သူတို့သည် ငါ့လူမျိုးတော်ကဲ့သို့ သင့်ထံလာ၍ သင့်ရှေ့တွင်ထိုင်လျက် သင့်စကားကို နားထောင်ကြသော်လည်း မလိုက်နာဘဲနေ၏။ သူတို့၏နှုတ်သည် ချစ်ဖွယ်စကားကို ပြောဆိုကြ၏။ သူတို့၏စိတ်မူကား မတရားသောအကျိုးစီးပွားကို စွဲလမ်းကြ၏။
လုကာ 18:23 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူသည် အလွန်ချမ်းသာသောသူဖြစ်သောကြောင့် ထိုစကားကိုကြားသောအခါ အလွန်ဝမ်းနည်းလေ၏။ Common Language Bible ထိုသူကားဥစ္စာများစွာကြွယ်ဝသူဖြစ်သဖြင့် ကိုယ်တော်၏စကားကိုကြားသောအခါအလွန် ပင်စိတ်ညှိုးငယ်သွားလေ၏။ Garrad Bible ထို စ ကား ကို ကြား လျှင် များ စွာ ကြွယ် ဝ သူ ဖြစ် သော ကြောင့် အ လွန် နှ လုံး မ သာ ဖြစ် ၏။ Judson Bible ထိုသူသည် များစွာသောဥစ္စာကို ရတတ်သောသူဖြစ်၍၊ ထိုစကားကိုကြားလျှင် အလွန်စိတ်မသာသည်နှင့် သွားလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူသည် ချမ်းသာကြွယ်ဝသူဖြစ်သောကြောင့် ဤစကားကို ကြားသော် အလွန်ဝမ်းနည်းလေ၏။ မြန်မာ ထိုသူသည် များစွာသောဥစ္စာကို ရတတ်သောသူဖြစ်၍၊ ထိုစကားကိုကြားလျှင် အလွန်စိတ်မသာသည်နှင့် သွားလေ၏။ |
သူတို့သည် ငါ့လူမျိုးတော်ကဲ့သို့ သင့်ထံလာ၍ သင့်ရှေ့တွင်ထိုင်လျက် သင့်စကားကို နားထောင်ကြသော်လည်း မလိုက်နာဘဲနေ၏။ သူတို့၏နှုတ်သည် ချစ်ဖွယ်စကားကို ပြောဆိုကြ၏။ သူတို့၏စိတ်မူကား မတရားသောအကျိုးစီးပွားကို စွဲလမ်းကြ၏။
ထိုလူငယ်သည် ဥစ္စာပစ္စည်းကြွယ်ဝသူဖြစ်သောကြောင့် ထိုစကားကိုကြားလျှင် ဝမ်းနည်းလျက် ထွက်သွားလေ၏။
ထိုသူသည် ဥစ္စာပစ္စည်းကြွယ်ဝသူဖြစ်သောကြောင့် ထိုစကားကိုကြားလျှင် မျက်နှာညှိုးငယ်၍ ဝမ်းနည်းလျက်ထွက်သွားလေ၏။
ထို့နောက် လူတို့အား“လောဘလွန်ကျူးခြင်းအမျိုးမျိုးကို သတိပြု၍ရှောင်ကြဉ်ကြလော့။ အကြောင်းမူကား လူ၏အသက်သည် သူ၏ဥစ္စာပစ္စည်းကြွယ်ဝမှုအပေါ်၌တည်သည်မဟုတ်”ဟု မိန့်တော်မူ၏။
ယေရှုသည် ထိုစကားကိုကြားလျှင်“သင်၌တစ်ခုလိုသေး၏။ သင်၌ရှိသမျှသောအရာအားလုံးတို့ကို ရောင်းပြီးလျှင် ဆင်းရဲသားတို့အား ခွဲဝေပေးလော့။ ထိုသို့ပြုလျှင် သင်သည် ကောင်းကင်ဘုံ၌ ဥစ္စာဘဏ္ဍာကိုရလိမ့်မည်။ ထို့နောက် လာ၍ ငါ့နောက်သို့လိုက်လော့”ဟု မိန့်တော်မူ၏။
