အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




လုကာ 23:23 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သို့သော် လူ​တို့​သည် ကိုယ်တော်​ကို လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ရန် ကျယ်လောင်​သော​အသံ​ဖြင့် မရမက​တောင်းဆို​ကြ​သဖြင့် သူ​တို့​၏​အသံ​များ​သည် အနိုင်ရ​သွား​လေ​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

သို့​ရာ​တွင်​လူ​တို့​သည်​ကိုယ်​တော်​အား​လက်​ဝါး ကပ်​တိုင်​မှာ​တင်​၍​သတ်​ရန် အ​သံ​ကုန်​အော်​ဟစ် တောင်း​ဆို​ကြ​သ​ဖြင့်​နောက်​ဆုံး​၌​တောင်း​ဆို ချက်​ရ​သွား​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ကိုယ် တော် ကို ကား တင် စေ ရန် အ သံ ကျယ် စွာ တိုက် တွန်း တောင်း ဆို၍ အ နိုင် ရ သ ဖြင့်၊

အခန်းကိုကြည့်ပါ။

Judson Bible

လူ​များ​တို့​သည် ထို​သူ​ကို လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​စေ​ခြင်း​ငှာ ကြီး​စွာ​သော​အ​သံ​နှင့် ကျပ်​ကျပ်​တောင်း​သ​ဖြင့်၊ သူ​တို့၏​အ​သံ​နှင့် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့၏ အ​သံ​သည် နိုင်​လေ၏။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

သို့ရာတွင် လူများ​က ကိုယ်တော်​ကို လက်ဝါးကပ်တိုင်​တွင် သတ်​ရန် ကျယ်လောင်သော​အသံများ​ဖြင့် အော်ဟစ်​၍ ပြင်းထန်​စွာ တောင်းဆိုကြ၏။ ထိုအခါ သူတို့​၏​အသံများ​က အသာစီးရလေ၏။

အခန်းကိုကြည့်ပါ။

မြန်မာ

လူ​များ​တို့​သည် ထို​သူ​ကို လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​စေ​ခြင်း​ငှာ ကြီး​စွာ​သော​အ​သံ​နှင့် ကျပ်​ကျပ်​တောင်း​သ​ဖြင့်၊ သူ​တို့၏​အ​သံ​နှင့် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့၏ အ​သံ​သည် နိုင်​လေ၏။-

အခန်းကိုကြည့်ပါ။



လုကာ 23:23
7 ပူးပေါင်းရင်းမြစ်များ  

ငါ​၏​စိတ်ဝိညာဉ်​သည် ခြင်္သေ့​တို့​အလယ်​၌​ရှိ​၏​။ အငမ်းမရ​ဝါးမျို​တတ်​သည့် လူသား​တို့​အလယ်​၌ ငါ​လဲလျောင်း​နေ​၏​။ သူ​တို့​၏​သွား​သည် လှံ​နှင့်​မြား​ကဲ့သို့​ဖြစ်​၏​။ သူ​တို့​၏​လျှာ​သည်​လည်း ထက်​သော​ဓား​ကဲ့သို့​ဖြစ်​၏​။


တစ်​လ​တည်း​တွင် သိုးထိန်း​သုံး​ဦး​ကို ငါ​ဖယ်ရှား​ပစ်​၏​။ ငါ​သည် သူ​တို့​ကို သည်းမခံ​နိုင်​။ သူ​တို့​သည်​လည်း ငါ့​ကို မုန်း​ကြ​၏​။


သို့သော် ပေတရု​က “အကျွန်ုပ်​သည် ကိုယ်တော်​အတွက်​သေ​ရ​လျှင်​ပင် ကိုယ်တော်​ကို​လုံးဝ​မ​ငြင်းပယ်​ပါ”​ဟု အခိုင်အမာ​လျှောက်​လေ​၏။ တပည့်​တော်​အားလုံး​တို့​သည်​လည်း ထိုနည်းတူ​လျှောက်​ကြ​၏။


ပိလတ်​မင်း​က​လည်း “အဘယ်ကြောင့်​နည်း။ ဤ​သူ​သည် မည်သည့်​မကောင်းမှု​ကို​ပြု​ခဲ့​သနည်း။ ငါ​သည် သူ​၌ သေ​ထိုက်​သော​အပြစ်​ကို​မ​တွေ့။ ထို့ကြောင့် သူ့​ကို​ဆုံးမ​ပြီး လွှတ်​လိုက်​မည်”​ဟု တတိယ​အကြိမ် သူ​တို့​အား ဆို​လေ​၏။


ထိုအခါ ပိလတ်​မင်း​သည် သူ​တို့​၏​တောင်းဆို​ချက်​အတိုင်း​လုပ်​ပေး​ရန် စီရင်​ဆုံးဖြတ်​၍


သို့သော် သူ​တို့​က “သူ​သည် ဂါလိလဲ​နယ်​မှစ၍ ဤ​အရပ်​ဒေသ​တိုင်အောင် ယုဒ​နယ်​တစ်နယ်လုံး​၌​သွန်သင်​လျက် လူထု​ကို​လှုံ့ဆော်​ခဲ့​ပါ​သည်”​ဟု အပြင်းအထန်​ပြောဆို​ကြ​၏။