လုကာ 6:48 - မြန်မာ့စံမီသမ္မာကျမ်း သူသည် မြေကိုနက်စွာတူးပြီးလျှင် ကျောက်ပေါ်၌ အုတ်မြစ်ချ၍ အိမ်ဆောက်သောသူနှင့်တူ၏။ ရေလွှမ်းမိုး၍ မြစ်ရေသည် ထိုအိမ်ကိုရိုက်ခတ်သော်လည်း ခိုင်ခံ့စွာတည်ဆောက်ထားသောကြောင့် ထိုအိမ်ကိုမလှုပ်ရှားစေနိုင်။ Common Language Bible ထိုသူသည်မြေကိုနက်စွာတူးပြီးမှကျောက်ပေါ် တွင်အုတ်မြစ်ချ၍အိမ်ကိုတည်ဆောက်သူနှင့်တူ ၏။ ရေကြီးသောအခါမြစ်ရေလျှံ၍ထိုအိမ်ကို တိုက်ခတ်လေ၏။ သို့သော်ရေအဟုန်သည်အိမ်ကို မလှုပ်ရှားစေနိုင်။ အဘယ်ကြောင့်ဆိုသော်ထိုအိမ် ကိုခိုင်ခန့်စွာတည်ဆောက်ထားသောကြောင့်ဖြစ်၏။- Garrad Bible အိမ် ဆောက် သည့် ကာ လ နက် စွာ တူး၍ ကျောက် ပေါ် တွင် အ မြစ် ချ သော သူ နှင့် တူ၏။ ရေ ကြီး တက် စီး၍ ထို အိမ် ကို တိုက် ခတ် သော် လည်း ခိုင် စွာ တည် ထား သော ကြောင့် မ လှုပ် ရှား နိုင်။ Judson Bible တိုက်ကိုတည်သောအခါ နက်စွာတူး၍ ကျောက်ပေါ်မှာ တိုက်မြစ်ချသောသူနှင့်တူ၏။ မြစ်ရေထသဖြင့် ရေစီး၍ ထိုတိုက်ကိုရိုက်ခတ်သောအခါ ကျောက်ပေါ်မှာ တည်လျက်ရှိသောကြောင့် မလှုပ်နိုင်ရာ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူသည် နက်စွာတူးကာ ခိုင်မာသောအုတ်မြစ်ကို ကျောက်ပေါ်၌ချ၍ အိမ်ဆောက်သောသူနှင့် တူ၏။ ထိုအိမ်ကို ခိုင်ခံ့စွာ တည်ဆောက်ထားသဖြင့် ရေကြီးသောအခါ မြစ်ရေသည် အိမ်ကိုရိုက်ခတ်လာသော်လည်း မလှုပ်စေနိုင်ပါ။ မြန်မာ တိုက်ကိုတည်သောအခါ နက်စွာတူး၍ ကျောက်ပေါ်မှာ တိုက်မြစ်ချသောသူနှင့်တူ၏။ မြစ်ရေထသဖြင့် ရေစီး၍ ထိုတိုက်ကိုရိုက်ခတ်သောအခါ ကျောက်ပေါ်မှာ တည်လျက်ရှိသောကြောင့် မလှုပ်နိုင်ရာ။- |
အကြောင်းမူကား ထာဝရဘုရားမှတစ်ပါး မည်သူသည် ဘုရားသခင်ဖြစ်သနည်း။ ငါတို့၏ဘုရားသခင်မှတစ်ပါး မည်သူသည် ကျောက်ဆောင်ဖြစ်သနည်း။
ထာဝရဘုရားသည် အသက်ရှင်တော်မူ၏။ သို့ဖြစ်၍ ငါ၏ကျောက်ဆောင်ကို ကောင်းချီးထောမနာပြုကြလော့။ ငါ၏ကယ်တင်ရာကျောက်ဆောင်ဖြစ်တော်မူသောဘုရားသခင်ကို ချီးမြှောက်ကြလော့။
အကယ်စင်စစ် သေခြင်းလှိုင်းလုံးတို့သည် ငါ့ကိုဝိုင်းရံထားပြီး ဖျက်ဆီးခြင်းရေအဟုန်တို့သည် ငါ့ကိုခြောက်လှန့်နေပါ၏။
