ထာဝရဘုရား၏အိမ်တော်ရှိဘဏ္ဍာများနှင့် ရှင်ဘုရင်နန်းတော်ရှိဘဏ္ဍာများကို ထုတ်ဆောင်၍ ထိုအရာအားလုံးအပြင် ရှောလမုန်မင်းကြီးပြုလုပ်ခဲ့သောရွှေဒိုင်းလွှားအားလုံးကိုလည်း ယူဆောင်သွား၏။
လုကာ 21:1 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကိုယ်တော်သည် မျှော်ကြည့်၍ ချမ်းသာသောသူတို့သည် အလှူခံသေတ္တာထဲသို့ မိမိတို့၏အလှူငွေများထည့်နေကြသည်ကို မြင်တော်မူ၏။ Common Language Bible ကိုယ်တော်သည်မော်၍ကြည့်လိုက်ရာချမ်းသာ ကြွယ်ဝသူများဗိမာန်တော်ဘဏ္ဍာတိုက်ထဲသို့ အလှူဒါနထည့်ဝင်နေကြသည်ကိုမြင်တော် မူ၏။- Garrad Bible ထို့ နောက် ကြွယ် ဝ သူ တို့ သည် အ လှူ တိုက် တွင် အ လှူ ငွေ ထည့် သွင်း ကြ သည် ကို မြော် ကြည့် ရာ၊ Judson Bible ထိုနောက် ကိုယ်တော်သည် မျှော်ကြည့်၍၊ ငွေရတတ်သောသူတို့သည် အလှူဒါနကို ဘဏ္ဍာတိုက်ထဲသို့ သွင်းချသည်ကို မြင်တော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ဗိမာန်တော်၌ ရှိတော်မူစဉ် ယေရှုသည် လှမ်းကြည့်တော်မူ၍ ချမ်းသာသောသူများက သူတို့၏အလှူငွေများကို အလှူခွက်ထဲသို့ ထည့်ကြသည်ကို မြင်တော်မူ၏။ မြန်မာ ထိုနောက် ကိုယ်တော်သည် မျှော်ကြည့်၍၊ ငွေရတတ်သောသူတို့သည် အလှူဒါနကို ဘဏ္ဍာတိုက်ထဲသို့ သွင်းချသည်ကို မြင်တော်မူ၏။- |
ထာဝရဘုရား၏အိမ်တော်ရှိဘဏ္ဍာများနှင့် ရှင်ဘုရင်နန်းတော်ရှိဘဏ္ဍာများကို ထုတ်ဆောင်၍ ထိုအရာအားလုံးအပြင် ရှောလမုန်မင်းကြီးပြုလုပ်ခဲ့သောရွှေဒိုင်းလွှားအားလုံးကိုလည်း ယူဆောင်သွား၏။
ထို့နောက် ယဇ်ပုရောဟိတ်ယောယဒသည် သေတ္တာတစ်လုံးကို ယူ၍ အဖုံးတွင်အပေါက်ဖောက်ထားပြီး ထာဝရဘုရားအိမ်တော်သို့ဝင်ရာလမ်း၏ညာဘက် ယဇ်ပလ္လင်အနားတွင် ထား၏။ တံခါးစောင့်ယဇ်ပုရောဟိတ်တို့သည်လည်း ထာဝရဘုရား၏အိမ်တော်သို့ ယူဆောင်လာသောငွေအားလုံးကို ထိုသေတ္တာထဲသို့ ထည့်ကြ၏။
ထာဝရဘုရား မိန့်တော်မူခဲ့သည့်အတိုင်းပင် ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာတိုက်နှင့် ဘုရင့်နန်းတော်ဘဏ္ဍာတိုက်တို့မှ ရှိသမျှကို ယူဆောင်သွား၏။ ထာဝရဘုရား၏ဗိမာန်တော်ရှိ အစ္စရေးဘုရင်ရှောလမုန်မင်းကြီးပြုလုပ်ထားခဲ့သော ရွှေအသုံးအဆောင်အားလုံးကိုလည်း ချိုးဖဲ့ဖျက်ဆီး၍ယူဆောင်သွားလေ၏။
ဘုရားသခင်၏အိမ်တော်အသုံးအဆောင်အကြီးအသေးရှိသမျှ၊ ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာများ၊ ရှင်ဘုရင်နှင့် မှူးမတ်တို့၏ဘဏ္ဍာများအားလုံးကို ဘေဘီလုံမြို့သို့ ယူဆောင်သွား၏။
ငါသည် ယဇ်ပုရောဟိတ်ရှေလမိ၊ ကျမ်းပြုဆရာဇာဒုတ်၊ လေဝိအမျိုးပေဒါယတို့ကို သိုလှောင်တိုက်တာဝန်ခံအဖြစ်ခန့်ထား၍ မတ္တနိ၏မြေး၊ ဇက္ကုရ၏သား ဟာနန်ကို သူတို့၏လက်ထောက်အဖြစ် ခန့်ထား၏။ အကြောင်းမှာ သူတို့သည် သစ္စာရှိသောသူများဖြစ်၏။ သူတို့သည် ညီအစ်ကိုများကို ဝေစုခွဲဝေပေးရ၏။
ယဇ်ပုရောဟိတ်အကြီးအကဲတို့သည် ထိုငွေများကိုယူ၍ “သွေးဖိုးငွေဖြစ်သောကြောင့် ဘဏ္ဍာတိုက်ထဲသို့မသွင်းအပ်”ဟု ဆိုလျက်
သူတို့သည် မုဆိုးမတို့၏အိမ်ကိုမတရားသိမ်းယူပြီး ဟန်ပြ၍ ရှည်လျားစွာဆုတောင်းတတ်ကြ၏။ သူတို့သည် ပို၍ကြီးလေးသောပြစ်ဒဏ်စီရင်ခြင်းကို ခံကြရလိမ့်မည်”ဟု မိန့်တော်မူ၏။
ကိုယ်တော်သည် ဗိမာန်တော်၌သွန်သင်တော်မူစဉ် ဤစကားတို့ကို အလှူခံသေတ္တာအနီးတွင် မိန့်တော်မူ၏။ သို့ရာတွင် ကိုယ်တော်၏အချိန်မရောက်သေးသောကြောင့် မည်သူမျှ ကိုယ်တော်ကိုမဖမ်းဆီးကြချေ။
ရွှေ၊ ငွေမှစ၍ ကြေးနီ၊ သံအသုံးအဆောင်အလုံးစုံတို့မူကား ထာဝရဘုရားအဖို့ သန့်ရှင်းသည်ဖြစ်၍ ထာဝရဘုရား၏ဘဏ္ဍာတိုက်ထဲသို့ သွင်းရမည်”ဟု ဆိုလေ၏။
ထို့နောက် သူတို့သည် မြို့နှင့်တကွ မြို့ထဲ၌ရှိသမျှတို့ကို မီးရှို့ပစ်၏။ ရွှေ၊ ငွေမှစ၍ ကြေးနီ၊ သံအသုံးအဆောင်တို့ကိုမူကား ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာတိုက်ထဲသို့ သွင်းလေ၏။