အကြောင်းမူကား ဘုရားသခင်သည် ကောင်းသောအမှုဖြစ်စေ၊ မကောင်းသောအမှုဖြစ်စေ၊ ဝှက်ထားသောအမှုအားလုံးအပါအဝင် ခပ်သိမ်းသောအမှုတို့ကို တရားသဖြင့်စီရင်တော်မူလိမ့်မည်။
လုကာ 16:2 - မြန်မာ့စံမီသမ္မာကျမ်း သူဌေးသည် ဘဏ္ဍာစိုးကိုခေါ်၍ ‘သင့်အကြောင်း ငါကြားရသည့်အရာမှာ မည်သို့နည်း။ သင့်ကို ဘဏ္ဍာစိုးအရာ၌ ဆက်၍မထားနိုင်သောကြောင့် သင်၏စီမံခန့်ခွဲမှုစာရင်းကို တင်ပြလော့’ဟု ဆို၏။ Common Language Bible သူဌေးသည်သူ့ကိုခေါ်၍ `သင့်အကြောင်းငါကြား ရသည်မှာအသို့နည်း။ သင်၏လုပ်ငန်းနှင့်ဆိုင်သော ငွေစာရင်းများကိုတင်ပြလော့။ သင်သည်ဆက်၍ ငါ၏မန်နေဂျာလုပ်ရတော့မည်မဟုတ်' ဟုဆို၏။- Garrad Bible သူ ဌေး ခေါ်၍ သင့် အ ကြောင်း ငါ ကြား ရ သည် ကား အ သို့ နည်း။ ဘ ဏ္ဍာ စိုး ရာ ထူး နှင့် ဆိုင် သော ငွေ စာ ရင်း ကို ရှင်း ပြ လော့။ ဆက် လက်၍ ဘ ဏ္ဍာ စိုး မ လုပ် ရ ဟု ဆို၏။ Judson Bible သခင်သည် ဘဏ္ဍာစိုးကို ခေါ်၍၊ သင်၏အမူအရာ၌ ငါကြားရသောစကားကား အဘယ်သို့နည်း။ ဘဏ္ဍာစိုးအရာ၌ မှတ်သားသော စာရင်းကို ပေးလော့။ ယခုမှစ၍ ဘဏ္ဍာစိုးမလုပ်ရဟု ဆို၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ သူဌေးသည် သူ့ကိုခေါ်၍ ‘သင့်အကြောင်း ငါကြားရသည်မှာ မည်သို့နည်း။ သင်မှတ်ထားသော ငွေစာရင်းများကို ငါ့အားပေးလော့။ သင့်ကို စီမံခန့်ခွဲသူနေရာတွင် ဆက်၍ ခန့်ထားနိုင်တော့မည်မဟုတ်’ ဟု ပြောလေ၏။ မြန်မာ သခင်သည် ဘဏ္ဍာစိုးကို ခေါ်၍၊ သင်၏အမူအရာ၌ ငါကြားရသောစကားကား အဘယ်သို့နည်း။ ဘဏ္ဍာစိုးအရာ၌ မှတ်သားသော စာရင်းကို ပေးလော့။ ယခုမှစ၍ ဘဏ္ဍာစိုးမလုပ်ရဟု ဆို၏။- |
အကြောင်းမူကား ဘုရားသခင်သည် ကောင်းသောအမှုဖြစ်စေ၊ မကောင်းသောအမှုဖြစ်စေ၊ ဝှက်ထားသောအမှုအားလုံးအပါအဝင် ခပ်သိမ်းသောအမှုတို့ကို တရားသဖြင့်စီရင်တော်မူလိမ့်မည်။
သင်တို့အား ငါဆိုသည်ကား လူတို့သည် မိမိတို့ပြောဆိုသည့် အကျိုးမရှိသောစကားအားလုံးအတွက် တရားစီရင်တော်မူရာနေ့၌ ဖြေရှင်းချက်ပေးကြရမည်။
ညနေချမ်းအချိန်ရောက်သောအခါ စပျစ်ခြံပိုင်ရှင်က သူ၏အိမ်မှုကိစ္စစီမံကွပ်ကဲသူအား ‘အလုပ်သမားများကိုခေါ်၍ နောက်ဆုံးလာသောသူတို့ကစပြီး ပထမဦးဆုံးလာသောသူတို့အထိ သူတို့၏လုပ်အားခကိုပေးလော့’ဟု ဆိုလေ၏။
သို့သော် ဘုရားသခင်သည် ထိုသူအား ‘အချင်းလူမိုက်၊ ဤည၌ပင် သင့်ဝိညာဉ်ကို သင့်ထံမှရုပ်သိမ်းကြလိမ့်မည်။ သို့ဖြစ်လျှင် သင်ပြင်ဆင်ထားသောအရာများသည် မည်သူ့ဥစ္စာဖြစ်လိမ့်မည်နည်း’ဟု မိန့်တော်မူ၏။