အစ္စရေးလူမျိုး၏ဘုရားသခင်တည်းဟူသော အစ္စရေးလူမျိုး၏ကျောက်ဆောင်က ငါ့အား ‘ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောသူ၊ လူကို ဖြောင့်မှန်စွာ အုပ်စိုးသောသူသည်
ထို့ကြောင့် ကိုယ်တော်ကိုတွေ့နိုင်သည့်ကာလတွင် သန့်ရှင်းသူအပေါင်းတို့သည် ကိုယ်တော့်ထံဆုတောင်းကြပါစေ။ အကယ်စင်စစ် လျှံတက်လာသည့် များစွာသောရေပင်လျှင် သူတို့ထံသို့ရောက်နိုင်မည်မဟုတ်။
ကိုယ်တော်သာလျှင် ငါ၏ကျောက်ဆောင်၊ ငါ့ကိုကယ်တင်သောအရှင်၊ ငါ၏ခိုကိုးရာဖြစ်တော်မူ၏။ ငါသည် လွန်စွာတုန်လှုပ်လိမ့်မည်မဟုတ်။
လာကြ၊ ထာဝရဘုရားထံ ရွှင်လန်းစွာသီချင်းဆိုကြကုန်စို့။ ငါတို့၏ကယ်တင်ခြင်းကျောက်ဆောင်ထံသို့ ဝမ်းမြောက်စွာကြွေးကြော်ကြကုန်စို့။
လေပွေတိုက်ခတ်သွားသောအခါ ဆိုးယုတ်သောသူသည် ပျောက်ကွယ်သွား၏။ ဖြောင့်မတ်သောသူ၌ကား အစဉ်အမြဲတည်သောအုတ်မြစ်ရှိ၏။
ထာဝရဘုရားကို အစဉ်ယုံကြည်ကိုးစားကြလော့။ ထာဝရဘုရားသည် အစဉ်အမြဲတည်သောကျောက်ဖြစ်တော်မူ၏။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ အစစ်ခံပြီးသောကျောက်၊ တည်ထားသောအုတ်မြစ်အတွက် အဖိုးတန်သောထောင့်ချုပ်ကျောက်ကို ဇိအုန်တောင်ပေါ်တွင် ငါချထား၏။ ထိုကျောက်ကို ယုံကြည်သောသူသည် စိုးရိမ်တုန်လှုပ်မည်မဟုတ်။
ထို့ကြောင့် သူတို့သည် ထာဝရဘုရား၏နာမတော်ကို အနောက်အရပ်မှလည်းကောင်း၊ ဘုန်းအသရေတော်ကို နေထွက်ရာအရပ်မှလည်းကောင်း ကြောက်ရွံ့ကြလိမ့်မည်။ အကြောင်းမူကား ထာဝရဘုရား၏ထွက်သက်လေမှုတ်ထုတ်တော်မူ၍ အရှိန်အဟုန်နှင့်စီးဆင်းသောမြစ်ရေကဲ့သို့ ကိုယ်တော်ကြွလာတော်မူမည်။
သို့သော် နိနေဝေမြို့ကို ရေလွှမ်းမိုးသုတ်သင်ဖျက်ဆီးတော်မူမည်။ မိမိရန်သူတို့၏နောက်သို့ အမှောင်ထုကြီးလိုက်စေမည်။
ငါ့ထံသို့လာပြီး ငါ့တရားစကားတို့ကိုကြား၍ ကျင့်သုံးသောသူတိုင်းသည် မည်သူနှင့်တူသည်ကို သင်တို့အား ငါပြောပြမည်။
သို့သော် ကြား၍ မကျင့်သုံးသောသူမူကား အုတ်မြစ်မချဘဲ မြေပေါ်၌အိမ်ဆောက်သောသူနှင့်တူ၏။ မြစ်ရေသည် ထိုအိမ်ကိုရိုက်ခတ်သောအခါ ချက်ချင်းပြိုလဲသွားလေ၏။ ထိုအိမ်၏ပျက်စီးမှုသည်လည်း ကြီးမားလှပေ၏”ဟု မိန့်တော်မူ၏။
သင်တို့သည် ငါ့အားဖြင့် ငြိမ်သက်ခြင်းရှိကြစေရန် ဤအရာများကို သင်တို့အား ငါဟောပြောပြီ။ သင်တို့သည် ဤလောက၌ ဆင်းရဲဒုက္ခနှင့်ကြုံတွေ့ရကြလိမ့်မည်။ သို့သော် မစိုးရိမ်ကြနှင့်။ ငါသည် ဤလောကကိုအောင်နိုင်ပြီ”ဟု ပြန်၍မိန့်တော်မူ၏။