ယေရှုသည် ထိုသူအလွန်ဝမ်းနည်းသည်ကိုမြင်လျှင်“ငွေကြေးချမ်းသာသောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရန် ခဲယဉ်းလှသည်တကား။
ဇက္ခဲသည်ရပ်လျက် “သခင်ဘုရား၊ အကျွန်ုပ်၏ဥစ္စာပစ္စည်းတစ်ဝက်ကို ဆင်းရဲသားတို့အားပေးပါမည်။ ထို့ပြင် တစ်စုံတစ်ဦးထံမှ တစ်စုံတစ်ရာကို မတရားတောင်းခံထားသည်ဆိုလျှင် လေးဆပြန်ပေးပါမည်”ဟု သခင်ဘုရားအားလျှောက်လေ၏။
သင်တို့သည် ကိုယ့်ကိုယ်ကိုယ်သတိထားကြလော့။ သို့မဟုတ်လျှင် အပျော်ကြူးခြင်း၊ သောက်စားမူးယစ်ခြင်းနှင့် အသက်ရှင်ရေးအတွက် စိုးရိမ်ပူပန်ခြင်းတို့ကြောင့် သင်တို့စိတ်နှလုံးလေးလံထိုင်းမှိုင်းနေကြစဉ် ထိုနေ့ရက်သည် ကျော့ကွင်းကဲ့သို့ သင်တို့အပေါ်သို့ ရုတ်တရက်ကျရောက်လာလိမ့်မည်။
ဆူးပင်တို့တွင်ကျသည်ဆိုသည်မှာ တရားစကားကိုကြားသော်လည်း သွားလာနေထိုင်စဉ် ဘဝအသက်တာနှင့်ဆိုင်သောစိုးရိမ်ပူပန်ခြင်း၊ စည်းစိမ်ကြွယ်ဝခြင်းနှင့် ကာမဂုဏ်ခံစားခြင်းတို့ဖြင့် ကာဆီးပိတ်ဆို့ခံရသဖြင့် အသီးမအောင်သောသူတို့ကိုဆိုလို၏။
တရားနှင့်မညီမေထုန်ပြုသူ၊ ညစ်ညူးသောသူ၊ ရုပ်တုကိုးကွယ်သူဖြစ်သော လောဘလွန်ကျူးသူတစ်စုံတစ်ဦးမျှ ခရစ်တော်နှင့်ဘုရားသခင်၏နိုင်ငံတော်ကို အမွေဆက်ခံရမည်မဟုတ်ကြောင်း ကောင်းစွာသိမှတ်ကြလော့။
ထိုမျှမက ငါ၏သခင်ခရစ်တော်ယေရှုကို သိသောဉာဏ်၏ထူးမြတ်သောအကျိုးကျေးဇူးကြောင့် အရာခပ်သိမ်းကို အရှုံးဟူ၍ ငါမှတ်ယူ၏။ ထိုသခင်ကိုထောက်၍ အရာခပ်သိမ်းတို့ကို ငါအဆုံးရှုံးခံပြီး ၎င်းတို့ကို မစင်ကဲ့သို့ ငါမှတ်ယူ၏။
ထို့ကြောင့် တရားနှင့်မညီမေထုန်ပြုခြင်း၊ ညစ်ညူးခြင်း၊ ကိလေသာပြင်းပြခြင်း၊ ဆိုးယုတ်သောတပ်မက်ခြင်းနှင့် ရုပ်တုကိုးကွယ်ခြင်းတည်းဟူသော လောဘလွန်ကျူးခြင်း စသည့်မြေကြီးနှင့်ဆိုင်သောကိုယ်အင်္ဂါများကို သေစေကြလော့။
လောကကိုလည်းကောင်း၊ လောက၌ရှိသောအရာတို့ကိုလည်းကောင်း မချစ်ကြနှင့်။ မည်သူမဆို လောကကိုချစ်လျှင် ခမည်းတော်၏ချစ်ခြင်းမေတ္တာသည် ထိုသူ၌မရှိ။