ငါ့စကားကို နားထောင်ကြလော့။ ငါ့ထံသို့လာကြလော့။ သင်တို့၏စိတ်ဝိညာဉ် အသက်ရှင်မည့်အကြောင်း နားထောင်ကြလော့။ ဒါဝိဒ်အပေါ်ထားရှိသော မြဲမြံသည့်မေတ္တာကရုဏာနှင့်အညီ ထာဝရပဋိညာဉ်ကို သင်တို့နှင့်ငါပြုမည်။
လုကာ 6:47 - မြန်မာ့စံမီသမ္မာကျမ်း ငါ့ထံသို့လာပြီး ငါ့တရားစကားတို့ကိုကြား၍ ကျင့်သုံးသောသူတိုင်းသည် မည်သူနှင့်တူသည်ကို သင်တို့အား ငါပြောပြမည်။ Common Language Bible ငါ့ထံသို့လာ၍ငါ့တရားစကားကိုကြားနာ ပြီးလျှင်လိုက်လျှောက်သောသူကိုပုံဥပမာဖြင့် ပြပေအံ့။- Garrad Bible ငါ့ ထံ လာ၍ ငါ ဟော ပြော ချက် ကို ကြား လျက်၊ လိုက် နာ သူ တိုင်း မှာ မည် သူ နှင့် တူ ကြောင်း ဖော် ပြ မည်။ Judson Bible ငါ့ထံသို့လာ၍ ငါ့စကားကိုကြားသည်အတိုင်း နားထောင်သောသူသည် အဘယ်သူနှင့်တူသနည်းဟူမူကား၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါ့ထံသို့လာ၍ ငါ့တရားစကားကို ကြားနာလျက် လက်တွေ့ကျင့်သုံးသောသူတိုင်း မည်သူနှင့် တူသည်ကို သင်တို့အား ငါပြောမည်။ မြန်မာ ငါ့ထံသို့လာ၍ ငါ့စကားကိုကြားသည်အတိုင်း နားထောင်သောသူသည် အဘယ်သူနှင့်တူသနည်းဟူမူကား၊- |
ငါ့စကားကို နားထောင်ကြလော့။ ငါ့ထံသို့လာကြလော့။ သင်တို့၏စိတ်ဝိညာဉ် အသက်ရှင်မည့်အကြောင်း နားထောင်ကြလော့။ ဒါဝိဒ်အပေါ်ထားရှိသော မြဲမြံသည့်မေတ္တာကရုဏာနှင့်အညီ ထာဝရပဋိညာဉ်ကို သင်တို့နှင့်ငါပြုမည်။
အကြောင်းမူကား ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏အလိုတော်ကိုဆောင်ရွက်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိဖြစ်၏”ဟု မိန့်တော်မူ၏။
ထိုသို့ ပေတရုလျှောက်ထားစဉ် တောက်ပသောမိုးတိမ်သည် သူတို့ကိုဖုံးလွှမ်း၍ မိုးတိမ်ထဲမှအသံတော်က “ဤသူကား ငါ၏ချစ်သားပေတည်း။ သူ့ကိုငါနှစ်သက်၏။ သူ့စကားကို နားထောင်ကြလော့”ဟု မိန့်တော်မူ၏။
သို့ရာတွင် ကိုယ်တော်က“စင်စစ်ကား ဘုရားသခင်၏နှုတ်ကပတ်တရားကိုကြား၍ စောင့်ထိန်းသောသူသည် မင်္ဂလာရှိ၏”ဟု မိန့်တော်မူ၏။
“တစ်စုံတစ်ဦးသည် ငါ့ထံသို့လာ၍ မိမိ၏ဖခင်၊ မိခင်၊ သားမယားနှင့် ညီအစ်ကိုမောင်နှမတို့ကိုသာမက မိမိအသက်ကိုပင် မမုန်းလျှင် ထိုသူသည် ငါ၏တပည့်မဖြစ်နိုင်။
သူသည် မြေကိုနက်စွာတူးပြီးလျှင် ကျောက်ပေါ်၌ အုတ်မြစ်ချ၍ အိမ်ဆောက်သောသူနှင့်တူ၏။ ရေလွှမ်းမိုး၍ မြစ်ရေသည် ထိုအိမ်ကိုရိုက်ခတ်သော်လည်း ခိုင်ခံ့စွာတည်ဆောက်ထားသောကြောင့် ထိုအိမ်ကိုမလှုပ်ရှားစေနိုင်။
