အို ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ခေါ်ပါ၏။ အကျွန်ုပ်ထံသို့ အလျင်အမြန်ကြွလာတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်ကိုခေါ်သောအခါ အကျွန်ုပ်၏အသံကိုစူးစိုက်နားထောင်တော်မူပါ။
လုကာ 18:39 - မြန်မာ့စံမီသမ္မာကျမ်း ရှေ့မှသွားသောသူတို့သည် သူ့ကို တိတ်ဆိတ်စွာနေရန် ဆူငေါက်ကြ၏။ သို့သော် သူသည် “ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်ကိုသနားတော်မူပါ”ဟု ပို၍အော်ဟစ်လေ၏။ Common Language Bible ရှေ့တွင်ရှိသည့်လူများကသူ့အားတိတ်တိတ် နေရန်ငေါက်ငမ်းပြောဆိုကြ၏။ သို့သော်လည်း သူသည် ``ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ်ကို သနားတော်မူပါ'' ဟုပို၍ပင်ဟစ်အော်လေ၏။ Garrad Bible ဆိတ် ဆိတ် နေ စေ ရန် ရှေ့ တော် က သွား သူ တို့ ဆုံး မ ကြ သော် လည်း ဒါ ဝိဒ် မင်း သား တော်၊ သ နား တော် မူ ပါ ဟု တိုး တက်၍ အော် ဟစ်၏။ Judson Bible ထိုသူကို တိတ်ဆိတ်စွာနေစေခြင်းငှာ ရှေ့တော်၌ သွားသောသူတို့သည် ငေါက်၍ ဆိုကြသော်လည်း၊ ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု သာ၍ ဟစ်ကြော်ကြလေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ရှေ့တွင်သွားသောသူများက သူ့အား တိတ်ဆိတ်စွာနေရန် ဆူငေါက်ကြသော်လည်း သူသည် ပို၍ကျယ်သောအသံဖြင့် “ဒါဝိဒ်မင်း၏သားတော် ယေရှု… အကျွန်ုပ်ကို သနားတော်မူပါ” ဟု အော်ဟစ်လေ၏။ မြန်မာ ထိုသူကို တိတ်ဆိတ်စွာနေစေခြင်းငှာ ရှေ့တော်၌ သွားသောသူတို့သည် ငေါက်၍ ဆိုကြသော်လည်း၊ ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု သာ၍ ဟစ်ကြော်ကြလေ၏။- |
အို ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ခေါ်ပါ၏။ အကျွန်ုပ်ထံသို့ အလျင်အမြန်ကြွလာတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်ကိုခေါ်သောအခါ အကျွန်ုပ်၏အသံကိုစူးစိုက်နားထောင်တော်မူပါ။
တောင်းကြလော့။ တောင်းလျှင် သင်တို့ရကြလိမ့်မည်။ ရှာကြလော့။ ရှာလျှင် သင်တို့တွေ့ကြလိမ့်မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင် သင်တို့ကို ဖွင့်ပေးလိမ့်မည်။
ထိုအခါ ကိုယ်တော်က“ယုံကြည်ခြင်းအားနည်းသောသူတို့၊ အဘယ်ကြောင့် ကြောက်တတ်သနည်း”ဟု မိန့်တော်မူပြီးလျှင် ထ၍ လေနှင့်ပင်လယ်တို့ကို ဆုံးမတော်မူရာ အလွန်ငြိမ်သက်သာယာသွားလေ၏။
ယေရှုသည် ထိုအရပ်မှကြွတော်မူစဉ် မျက်မမြင်နှစ်ဦးတို့သည် “ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်တို့ကို သနားတော်မူပါ”ဟု အော်ဟစ်လျက်ကိုယ်တော်၏နောက်မှလိုက်လာကြ၏။
ကျမ်းတတ်ပုဂ္ဂိုလ်တို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် အသိပညာသော့ကိုသိမ်းယူ၍ ကိုယ်တိုင်လည်းမဝင်၊ ဝင်လိုသောသူများကိုလည်း တားဆီးကြ၏”ဟု မိန့်တော်မူ၏။
ထို့နောက် စိတ်ပျက်အားလျော့ခြင်းမရှိဘဲ အစဉ်ဆုတောင်းရမည့်အကြောင်း ကိုယ်တော်သည် ပုံဥပမာအားဖြင့် လူတို့အား မြွက်ဆိုတော်မူသည်မှာ
ထိုအခါ ကိုယ်တော်တို့ထိပေးတော်မူရန် လူတို့သည် ကလေးငယ်များကို အထံတော်သို့ခေါ်ဆောင်လာကြ၏။ သို့သော် တပည့်တော်တို့မြင်လျှင် သူတို့ကိုဆူငေါက်ကြ၏။
ထိုအခါ ယေရှုသည် ရပ်တန့်လျက် ထိုသူကို မိမိထံသို့ခေါ်ခဲ့ရန် အမိန့်ပေးတော်မူ၏။ သူသည် အနီးသို့ရောက်လာသောအခါ ကိုယ်တော်က
ထိုအခါ လူထုပရိသတ်ထဲမှ ဖာရိရှဲအချို့တို့က “ဆရာ၊ ဆရာ့တပည့်များကိုဆုံးမပါ”ဟု ကိုယ်တော်အားလျှောက်ကြ၏။
ထိုသို့ ကိုယ်တော်မိန့်တော်မူစဉ် ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံအိမ်မှ လူတစ်ဦးသည်ရောက်လာ၍ “သင်၏သမီးသေဆုံးသွားပါပြီ။ ဆရာ့ကို ဆက်၍မနှောင့်ယှက်ပါနှင့်”ဟု ပြောလေ၏။
ဤကိစ္စနှင့်ပတ်သက်၍ ၎င်းကို ငါ့ထံမှဖယ်ရှားပေးပါမည့်အကြောင်း သခင်ဘုရားထံ သုံးကြိမ်တိုင်တိုင် ငါတောင်းလျှောက်ခဲ့၏။