ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် ဉာဏ်ပညာနှင့်ဆိုင်သောဆုံးမပဲ့ပြင်ခြင်းဖြစ်၏။ ဂုဏ်သရေ၏ရှေ့ပြေးကား စိတ်နှိမ့်ချခြင်းဖြစ်၏။
လုကာ 5:15 - မြန်မာ့စံမီသမ္မာကျမ်း သို့ရာတွင် ကိုယ်တော်၏သတင်းသည် ပို၍ပျံ့နှံ့သွားသဖြင့် များစွာသောလူထုပရိသတ်တို့သည် တရားတော်ကိုကြားနာရန်နှင့် မိမိတို့၏အနာရောဂါများငြိမ်းစေခြင်းကိုခံယူရန် စုဝေးလာကြ၏။ Common Language Bible သို့ရာတွင်ကိုယ်တော်၏သတင်းတော်သည်ပို၍ ပျံ့နှံ့သွားသဖြင့် လူပရိသတ်ကြီးများသည် ကိုယ်တော်၏တရားတော်ကိုကြားနာရန်နှင့် မိမိတို့၏အနာရောဂါများအကုအသ ခံရန်လာကြကုန်၏။- Garrad Bible အ ကြောင်း သ တင်း တော် သည် တိုး ၍ ကြေ ငြာ သ ဖြင့် ကြား နာ ရန် လည်း ကောင်း၊ အ နာ ရော ဂါ ကင်း ပျောက် ရန် လည်း ကောင်း၊ ကြီး စွာ သော လူ ပ ရိ သတ် တို့ စု ရုံး လာ ရောက် ကြ၏။ Judson Bible သို့သော်လည်း သတင်းတော်သည် သာ၍ ကျော်စောသဖြင့်၊ များစွာသောလူအပေါင်းတို့သည် တရားနာလိုသောငှာလည်းကောင်း၊ အနာငြိမ်းစေခြင်း ကျေးဇူးတော်ကို ခံလိုသောငှာလည်းကောင်း၊ စုဝေးလျက်ရှိကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော်လည်း ကိုယ်တော်၏သတင်းတော်သည် ပို၍ပျံ့နှံ့သွားသဖြင့် လူအုပ်ကြီးသည် ကိုယ်တော်၏တရားတော်ကို ကြားနာရန်နှင့် မိမိတို့၏အနာရောဂါများကို ကုသခံရန် စုဝေးလာကြ၏။ မြန်မာ သို့သော်လည်း သတင်းတော်သည် သာ၍ ကျော်စောသဖြင့်၊ များစွာသောလူအပေါင်းတို့သည် တရားနာလိုသောငှာလည်းကောင်း၊ အနာငြိမ်းစေခြင်း ကျေးဇူးတော်ကို ခံလိုသောငှာလည်းကောင်း၊ စုဝေးလျက်ရှိကြ၏။- |
ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် ဉာဏ်ပညာနှင့်ဆိုင်သောဆုံးမပဲ့ပြင်ခြင်းဖြစ်၏။ ဂုဏ်သရေ၏ရှေ့ပြေးကား စိတ်နှိမ့်ချခြင်းဖြစ်၏။
သို့သော် သူတို့သည် ထွက်သွား၍ ကိုယ်တော်၏သတင်းကို ထိုနယ်တစ်နယ်လုံး၌ ပျံ့နှံ့စေကြ၏။
ဤသို့ဖြင့် ကိုယ်တော်၏သတင်းသည် ဂါလိလဲနယ်ဝန်းကျင်တစ်ခုလုံးသို့ ချက်ချင်းပျံ့နှံ့သွားလေ၏။
သို့သော် ထိုသူသည် ထွက်သွား၍ ထိုသတင်းကို အားပါးတရပြောကြားပြီး ပျံ့နှံ့စေသဖြင့် ကိုယ်တော်သည် မြို့ထဲသို့ ထင်ရှားစွာမဝင်နိုင်တော့ဘဲ မြို့ပြင်လူသူကင်းဝေးရာအရပ်၌ နေတော်မူ၏။ ထိုအခါ အရပ်ရပ်မှလူတို့သည် ကိုယ်တော်ထံသို့ရောက်လာကြ၏။
ထို့နောက် ယေရှုသည် တပည့်တော်တို့နှင့်အတူ ပင်လယ်ဘက်သို့ထွက်ခွာသွားတော်မူရာ ဂါလိလဲနယ်မှ လူအမြောက်အမြားတို့သည် လိုက်လာကြ၏။ ထို့ပြင် ယုဒနယ်၊
ထိုအခါ ထောင်ပေါင်းများစွာသောလူထုပရိသတ်တို့သည် စုဝေးလာကြ၍ အချင်းချင်းပင်နင်းမိမတတ်ဖြစ်ကြ၏။ ကိုယ်တော်သည် တပည့်တော်တို့အား ဦးစွာမြွက်ဆိုတော်မူသည်မှာ“ဖာရိရှဲတို့၏တဆေးဖြစ်သည့် သူတော်ကောင်းယောင်ဆောင်မှုကို သတိထားကြလော့။
ထို့နောက် များစွာသောလူထုပရိသတ်တို့သည် ကိုယ်တော်နှင့်အတူလိုက်ပါလာကြသဖြင့် ကိုယ်တော်သည် လှည့်ကြည့်၍ ထိုသူတို့အားမြွက်ဆိုတော်မူသည်မှာ
များစွာသောလူထုပရိသတ်တို့သည်လည်း နာမကျန်းဖြစ်သူတို့အပေါ်၌ ပြုတော်မူသောနိမိတ်လက္ခဏာများကိုမြင်၍ နောက်တော်သို့လိုက်ကြ၏။
ထိုနည်းတူ ကောင်းသောအမှုများသည်လည်း သိသာထင်ရှားတတ်၏။ ထိုသို့မထင်ရှားခဲ့လျှင်ပင် ဖုံးကွယ်ထား၍မရနိုင်ပေ။