တပည့်တော်တို့၏စိတ်နှလုံးကို ခိုင်ခံ့မြဲမြံစေလျက် ယုံကြည်ခြင်း၌ ဆက်၍တည်နေကြရန် တိုက်တွန်းနှိုးဆော်ကာ “ငါတို့သည် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရန် များစွာသောဆင်းရဲဒုက္ခကို ဖြတ်သန်းရမည်”ဟု ဆိုကြ၏။
သင်တို့သည် တမန်တော်များနှင့်ပရောဖက်များ၏အုတ်မြစ်ပေါ်တွင် တည်ဆောက်ခြင်းခံရကြ၍ ခရစ်တော်ယေရှုကိုယ်တော်တိုင် ထောင့်ချုပ်ကျောက်ဖြစ်တော်မူ၏။
အို ယေရှုရုန်၊ သင်သည် ဝဖြိုးလာသဖြင့် ခြေစုံကန်လေပြီ။ ဝဖြိုးတုတ်ခဲပြီး ဖောင်းကားလာသောအခါ မိမိကိုဖန်ဆင်းတော်မူသောဘုရားသခင်ကို ပစ်ပယ်လေပြီ။ မိမိ၏ကယ်တင်ရာကျောက်ဆောင်ကို မထီမဲ့မြင်ပြုလေပြီ။
သင်၏မွေးသဖခင်ကျောက်ဆောင်ကို သင်သတိမရ၊ သင့်ကိုမွေးဖွားတော်မူသောဘုရားသခင်ကို သင်မေ့လျော့လေပြီ။
ငါတို့၏ကျောက်ဆောင်သည် သူတို့၏ကျောက်ဆောင်နှင့်မတူကြောင်းကို ငါတို့၏ရန်သူတို့ပင် အသိအမှတ်ပြုကြ၏။
သို့ရာတွင် ဘုရားသခင်၏ခိုင်ခံ့သောအုတ်မြစ်သည် တည်မြဲလျက်ရှိ၍ ထိုအုတ်မြစ်ပေါ်၌ “ထာဝရဘုရားသည် မိမိလူတို့ကို သိတော်မူ၏”ဟူ၍လည်းကောင်း၊ “ထာဝရဘုရား၏နာမတော်ကို တိုင်တည်ခေါ်ဆိုသောသူတိုင်း မတရားမှုမှဖယ်ခွာကြလော့”ဟူ၍လည်းကောင်း တံဆိပ်ခတ်နှိပ်ထား၏။
ထို့ကြောင့် ညီအစ်ကိုတို့၊ သင်တို့ခံရသော ခေါ်ယူတော်မူခြင်းနှင့်ရွေးကောက်တော်မူခြင်းကို တည်မြဲစေရန် သာ၍ကြိုးစားကြလော့။ အကြောင်းမူကား ထိုသို့ပြုနေသရွေ့ သင်တို့သည် မည်သည့်အခါမျှ မှားယွင်းကြမည်မဟုတ်။
ထို့ကြောင့် သားသမီးတို့၊ ငါတို့သည် ကိုယ်တော်ပေါ်ထွန်းတော်မူသောအခါ ယုံကြည်စိတ်ချမှုရှိ၍ ကိုယ်တော်ကြွလာတော်မူသည့်အချိန်တွင် ရှေ့တော်၌ ရှက်ကြောက်ခြင်းမရှိစေရန် ကိုယ်တော်၌တည်နေကြလော့။
သင်တို့အား မှားယွင်းခြင်းနှင့်ကင်းစေရန် စောင့်ရှောက်နိုင်စွမ်းရှိတော်မူ၍ သင်တို့ကို အပြစ်အနာအဆာကင်းလျက် ရွှင်မြူးသောစိတ်ဖြင့် ဘုန်းအသရေတော်ရှေ့၌ရပ်စေနိုင်သော
ထာဝရဘုရားကဲ့သို့ သန့်ရှင်းသောသူမရှိ။ အကယ်စင်စစ် ကိုယ်တော်မှတစ်ပါး အခြားသူမရှိပြီ။ အကျွန်ုပ်တို့၏ဘုရားသခင်ကဲ့သို့သောကျောက်ဆောင် မရှိပြီ။