ကိုယ်တော်သည် သင်၏အပြစ်အလုံးစုံတို့ကို ခွင့်လွှတ်၍ သင်၏အနာရောဂါရှိသမျှတို့ကို ပျောက်ကင်းစေတော်မူ၏။
လုကာ 5:21 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့က “ဘုရားသခင်ကိုစော်ကားပြောဆိုသောဤသူကား မည်သူနည်း။ ဘုရားသခင်မှတစ်ပါး မည်သူသည် အပြစ်များကိုခွင့်လွှတ်နိုင်သနည်း”ဟု တွေးတောဆင်ခြင်ကြ၏။ Common Language Bible ကျမ်းတတ်ဆရာများနှင့်ဖာရိရှဲများက ``ဤ သူကားအဘယ်သူနည်း။ သူသည်ဘုရားသခင် အားပြစ်မှားပြောဆိုပါသည်တကား။ ဘုရား သခင်မှတစ်ပါးအဘယ်သူသည်အပြစ်ကို ဖြေလွှတ်နိုင်ပါမည်နည်း'' ဟုတွေးတောကြ၏။ Garrad Bible ကျမ်း တတ် ဆ ရာ နှင့် ဖာ ရိ ရှဲ တို့ က၊ ပုတ် ခတ် မှု စ ကား ကို ပြော ဆို သော ဤ သူ ကား မည် သူ နည်း။ ဘု ရား သ ခင် မှ တစ် ပါး မည် သူ အ ပြစ် ဖြေ လွှတ် နိုင် သ နည်း ဟု ဆင် ခြင် အောက် မေ့ ကြ၏။ Judson Bible ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့က၊ ဘုရားကိုလွန်ကျူး၍ ပြောသောဤသူကား အဘယ်သူနည်း။ ဘုရားသခင်မှတစ်ပါး အဘယ်သူသည် အပြစ်ကို လွှတ်နိုင်သနည်းဟု ထင်မှတ်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများက “ဘုရားသခင်ကို စော်ကားပြောဆိုသော ဤသူသည် မည်သူနည်း။ ဘုရားသခင်မှလွဲ၍ မည်သူသည် အပြစ်ကို ခွင့်လွှတ်နိုင်ပါမည်နည်း” ဟု စိတ်ထဲ၌ တွေးတောနေကြ၏။ မြန်မာ ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့က၊ ဘုရားကိုလွန်ကျူး၍ ပြောသောဤသူကား အဘယ်သူနည်း။ ဘုရားသခင်မှတစ်ပါး အဘယ်သူသည် အပြစ်ကို လွှတ်နိုင်သနည်းဟု ထင်မှတ်ကြ၏။- |
ကိုယ်တော်သည် သင်၏အပြစ်အလုံးစုံတို့ကို ခွင့်လွှတ်၍ သင်၏အနာရောဂါရှိသမျှတို့ကို ပျောက်ကင်းစေတော်မူ၏။
သို့သော် ကိုယ်တော်သည် ခွင့်လွှတ်တော်မူသောကြောင့် လူတို့သည် ကိုယ်တော်ကို ကြောက်ရွံ့ရိုသေကြပါ၏။
အကျွန်ုပ်သည် အကျွန်ုပ်၏အပြစ်ကို ကိုယ်တော်ထံဝန်ချပါ၏။ အကျွန်ုပ်၏ဒုစရိုက်ကိုလည်း ဖုံးအုပ်မထားပါ။ “အကျွန်ုပ်ကျူးလွန်သောအပြစ်များကို ထာဝရဘုရားထံဖော်ပြဝန်ခံမည်”ဟု အကျွန်ုပ်ပြောဆိုခဲ့ပါ၏။ ထိုအခါ ကိုယ်တော်သည် အကျွန်ုပ်၏အပြစ်ဒုစရိုက်ကို ခွင့်လွှတ်တော်မူ၏။(စေလာ)
ထာဝရဘုရား၏ကောင်းကင်တမန်သည် သူတို့ကိုမောင်းထုတ်၍ သူတို့သည် လေထဲလွင့်ပါသွားသောဖွဲကဲ့သို့ ဖြစ်ကြပါစေသော။
ထာဝရဘုရားက “ယခု လာကြ။ အတူတကွအချေအတင်ဆွေးနွေးကြစို့။ သင်တို့အပြစ်သည် အနီရောင်ကဲ့သို့ဖြစ်သော်လည်း နှင်းပွင့်ကဲ့သို့ဖြူလိမ့်မည်။ ကြက်သွေးရောင်ကဲ့သို့ဖြစ်သော်လည်း သိုးမွေးကဲ့သို့ဖြစ်လိမ့်မည်။
ငါကိုယ်တော်တိုင် သင်ကျူးလွန်သောအပြစ်တို့ကို ငါ့အဖို့ ငါပယ်ဖျက်၏။ သင်၏အပြစ်တို့ကို ငါအောက်မေ့မည်မဟုတ်။
သင်ကျူးလွန်သောအပြစ်တို့ကို တိမ်တိုက်ကဲ့သို့လွင့်စဉ်သွားစေပြီ။ သင်၏အပြစ်တို့ကို မိုးတိမ်ကဲ့သို့လွင့်စဉ်သွားစေပြီ။ သင့်ကိုငါရွေးနုတ်ပြီဖြစ်၍ ငါ့ထံသို့ပြန်လာလော့”ဟု မိန့်တော်မူ၏။
