သို့ရာတွင် အဖေ၏ဥစ္စာပစ္စည်းများကို ပြည့်တန်ဆာများနှင့်ဖြုန်းတီးခဲ့သည့် အဖေ၏ဤသားပြန်လာသောအခါ၌မူ သူ့အတွက် ဆူဖြိုးသောနွားသငယ်ကို သတ်ပေးသည်တကား’ဟု ဆို၏။
လုကာ 15:31 - မြန်မာ့စံမီသမ္မာကျမ်း ဖခင်ကလည်း ‘ငါ့သား၊ သင်သည် ငါနှင့်အတူအမြဲရှိနေ၏။ ငါ၏ဥစ္စာရှိသမျှသည် သင်၏ဥစ္စာဖြစ်၏။ Common Language Bible အဖဖြစ်သူက `ငါ့သား၊ သင်သည်ငါနှင့်အတူ အမြဲနေ၏။ ငါ့ဥစ္စာပစ္စည်းရှိသမျှကိုသင်ပိုင်၏။- Garrad Bible အ ဘ က ငါ့ သား၊ သင် သည် ငါ နှင့် အ စဉ် ရှိ၍ ငါ ပိုင် သ မျှ ကို သင် ပိုင် ဖြစ်၏။ Judson Bible အဘကလည်း၊ ငါ့သား၊ သင်သည် ငါ့ထံမှာ အစဉ်နေ၏။ ငါ၏ဥစ္စာရှိသမျှသည် သင်၏ဥစ္စာဖြစ်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ဖခင်က ‘ငါ့သား… သင်သည် ငါနှင့် အမြဲရှိနေ၏၊ ငါ၌ရှိသမျှ ဥစ္စာများသည် သင့်ဥစ္စာဖြစ်၏။ မြန်မာ အဘကလည်း၊ ငါ့သား၊ သင်သည် ငါ့ထံမှာ အစဉ်နေ၏။ ငါ၏ဥစ္စာရှိသမျှသည် သင်၏ဥစ္စာဖြစ်၏။- |
သို့ရာတွင် အဖေ၏ဥစ္စာပစ္စည်းများကို ပြည့်တန်ဆာများနှင့်ဖြုန်းတီးခဲ့သည့် အဖေ၏ဤသားပြန်လာသောအခါ၌မူ သူ့အတွက် ဆူဖြိုးသောနွားသငယ်ကို သတ်ပေးသည်တကား’ဟု ဆို၏။
သို့သော် သင်၏ညီသည် သေဆုံးခဲ့သော်လည်း အသက်ပြန်ရှင်ပြီး ပျောက်ဆုံးခဲ့သော်လည်း ပြန်တွေ့ရသည်ဖြစ်၍ ယခုဝမ်းမြောက်ပျော်ရွှင်သင့်၏’ဟု ဆိုလေ၏”ဟူ၍ မိန့်တော်မူ၏။
သို့ဖြစ်လျှင် ငါမေးလိုသည်မှာ ဘုရားသခင်သည် မိမိ၏လူမျိုးတော်ကို ပစ်ပယ်တော်မူပြီလော။ လုံးဝပစ်ပယ်တော်မမူ။ ငါကိုယ်တိုင်လည်း အစ္စရေးလူမျိုး၊ အာဗြဟံမှဆင်းသက်လာသူ၊ ဗင်္ယာမိန်အနွယ်ဝင်ဖြစ်၏။
မိမိအပေါ် ကိုယ်တော်ကျေးဇူးတုံ့ပြန်ရလေအောင် မည်သူသည် ကိုယ်တော်အား ဦးစွာကျေးဇူးပြုဖူးသနည်း။”
သူတို့သည် အစ္စရေးအမျိုးသားများဖြစ်ကြပြီး သားသမီးအရာဖြစ်စေ၊ ဘုန်းအသရေဖြစ်စေ၊ ပဋိညာဉ်များဖြစ်စေ၊ ပညတ်တရားပေးအပ်ခြင်းဖြစ်စေ၊ ဝတ်ပြုခြင်းဖြစ်စေ၊ ကတိတော်များဖြစ်စေ ထိုသူတို့နှင့်ဆိုင်၏။