ကျောက်ပေါ်၌ကျသည်ဆိုသည်မှာ တရားစကားကိုကြား၍ ဝမ်းမြောက်စွာဖြင့်လက်ခံသောသူတို့ကိုဆိုလို၏။ သို့သော် သူတို့၌အမြစ်မစွဲသဖြင့် ခေတ္တခဏသာယုံကြည်၍ စုံစမ်းနှောင့်ယှက်ခြင်းအချိန်၌ ဖောက်ပြန်သွားကြ၏။
အချို့မူကား ကောင်းသောမြေ၌ကျသဖြင့် အပင်ပေါက်၍ အဆတစ်ရာ အသီးဖြစ်ထွန်းလေ၏”ဟု မိန့်တော်မူ၏။ ထိုသို့မိန့်တော်မူပြီးနောက်“ကြားစရာနားရှိသောသူသည် ကြားပါစေ”ဟု ကြွေးကြော်တော်မူ၏။
ငါ့သိုးတို့သည် ငါ့အသံကိုနားထောင်ကြ၏။ ငါသည်လည်း သူတို့ကိုသိ၍ သူတို့သည် ငါ့နောက်သို့လိုက်ကြ၏။
ဤအရာများကို သင်တို့သိမှတ်၍ ထိုအတိုင်းကျင့်သုံးလျှင် သင်တို့သည် မင်္ဂလာရှိကြ၏။
ယေရှုကလည်း“ငါသည် အသက်မုန့်ဖြစ်၏။ ငါ့ထံသို့လာသောသူသည် မည်သည့်အခါမျှ ဆာလောင်မည်မဟုတ်။ ငါ့ကိုယုံကြည်သောသူသည်လည်း မည်သည့်အခါမျှရေငတ်တော့မည်မဟုတ်။
ငါ့အားခမည်းတော်ပေးတော်မူသောသူမှန်သမျှသည် ငါ့ထံသို့လာမည်။ ငါ့ထံသို့လာသောသူကိုလည်း ငါသည် မည်သည့်အခါမျှနှင်ထုတ်မည်မဟုတ်။
ထိုအခါ ဂျူးလူမျိုးတို့က “သင့်ကိုနတ်ဆိုးပူးနေကြောင်း ယခု အကျွန်ုပ်တို့သိကြပြီ။ အာဗြဟံသည် သေလွန်ခဲ့ပြီး ပရောဖက်တို့လည်း သေလွန်ကြပြီ။ သင်မူကား‘မည်သူမဆို ငါ့စကားကိုလိုက်နာစောင့်ထိန်းလျှင် ကာလအစဉ်အဆက် မည်သည့်အခါမျှ သေခြင်းကိုမြည်းစမ်းရမည်မဟုတ်’ဟု ဆိုပါသည်တကား။
စုံလင်ခြင်းသို့ရောက်ပြီးလျှင် မိမိကိုနာခံသောသူအပေါင်းတို့အား ထာဝရကယ်တင်ခြင်းကိုပေးသောအရှင်ဖြစ်လာ၍
သို့ဖြစ်၍ မည်သူမဆို ကောင်းသောအမှုကိုလုပ်ဆောင်ရန် သိလျက်နှင့်မလုပ်ဘဲနေလျှင် သူ့အတွက်အပြစ်ဖြစ်၏။
လူတို့၏ငြင်းပယ်ခြင်းကိုခံရသော်လည်း ဘုရားသခင်ရွေးကောက်တော်မူသော အဖိုးထိုက်သည့် အသက်ရှင်သောကျောက်ဖြစ်တော်မူသော ထိုသခင်ထံသို့လာ၍
ထို့ကြောင့် ညီအစ်ကိုတို့၊ သင်တို့ခံရသော ခေါ်ယူတော်မူခြင်းနှင့်ရွေးကောက်တော်မူခြင်းကို တည်မြဲစေရန် သာ၍ကြိုးစားကြလော့။ အကြောင်းမူကား ထိုသို့ပြုနေသရွေ့ သင်တို့သည် မည်သည့်အခါမျှ မှားယွင်းကြမည်မဟုတ်။
ဘုရားသခင်သည် ဖြောင့်မတ်တော်မူကြောင်းကို သင်တို့သိလျှင် ဖြောင့်မတ်ခြင်းတရားကိုကျင့်သုံးသောသူတိုင်းသည် ဘုရားသခင်ထံမှပေါက်ဖွားလာသောသူဖြစ်ကြောင်းကိုလည်း သင်တို့သိကြ၏။
သားသမီးတို့၊ သင်တို့ကို မည်သူမျှ မလှည့်ဖြားစေနှင့်။ ကိုယ်တော်သည် ဖြောင့်မတ်တော်မူသည့်နည်းတူ ဖြောင့်မတ်ခြင်းတရားကိုကျင့်သုံးသောသူသည် ဖြောင့်မတ်၏။
မိမိတို့၏ဝတ်လုံများကိုလျှော်ဖွပ်၍ အသက်ပင်နှင့်သက်ဆိုင်ရသောအခွင့်ကိုရရှိကာ တံခါးများမှ မြို့ထဲသို့ဝင်ခွင့်ကိုရရှိသောသူတို့သည် မင်္ဂလာရှိကြ၏။