သူသည် စာရင်းစတင်ရှင်းသောအခါ တာလန်တစ်သောင်းအကြွေးတင်သူတစ်ယောက်ကို ရှေ့တော်သို့ခေါ်ဆောင်ခဲ့ကြ၏။
လုကာ 16:5 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် မိမိသခင်ထံအကြွေးတင်သူတို့ကို တစ်ဦးစီခေါ်၍ ပထမလူအား ‘သင်သည် ငါ့သခင်ထံ အကြွေးမည်မျှရှိသနည်း’ဟု မေးလေ၏။ Common Language Bible သူဌေး၏မြီစားအားလုံးကိုခေါ်၏။ ထိုနောက် ပထမလူအား `ငါ့သူဌေးကိုသင်ပေးဆပ်ရန် အကြွေးမည်မျှရှိသနည်း' ဟုမေး၏။- Garrad Bible အ ရှင်၏ မြီ စား တို့ ကို တစ် ယောက် စီ ခေါ်၍ တစ် ယောက် အား ကျွန်ုပ် အ ရှင့် ထံ သင် ဆပ် ရန် မည် မျှ ရှိ သ နည်း ဟု မေး မြန်း ရာ ဆီ ချိန် ခွက် နှစ် ထောင် ရှိ ပါ သည် ဟု ပြန် ဆို သော်၊ Judson Bible သခင်၏ငွေရှိသောသူ အပေါင်းတို့ကို ခေါ်၍၊ ငါ၏သခင်ကို ဆပ်ပေးရန် သင်၌အဘယ်မျှလောက် ရှိသနည်းဟု တစ်ယောက်ကိုမေးလျှင်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် မိမိသူဌေးအပေါ် အကြွေးတင်သူများကို ခေါ်ပြီးမှ ပထမလူအား ‘ငါ့သူဌေးကို ဆပ်ရန် သင်၌ အကြွေး မည်မျှရှိသနည်း’ ဟု မေး၏။ မြန်မာ သခင်၏ငွေရှိသောသူ အပေါင်းတို့ကို ခေါ်၍၊ ငါ၏သခင်ကို ဆပ်ပေးရန် သင်၌အဘယ်မျှလောက် ရှိသနည်းဟု တစ်ယောက်ကိုမေးလျှင်၊- |
သူသည် စာရင်းစတင်ရှင်းသောအခါ တာလန်တစ်သောင်းအကြွေးတင်သူတစ်ယောက်ကို ရှေ့တော်သို့ခေါ်ဆောင်ခဲ့ကြ၏။
သို့သော် ထိုအစေအပါးသည် ထွက်သွား၍ သူ့ထံ၌ ဒေနာရိတစ်ရာအကြွေးတင်သော အစေအပါးချင်းတစ်ဦးကိုတွေ့လျှင် သူ့ကိုဖမ်း၍ လည်ပင်းညှစ်လျက် ‘သင်ယူထားသောအကြွေးကို ပြန်ဆပ်လော့’ဟု ဆို၏။
အကျွန်ုပ်တို့အပေါ် အပြစ်ကြွေးရှိသူများကို အကျွန်ုပ်တို့ခွင့်လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏အပြစ်ကြွေးများကိုလည်း ခွင့်လွှတ်တော်မူပါ။
ဘဏ္ဍာစိုးအရာမှ ငါ့ကိုဖယ်ရှားသောအခါ လူတို့သည် သူတို့၏အိမ်၌ ငါ့ကိုလက်ခံကြစေရန် မည်သို့ပြုရမည်ကို ငါသိပြီ’ဟု မိမိစိတ်ထဲ၌ဆိုလေ၏။
ထိုသူက ‘ဆီအပုံးတစ်ရာရှိပါသည်’ဟု ပြန်ပြောလျှင် ဘဏ္ဍာစိုးက ‘သင်၏စာရင်းကိုယူ၍ ထိုင်ပြီး ပုံးငါးဆယ်ဟူ၍ အမြန်ရေးလော့’ဟု ဆို၏။