အို ဘုရားရှင်၊ နားညောင်းတော်မူပါ။ အို ဘုရားရှင်၊ ခွင့်လွှတ်တော်မူပါ။ အို ဘုရားရှင်၊ အာရုံစိုက်၍ ပြုပေးတော်မူပါ။ နှောင့်နှေးတော်မမူပါနှင့်။ အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်၏နာမတော်ကိုထောက်၍ အလျင်အမြန်ပြုတော်မူပါ။ ဤမြို့၊ ဤလူမျိုးသည် ကိုယ်တော်၏နာမတော်ဖြင့် ခေါ်ဝေါ်သမုတ်ခြင်းကို ခံရကြပါ၏”ဟု ဆုတောင်းလေ၏။
အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏အရှင် ဘုရားသခင်ကိုပုန်ကန်ကြသော်လည်း ကိုယ်တော်သည် ကရုဏာတော်နှင့် ပြည့်ဝပါ၏။ အပြစ်ကို ခွင့်လွှတ်ပေးပါ၏။
ထာဝရဘုရား၏နာမတော်ကို စော်ကားပြောဆိုသောသူသည် မုချအသတ်ခံရမည်။ လူထုအပေါင်းတို့သည် ထိုသူကို မုချခဲနှင့်ပေါက်သတ်ရမည်။ တိုင်းတစ်ပါးသားဖြစ်စေ၊ အမျိုးသားချင်းဖြစ်စေ နာမတော်ကို စော်ကားပြောဆိုလျှင် ထိုသူသည် အသတ်ခံရမည်။
ကိုယ်တော်သည် အကျွန်ုပ်တို့ကို သနားစုံမက်တော်မူ၍ အကျွန်ုပ်တို့၏ဒုစရိုက်များကို နင်းချေတော်မူမည်။ အပြစ်ရှိသမျှကိုလည်း ပင်လယ်ရေနက်ရာထဲသို့ ပစ်ချတော်မူမည်။
ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိ၏ဝတ်ရုံကိုဆုတ်ဖြဲလျက် “သူသည် ဘုရားသခင်ကို စော်ကားပြောဆိုလေပြီ။ နောက်ထပ် မည်သည့်သက်သေများလိုသေးသနည်း။ ဘုရားသခင်အားစော်ကားပြောဆိုသောစကားကို ယခုပင် သင်တို့ကြားရကြပြီ။
ထိုအခါ ကျမ်းပြုဆရာအချို့တို့က “ဤသူသည် ဘုရားသခင်ကိုစော်ကားပြောဆိုသည်”ဟု အချင်းချင်းပြောဆိုကြ၏။
သို့ဖြစ်၍ နောင်တနှင့်ထိုက်တန်သောအသီးကို သီးကြလော့။ ငါတို့တွင် အဖအာဗြဟံရှိသည်ဟူ၍ သင်တို့စိတ်ထဲ၌မပြောဆိုကြနှင့်။ သင်တို့အား ငါဆိုသည်ကား ဘုရားသခင်သည် အာဗြဟံအတွက် သားသမီးများကို ဤကျောက်ခဲတို့ထဲမှပေါ်ထွန်းစေနိုင်သည်။
တစ်နေ့သ၌ ကိုယ်တော်သည် သွန်သင်လျက်နေတော်မူစဉ် ဂါလိလဲနယ်နှင့် ယုဒနယ်ရှိ ကျေးရွာအပေါင်းတို့မှလည်းကောင်း၊ ဂျေရုဆလင်မြို့မှလည်းကောင်း ရောက်လာကြသော ဖာရိရှဲနှင့်ကျမ်းတတ်ဆရာတို့သည် ထိုင်နေကြ၏။ အနာရောဂါငြိမ်းစေရန် ထာဝရဘုရား၏တန်ခိုးတော်သည် ကိုယ်တော်၌ရှိ၏။
ယေရှုသည် သူတို့၏တွေးတောကြံစည်မှုများကို သိတော်မူ၍“အဘယ်ကြောင့် သင်တို့၏စိတ်နှလုံးထဲ၌ ထိုသို့တွေးတောဆင်ခြင်နေကြသနည်း။
ထိုအခါ ကိုယ်တော်နှင့်အတူ စားသောက်ပွဲ၌ထိုင်နေသောသူတို့က “အပြစ်ကိုပင် ခွင့်လွှတ်သောဤသူကား မည်သူနည်း”ဟု အချင်းချင်းပြောဆိုကြ၏။
ဂျူးလူမျိုးတို့က “ကောင်းသောအမှုကြောင့် သင့်ကိုခဲနှင့်ပေါက်သတ်ကြမည်မဟုတ်။ သင်သည် လူဖြစ်လျက်နှင့်ပင် သင့်ကိုယ်သင် ဘုရားအယောင်ဆောင်၍ ဘုရားသခင်ကိုစော်ကားသောကြောင့်ဖြစ်၏”ဟု ပြန်ပြောကြ၏။
မည်သူသည် ဘုရားသခင်ရွေးကောက်တော်မူသောသူတို့ကို ပြစ်တင်စွဲဆိုမည်နည်း။ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူသောအရှင်ကား ဘုရားသခင်ပေတည်း။