Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




လုကာ 23:23 - မြန်မာ

23 လူ​များ​တို့​သည် ထို​သူ​ကို လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​စေ​ခြင်း​ငှာ ကြီး​စွာ​သော​အ​သံ​နှင့် ကျပ်​ကျပ်​တောင်း​သ​ဖြင့်၊ သူ​တို့၏​အ​သံ​နှင့် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့၏ အ​သံ​သည် နိုင်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

23 သို့​ရာ​တွင်​လူ​တို့​သည်​ကိုယ်​တော်​အား​လက်​ဝါး ကပ်​တိုင်​မှာ​တင်​၍​သတ်​ရန် အ​သံ​ကုန်​အော်​ဟစ် တောင်း​ဆို​ကြ​သ​ဖြင့်​နောက်​ဆုံး​၌​တောင်း​ဆို ချက်​ရ​သွား​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 ကိုယ် တော် ကို ကား တင် စေ ရန် အ သံ ကျယ် စွာ တိုက် တွန်း တောင်း ဆို၍ အ နိုင် ရ သ ဖြင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 လူ​များ​တို့​သည် ထို​သူ​ကို လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​စေ​ခြင်း​ငှာ ကြီး​စွာ​သော​အ​သံ​နှင့် ကျပ်​ကျပ်​တောင်း​သ​ဖြင့်၊ သူ​တို့၏​အ​သံ​နှင့် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့၏ အ​သံ​သည် နိုင်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 သို့သော် လူ​တို့​သည် ကိုယ်တော်​ကို လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ရန် ကျယ်လောင်​သော​အသံ​ဖြင့် မရမက​တောင်းဆို​ကြ​သဖြင့် သူ​တို့​၏​အသံ​များ​သည် အနိုင်ရ​သွား​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

23 သို့ရာတွင် လူများ​က ကိုယ်တော်​ကို လက်ဝါးကပ်တိုင်​တွင် သတ်​ရန် ကျယ်လောင်သော​အသံများ​ဖြင့် အော်ဟစ်​၍ ပြင်းထန်​စွာ တောင်းဆိုကြ၏။ ထိုအခါ သူတို့​၏​အသံများ​က အသာစီးရလေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 23:23
7 ပူးပေါင်းရင်းမြစ်များ  

ပေ​တ​ရု​က၊ ကိုယ်​တော်​နှင့်​တ​ကွ သေ​ရ​သော်​လည်း အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို​မ​ငြင်း​မ​ပယ်​ပါ​ဟု သာ၍ ခိုင်​ခံ့​သော​စ​ကား​နှင့် လျှောက်​ပြန်၏။ ထို​သူ​အ​ပေါင်း​တို့​သည်​လည်း ထို​နည်း​တူ လျှောက်​ကြ၏။


ပိ​လတ်​မင်း​က၊ ထို​သူ​သည် အ​ဘယ်​အ​ပြစ်​ကို ပြု​ဘိ​သ​နည်း။ သေ​ထိုက်​သော​အ​ပြစ် တစ်​စုံ​တစ်​ခု​မျှ သူ၌​ငါ​မ​တွေ့။ ထို​ကြောင့် သူ့​ကို​ငါ​ဆုံး​မ၍ လွှတ်​မည်​ဟု သုံး​ကြိမ်​မြောက်​အောင်​ဆို​လျှင်၊-


ပိ​လတ်​မင်း​သည်​လည်း သူ​တို့​တောင်း​သည်​အ​တိုင်း ဖြစ်​စေ​ခြင်း​ငှာ စီ​ရင်၍၊-


ထို​သူ​တို့​သည် သာ၍​ပြင်း​စွာ​သော​အ​သံ​နှင့် ဟစ်​ကြော်​လျက်၊ ဤ​သူ​သည် ဂါ​လိ​လဲ​ပြည်​မှ​စ၍ ဤ​အ​ရပ်​တိုင်​အောင် ယု​ဒ​ပြည်၌ အ​နှံ့​အ​ပြား​ဆုံး​မ​ဩ​ဝါ​ဒ​ပေး၍ လူ​များ​ကို​နှိုး​ဆော်​သော​သူ​ဖြစ်​ပါ​သည်​ဟု လျှောက်​ဆို​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