လုကာ 17:16 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်၏ခြေတော်ရင်း၌ပျပ်ဝပ်၍ ကိုယ်တော်ကိုကျေးဇူးတင်၏။ ထိုသူသည် ရှမာရိနယ်သားဖြစ်၏။ Common Language Bible ထိုနောက်ခြေတော်ရင်းမှာပျပ်ဝပ်လျက် ကိုယ်တော် ၏ကျေးဇူးတော်ကြီးလှကြောင်းကိုလျှောက်ထား၏။ ထိုသူကားရှမာရိအမျိုးသားဖြစ်သတည်း။- Garrad Bible ခြေ တော် ရင်း တွင် ပျပ် ဝပ်၍ ကျေး ဇူး တော် ကို ချီး မွမ်း၏။ ထို သူ ကား ရှ မာ ရိ လူ မျိုး တည်း။ Judson Bible ခြေတော်ရင်း၌ ပျပ်ဝပ်၍ ကျေးဇူးတော်ကြီးလှပါသည်ဟု ဝန်ခံလေ၏။ ထိုသူသည် ရှမာရိလူ ဖြစ်သတည်း။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သူသည် ယေရှု၏ခြေတော်ရင်း၌ ဝပ်တွားခယလျက် ကျေးဇူးတင်လေ၏။ ထိုသူသည် ရှမာရိလူမျိုးဖြစ်၏။ မြန်မာ ခြေတော်ရင်း၌ ပျပ်ဝပ်၍ ကျေးဇူးတော်ကြီးလှပါသည်ဟု ဝန်ခံလေ၏။ ထိုသူသည် ရှမာရိလူ ဖြစ်သတည်း။- |
ယေရှုသည် ဤတစ်ဆယ့်နှစ်ပါးတို့ကိုစေလွှတ်၍ မိန့်မှာတော်မူသည်ကား“လူမျိုးခြားတို့ရှိရာလမ်းသို့ မသွားကြနှင့်။ ရှမာရိနယ်သားတို့၏မြို့ထဲသို့လည်း မဝင်ကြနှင့်။
အိမ်ထဲသို့ဝင်၍ မယ်တော်မာရိနှင့်တကွ သူငယ်တော်ကိုတွေ့လျှင် ပျပ်ဝပ်လျက်ရှိခိုးကြ၏။ သူတို့၏ဘဏ္ဍာကြုတ်များကိုလည်းဖွင့်၍ ရွှေ၊ လော်ဗန်နှင့် မုရန်တည်းဟူသော လက်ဆောင်များကို သူငယ်တော်အားဆက်သကြ၏။
ထိုအခါ ထိုအမျိုးသမီးသည် မိမိ၌မည်သို့ဖြစ်ခဲ့သည်ကိုသိသဖြင့် ကြောက်ရွံ့တုန်လှုပ်လျက် ရှေ့တော်သို့လာ၍ ပျပ်ဝပ်ကာ ဟုတ်မှန်သည့်အတိုင်း အကုန်အစင်လျှောက်ထားလေ၏။
ယေရှုကလည်း“စင်ကြယ်ခြင်းသို့ရောက်သောသူမှာ လူဆယ်ဦးမဟုတ်လော။ အခြားကိုးဦးကား အဘယ်မှာနည်း။
ရှိမုန်ပေတရုသည် ထိုအခြင်းအရာကိုမြင်လျှင် ယေရှု၏ခြေတော်ရင်း၌ ပျပ်ဝပ်လျက် “သခင်၊ အကျွန်ုပ်သည် အပြစ်များသောသူဖြစ်၍ အကျွန်ုပ်ထံမှ ကြွသွားတော်မူပါ”ဟု လျှောက်လေ၏။
ထိုရှမာရိအမျိုးသမီးကလည်း “သင်သည် ဂျူးလူမျိုးဖြစ်လျက်နှင့် ရှမာရိအမျိုးသမီးဖြစ်သောကျွန်မထံမှ သောက်ရေကို အဘယ်ကြောင့်တောင်းရသနည်း”ဟု ဆို၏။ [ထိုသို့ဆိုသည့်အကြောင်းမှာ ဂျူးလူမျိုးတို့သည် ရှမာရိနယ်သားတို့နှင့် ပေါင်းသင်းဆက်ဆံလေ့မရှိသောကြောင့်ဖြစ်၏။]
ဂျူးလူမျိုးတို့ကလည်း “သင်သည် ရှမာရိနယ်သားဖြစ်ပြီး သင့်ကိုနတ်ဆိုးပူးနေသည်ဟူ၍ ငါတို့ပြောကြသည်မှာ လျောက်ပတ်သည်မဟုတ်လော”ဟု ပြန်ပြောကြ၏။
သို့သော် သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်သက်ရောက်လာသောအခါ သင်တို့သည် တန်ခိုးကိုရရှိလျက် ဂျေရုဆလင်မြို့၊ ယုဒနယ်နှင့်ရှမာရိနယ်တစ်ခုလုံးသာမက မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေများဖြစ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
သူ၏စိတ်နှလုံးထဲမှ ကွယ်ဝှက်ထားသောအရာတို့သည် ထင်ရှားလာသဖြင့် “ဘုရားသခင်သည် သင်တို့အလယ်၌ အမှန်ရှိတော်မူ၏”ဟု ဝန်ခံလျက် ဘုရားသခင်ကို ပျပ်ဝပ်ရှိခိုးလိမ့်မည်။
ထိုအခါ ငါသည် ထိုကောင်းကင်တမန်ကိုရှိခိုးရန် သူ၏ခြေရင်း၌ပျပ်ဝပ်လေသော် သူက “ထိုသို့မပြုနှင့်။ ငါသည် သင်မှစ၍ ယေရှုနှင့်ဆိုင်သည့်သက်သေခံချက်ကိုရရှိထားသော သင့်ညီအစ်ကိုတို့၏အစေအပါးချင်းဖြစ်၏။ ဘုရားသခင်ကိုရှိခိုးလော့။ အကြောင်းမူကား ယေရှုနှင့်ဆိုင်သောသက်သေခံချက်သည် ပရောဖက်ပြုဟောပြောခြင်း၏ဝိညာဉ်ဖြစ်၏”ဟု ဆို၏။
သက်ကြီးဝါကြီးနှစ်ဆယ့်လေးပါးတို့သည် ပလ္လင်တော်ပေါ်တွင်ထိုင်တော်မူသောအရှင်၏ရှေ့၌ ပျပ်ဝပ်လျက် ကမ္ဘာအဆက်ဆက်အသက်ရှင်တော်မူသောအရှင်ကိုရှိခိုးကာ မိမိတို့၏သရဖူများကို ပလ္လင်တော်ရှေ့တွင်ချထားပြီးလျှင်
ထိုအခါ သတ္တဝါလေးပါးတို့က “အာမင်”ဟု ဆိုကြ၏။ သက်ကြီးဝါကြီးတို့သည်လည်း ပျပ်ဝပ်လျက်ရှိခိုးကြ၏။