိမ့်ခြင်းမရသော အချင်းအဖိနှိပ်ခံရသူ၊ ကြည့်ရှုလော့။ သင်၏တိုက်ကို စိမ်းပြာရောင်ကျောက်ဖြင့်တည်၍ နီလာဖြင့်အုတ်မြစ်ချမည်။
တစ်နေ့သ၌ ယေရှုသည် ဂင်နေသရက်အိုင်နားတွင် ရပ်လျက်နေတော်မူစဉ် လူထုပရိသတ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တရားကိုကြားနာရန် ကိုယ်တော်ထံသို့တိုးဝှေ့လာကြ၏။
တစ်နေ့သ၌ ကိုယ်တော်သည် တပည့်တော်တို့နှင့်အတူ လှေပေါ်သို့တက်ပြီးလျှင်“အိုင်တစ်ဖက်ကမ်းသို့ကူးကြစို့”ဟု မိန့်တော်မူသဖြင့် သူတို့သည် ရွက်လွှင့်သွားကြ၏။
ငါတို့သည် အာရှပြည် ကမ်းခြေတစ်လျှောက်ရှိ ဆိပ်ကမ်းများသို့ရွက်လွှင့်သွားမည့် အဒြာမုတ္တိသင်္ဘောကိုစီးလျက် ရွက်လွှင့်ကြ၏။ မာကေဒေါနိပြည်၊ သက်သာလောနိတ်မြို့သား အာရိတ္တာခုသည်လည်း ငါတို့နှင့်အတူပါလာ၏။
အကြောင်းမူကား ငါတို့၏ယဇ်ပုရောဟိတ်မင်းသည် ငါတို့၏အားနည်းခြင်းများကို မထောက်ထားမညှာတာနိုင်သူမဟုတ်။ ကိုယ်တော်သည် ငါတို့နည်းတူ စုံစမ်းနှောင့်ယှက်ခြင်းအမျိုးမျိုးကိုခံခဲ့ဖူးသူဖြစ်တော်မူ၏။ သို့သော် အပြစ်နှင့်ကင်းလွတ်တော်မူ၏။