ပြင်ဆင်ရာနေ့အလွန် နောက်တစ်နေ့တွင် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ဖာရိရှဲများသည် ပိလတ်မင်းထံစုဝေးကြလျက်
လုကာ 23:54 - မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့ကား ပြင်ဆင်ရာနေ့ဖြစ်၍ ဥပုသ်နေ့သို့ကူးရန် နီးကပ်လာပြီဖြစ်၏။ Common Language Bible ထိုနေ့ကားသောကြာနေ့ဖြစ်၍ဥပုသ်နေ့သို့ ကူးရန်အချိန်နီးပေပြီ။- Garrad Bible ထို အ ချိန် သည် အ ဖိတ် နေ့ ကုန် လု၍ ဥ ပုသ် နေ့ ရောက် အံ့ ဆဲ ဖြစ် သ တည်း။ Judson Bible ထိုနေ့ကား အဖိတ်နေ့ဖြစ်၍ ဥပုသ်နေ့အချိန် နီးသတည်း။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနေ့သည် ပြင်ဆင်ရာနေ့ဖြစ်၍ ဥပုသ်နေ့သို့ ကူးရန် နီးကပ်လာပြီဖြစ်၏။ မြန်မာ ထိုနေ့ကား အဖိတ်နေ့ဖြစ်၍ ဥပုသ်နေ့အချိန် နီးသတည်း။- |
ပြင်ဆင်ရာနေ့အလွန် နောက်တစ်နေ့တွင် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ဖာရိရှဲများသည် ပိလတ်မင်းထံစုဝေးကြလျက်
ထိုနေ့သည် ပြင်ဆင်ရာနေ့တည်းဟူသော အဖိတ်နေ့ဖြစ်သဖြင့် ညနေချမ်းအချိန်ရောက်သောအခါ
အလောင်းတော်ကို လက်ဝါးကပ်တိုင်ပေါ်မှချ၍ ပိတ်ချောဖြင့်ပတ်ရစ်ကာ မည်သူ့ကိုမျှမသင်္ဂြိုဟ်ရသေးသော ကျောက်သင်္ချိုင်းဂူထဲတွင် သွင်းထား၏။
ထိုနေ့သည် ပသခါပွဲတော်အတွက် ပြင်ဆင်ရာနေ့ဖြစ်၏။ အချိန်ကား မွန်းတည့်ချိန်ခန့်ရှိ၏။ ပိလတ်မင်းသည် ဂျူးလူမျိုးတို့အား “ကြည့်ပါ။ သင်တို့၏ဘုရင်ပေတည်း”ဟု ဆိုလေ၏။
ထိုနေ့သည် ပြင်ဆင်ရာနေ့ဖြစ်ပြီး နောက်တစ်နေ့သည် ကြီးမြတ်သောဥပုသ်နေ့ဖြစ်သောကြောင့် ဂျူးလူမျိုးတို့သည် ထိုဥပုသ်နေ့တွင် လက်ဝါးကပ်တိုင်ပေါ်မှာ အလောင်းများမရှိစေလိုသဖြင့် လက်ဝါးကပ်တိုင်ပေါ်၌ တင်ထားခြင်းခံရသောသူများ၏ခြေတို့ကိုချိုးပြီး အလောင်းများကိုယူသွားခွင့်ပေးရန် ပိလတ်မင်းထံ တောင်းဆိုကြ၏။
ထိုနေ့သည် ဂျူးလူမျိုးတို့၏ပြင်ဆင်ရာနေ့ဖြစ်ပြီး ထိုသင်္ချိုင်းဂူသည်လည်း အနီးတွင်ရှိသောကြောင့် ယေရှုကို ထိုဂူ၌သင်္ဂြိုဟ်ကြ၏။