မိုက်မဲသောသူသည် ဉာဏ်မရှိဘဲလျက် ဉာဏ်ပညာကိုဝယ်ယူရန် လက်ထဲ၌ငွေကိုင်ထားသည်မှာ အဘယ်ကြောင့်နည်း။
လုကာ 7:32 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ဈေးအရပ်၌ထိုင်လျက် ‘ငါတို့သည် သင်တို့အတွက် ပလွေမှုတ်ပေးသော်လည်း သင်တို့သည်မကကြ။ ငိုချင်းကိုဖွဲ့နွဲ့သီဆိုသော်လည်း သင်တို့သည်မငိုကြွေးကြ’ဟု တစ်ဦးကိုတစ်ဦးလှမ်း၍ပြောဆိုနေကြသော ကလေးသူငယ်များနှင့်တူကြ၏။ Common Language Bible သူတို့ကားစျေးရပ်ကွက်တွင်ထိုင်လျက် `ငါတို့ သာယာစွာတီးမှုတ်သော်လည်းသင်တို့သည် မကမခုန်။ ငါတို့ငိုချင်းကိုဆိုသော်လည်း သင်တို့သည်မငိုမကြွေး' ဟုအချင်းချင်း အော်ဟစ်ပြောဆိုသောကလေးသူငယ်များ နှင့်တူ၏။- Garrad Bible စျေး၌ ထိုင်၍ တစ် ယောက် ကို တစ် ယောက် ခေါ် လျက် ငါ တို့ တီး မှုတ် သော် လည်း သင် တို့ မ က ကြ။ မြည် တမ်း သော် လည်း မ ငို ကြ ဟု ဆို သော သူ ငယ် တို့ နှင့် တူ ကြ ၏။ Judson Bible ပွဲသဘင်၌ ထိုင်နေသောသူငယ်ချင်းတို့သည် တစ်ယောက်ကိုတစ်ယောက် အသံလွှင့်ကြ၍၊ ငါတို့သည် သာယာစွာတီးမှုတ်သော်လည်း သင်တို့သည် မကကြ။ ညည်းတွားစွာ မြည်တမ်းသော်လည်း မငိုကြွေးကြဟု ပြောဆိုသောသူငယ်တို့နှင့် ဤလူမျိုးသည် တူလှ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူတို့သည် ဈေးအရပ်၌ ကစားနေသောကလေးများနှင့် တူကြ၏။ ထိုကလေးများက ‘ငါတို့သည် သင်တို့အတွက် တီးမှုတ်သော်လည်း သင်တို့သည် မကကြ။ ငါတို့သည် ငိုချင်းကို သီဆိုသော်လည်း သင်တို့သည် မငိုကြွေးကြ’ ဟူ၍ အချင်းချင်းပြောဆိုကြ၏။ မြန်မာ ပွဲသဘင်၌ ထိုင်နေသောသူငယ်ချင်းတို့သည် တစ်ယောက်ကိုတစ်ယောက် အသံလွှင့်ကြ၍၊ ငါတို့သည် သာယာစွာတီးမှုတ်သော်လည်း သင်တို့သည် မကကြ။ ညည်းတွားစွာ မြည်တမ်းသော်လည်း မငိုကြွေးကြဟု ပြောဆိုသောသူငယ်တို့နှင့် ဤလူမျိုးသည် တူလှ၏။- |
မိုက်မဲသောသူသည် ဉာဏ်မရှိဘဲလျက် ဉာဏ်ပညာကိုဝယ်ယူရန် လက်ထဲ၌ငွေကိုင်ထားသည်မှာ အဘယ်ကြောင့်နည်း။
မြို့လမ်းတို့သည်လည်း ပြေးလွှားဆော့ကစားနေသောကလေးသူငယ်များနှင့် ပြည့်နေကြလိမ့်မည်’ဟု မိန့်တော်မူ၏။
ထို့နောက် သူသည် နံနက်ကိုးနာရီခန့်တွင်ထွက်သွားရာ အခြားသောသူတို့သည် အလုပ်မလုပ်ဘဲ ဈေးအရပ်၌ရပ်နေကြသည်ကို တွေ့မြင်လျှင်
“ထို့ကြောင့် ဤခေတ်ကာလလူတို့ကို မည်သည့်အရာနှင့်ခိုင်းနှိုင်းရမည်နည်း။ သူတို့သည် မည်သည့်အရာနှင့်တူကြသနည်း။
အကြောင်းမူကား ဗတ္တိဇံဆရာယောဟန်သည် ရောက်လာ၍ အစာကိုမစား၊ စပျစ်ဝိုင်ကိုလည်း မသောက်ဘဲနေသော် ‘သူ၌ နတ်ဆိုးပူးနေသည်’ဟု ဆိုကြ၏။