သခင်ဘုရားကလည်း“မိမိအိမ်သူအိမ်သားများအား အချိန်တန်သောအခါ အစားအစာများစီစဉ်ပေးရန် သူတို့အပေါ်သခင်ခန့်ထားသည့် သစ္စာနှင့်ပညာသတိရှိသောအစေအပါးခေါင်းဆောင်ကား မည်သူနည်း။
ထို့နောက် ကိုယ်တော်သည် တပည့်တော်တို့အား မြွက်ဆိုတော်မူသည်မှာ“သူဌေးတစ်ဦးတွင် ဘဏ္ဍာစိုးတစ်ယောက်ရှိ၏။ ထိုဘဏ္ဍာစိုးသည် သူဌေး၏ဥစ္စာပစ္စည်းများကိုဖြုန်းတီးနေကြောင်း တိုင်ကြားသူရှိသဖြင့်
ထိုအခါ ဘဏ္ဍာစိုးက ‘ငါမည်သို့ပြုရမည်နည်း။ ငါ့သခင်သည် ငါ့ကိုဘဏ္ဍာစိုးအရာမှဖယ်ရှားလေပြီ။ ငါသည် မြေတူးရန်အားမရှိ။ တောင်းစားရန်လည်းရှက်၏။
သို့ဖြစ်၍ ငါတို့တစ်ဦးစီသည် ဘုရားသခင်ရှေ့တော်၌ မိမိအကြောင်းကို မိမိဖြေရှင်းရလိမ့်မည်။
အကြောင်းမူကား ငါ့ညီအစ်ကိုတို့၊ သင်တို့အထဲတွင် ပဋိပက္ခဖြစ်ခြင်းရှိသည်ဟု ခလောဣအိမ်သားများက သင်တို့အကြောင်းကို ငါ့အားပြောပြကြ၏။
သို့ဖြစ်၍ သခင်ဘုရားကြွလာတော်မမူမီ မည်သည့်အရာကိုမျှ အချိန်မတန်ဘဲ မစီရင်ကြနှင့်။ ထိုသခင်သည် အမှောင်ထဲ၌ ကွယ်ဝှက်ထားသောအရာများကို အလင်းသို့ယူဆောင်လာပြီး စိတ်နှလုံးအကြံအစည်များကို ထင်ရှားစေတော်မူလိမ့်မည်။ ထိုအခါ လူအသီးသီးတို့သည် ဘုရားသခင်ထံတော်မှ ချီးမွမ်းခြင်းကိုခံရကြလိမ့်မည်။
အကြောင်းမူကား ငါတို့အားလုံးသည် ကိုယ်ခန္ဓာ၌ရှိစဉ် ပြုကျင့်သည့်အတိုင်း ကောင်းသောအမှုအတွက်ဖြစ်စေ၊ ဆိုးညစ်သောအမှုအတွက်ဖြစ်စေ အကျိုးအပြစ်ကို အသီးသီးခံစားရရန် ခရစ်တော်၏တရားပလ္လင်ရှေ့၌ ပေါ်လာကြရမည်။
အသင်းတော်အကြီးအကဲများ၏လက်တင်ခြင်းနှင့်တကွ ပရောဖက်ပြုဟောပြောခြင်းအားဖြင့် သင့်အပေါ်ပေးအပ်ထား၍ သင်၌ရှိသည့်ဆုကျေးဇူးကို လျစ်လျူမရှုနှင့်။
လူအချို့တို့၏အပြစ်များသည် တရားစီရင်ခြင်းသို့မရောက်မီကပင် သိသာထင်ရှား၏။ အချို့တို့၏အပြစ်များမူကား နောက်မှထင်ရှားတတ်၏။
သင်တို့တစ်ဦးစီသည် မိမိခံစားရရှိသည့်ဆုကျေးဇူးအလျောက် ဘုရားသခင်၏အမျိုးမျိုးသောကျေးဇူးတော်နှင့်ဆိုင်သည့် ကောင်းသောဘဏ္ဍာစိုးများကဲ့သို့ ထိုဆုကျေးဇူးအားဖြင့် အချင်းချင်းကူညီဆောင်ရွက်ပေးကြလော့။
သူတို့သည် အသက်ရှင်သောသူတို့နှင့်သေသောသူတို့ကို တရားစီရင်ရန် အသင့်ရှိတော်မူသောအရှင်ထံ၌ ဖြေရှင်းချက်ပေးကြရလိမ့်မည်။
တစ်ဖန် သေလွန်သောသူအကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့၌ရပ်နေကြသည်ကို ငါမြင်ရ၏။ စာစောင်များကိုဖွင့်ထား၍ အသက်စာစောင်တည်းဟူသော အခြားသောစာစောင်ကိုလည်းဖွင့်ထား၏။ သေလွန်သောသူတို့သည် ထိုစာစောင်များတွင်ရေးထားသည့်အတိုင်း မိမိတို့ပြုသောအမှုများနှင့်အညီ တရားစီရင်ခြင်းကိုခံရကြ၏။