သို့သော် ထိုအစေအပါးသည် ထွက်သွား၍ သူ့ထံ၌ ဒေနာရိတစ်ရာအကြွေးတင်သော အစေအပါးချင်းတစ်ဦးကိုတွေ့လျှင် သူ့ကိုဖမ်း၍ လည်ပင်းညှစ်လျက် ‘သင်ယူထားသောအကြွေးကို ပြန်ဆပ်လော့’ဟု ဆို၏။
လုကာ 16:7 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် အခြားသူတစ်ယောက်အား ‘သင်သည်လည်း အကြွေးမည်မျှရှိသနည်း’ဟု မေးလျှင် ထိုသူက ‘ဂျုံဆန်အိတ်တစ်ရာရှိပါသည်’ဟု ဆို၏။ ဘဏ္ဍာစိုးကလည်း ‘သင်၏စာရင်းကိုယူ၍ အိတ်ရှစ်ဆယ်ဟူ၍ရေးလော့’ဟု ဆိုလေ၏။ Common Language Bible ထိုနောက်အခြားသူတစ်ယောက်အား `သင်သည် လည်းပေးဆပ်ရန်အကြွေးမည်မျှရှိသနည်း' ဟုမေး၏။ ထိုသူကဂျုံစပါးတင်းတစ်ထောင် ရှိပါသည်ဟုဆိုလျှင်မန်နေဂျာက `သင်၏ စာရင်းကိုယူလော့၊ အမြန်ထိုင်၍ရှစ်ရာ ဟုရေးလော့' ဟုဆို၏။- Garrad Bible တစ် ယောက် အား သင် ဆပ် ရန် မည် မျှ ရှိ သ နည်း ဟု မေး မြန်း ရာ ဂျုံ စ ပါး တင်း ရေ တစ် ထောင် ရှိ ပါ သည် ဟု ပြန် ဆို သော် စာ ချုပ် ကို ယူ ပြီး လျှင် ရှစ် ရာ ရေး တော့ ဟူ၍ လည်း ကောင်း ဆို သ တည်း။ Judson Bible ထိုနောက် အခြားသောသူကိုခေါ်၍၊ ငါ၏သခင်ကိုဆပ်ပေးရန် သင်၌ အဘယ်မျှလောက်ရှိသနည်းဟု မေးလျှင်၊ ထိုသူက၊ ဂျုံစပါး အတင်းတစ်ထောင် ပေးရန်ရှိပါသည်ဟု ဆို၏။ ဘဏ္ဍာစိုးကလည်း၊ သင်၏ စာရင်းကိုယူ၍ အတင်းရှစ်ရာကို ရေးမှတ်လော့ဟု ဆို၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် အခြားသူတစ်ဦးအား ‘အကြွေး မည်မျှရှိသနည်း’ ဟု မေးလျှင် ထိုသူက ‘ဂျုံတင်းတစ်ထောင်ပေးရန် ရှိပါသည်’ ဟု ဖြေ၏။ စီမံခန့်ခွဲသူကလည်း ‘ဤသို့ဖြစ်လျှင် စာရင်းကို ယူ၍ တင်းရှစ်ရာဟု ပြင်ရေးလော့’ ဟူ၍ ပြော၏။ မြန်မာ ထိုနောက် အခြားသောသူကိုခေါ်၍၊ ငါ၏သခင်ကိုဆပ်ပေးရန် သင်၌ အဘယ်မျှလောက်ရှိသနည်းဟု မေးလျှင်၊ ထိုသူက၊ ဂျုံစပါး အတင်းတစ်ထောင် ပေးရန်ရှိပါသည်ဟု ဆို၏။ ဘဏ္ဍာစိုးကလည်း၊ သင်၏ စာရင်းကိုယူ၍ အတင်းရှစ်ရာကို ရေးမှတ်လော့ဟု ဆို၏။- |
သို့သော် ထိုအစေအပါးသည် ထွက်သွား၍ သူ့ထံ၌ ဒေနာရိတစ်ရာအကြွေးတင်သော အစေအပါးချင်းတစ်ဦးကိုတွေ့လျှင် သူ့ကိုဖမ်း၍ လည်ပင်းညှစ်လျက် ‘သင်ယူထားသောအကြွေးကို ပြန်ဆပ်လော့’ဟု ဆို၏။
ထိုသူက ‘ဆီအပုံးတစ်ရာရှိပါသည်’ဟု ပြန်ပြောလျှင် ဘဏ္ဍာစိုးက ‘သင်၏စာရင်းကိုယူ၍ ထိုင်ပြီး ပုံးငါးဆယ်ဟူ၍ အမြန်ရေးလော့’ဟု ဆို၏။
ထိုအခါ သခင်သည် မတရားသောဘဏ္ဍာစိုး၏ ပါးနပ်သည့်လုပ်ဆောင်မှုအတွက် သူ့ကိုချီးမွမ်းလေ၏။ အကြောင်းမူကား ဤလောက၏သားသမီးများသည် မိမိတို့ခေတ်ကာလလူတို့နှင့်ဆက်ဆံရာတွင် အလင်း၏သားသမီးများထက် လိမ္မာပါးနပ်ကြ၏။
မုဆိုးမဖြစ်လျက် အသက်ရှစ်ဆယ့်လေးနှစ်ပင်ရှိပြီဖြစ်၏။ သူသည် ဗိမာန်တော်မှမခွာဘဲ ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းတို့ဖြင့် နေ့ညမပြတ် ဘုရားဝတ်ကိုပြုလျက်နေ၏။
နောက်တစ်ဖန် တတိယအစေအပါးကို ထပ်၍စေလွှတ်လေ၏။ သို့သော် ထိုအစေအပါးကိုလည်း အနာတရဖြစ်စေပြီးမှ နှင်ထုတ်ကြ၏။
ထို့နောက် ကိုယ်တော်သည် လူတို့အား ဤပုံဥပမာကိုပေး၍မြွက်ဆိုတော်မူသည်မှာ“လူတစ်ဦးသည် စပျစ်ခြံကိုစိုက်ပျိုး၍ ခြံသမားတို့အားငှားရမ်းပြီးလျှင် ကာလအတန်ကြာခရီးထွက်လေ၏။