ထိုအခါ ကိုယ်တော်ကို စကားတစ်ခွန်းပြန်လျှောက်ရန်ပင် မည်သူမျှ မတတ်နိုင်ကြ။ ထိုနေ့မှစ၍ မည်သူမျှ ကိုယ်တော်အား မေးခွန်းများမမေးဝံ့တော့ချေ။
လုကာ 14:6 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ဤအရာများနှင့်ပတ်သက်ပြီး တုံ့ပြန်ပြောဆို၍မရနိုင်ကြချေ။ Common Language Bible သို့ရာတွင်သူတို့သည်အဘယ်သို့မျှအဖြေ မပေးတတ်ကြ။ Judson Bible ထိုသူတို့သည် စကားတစ်ခွန်းကိုမျှ မပြန်နိုင်ကြ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤအချက်ကိုလည်း သူတို့သည် မတုံ့ပြန်နိုင်ကြပေ။ မြန်မာ ထိုသူတို့သည် စကားတစ်ခွန်းကိုမျှ မပြန်နိုင်ကြ။ |
ထိုအခါ ကိုယ်တော်ကို စကားတစ်ခွန်းပြန်လျှောက်ရန်ပင် မည်သူမျှ မတတ်နိုင်ကြ။ ထိုနေ့မှစ၍ မည်သူမျှ ကိုယ်တော်အား မေးခွန်းများမမေးဝံ့တော့ချေ။
ထိုသို့ ကိုယ်တော်မိန့်တော်မူသောအခါ ကိုယ်တော်ကိုဆန့်ကျင်နေသောသူရှိသမျှတို့သည် အရှက်ရကြ၏။ လူထုပရိသတ်အပေါင်းတို့သည် ကိုယ်တော်ပြုတော်မူသည့် ထူးမြတ်သောအမှုအလုံးစုံတို့အတွက် ဝမ်းမြောက်ကြ၏။
သူတို့သည် လူတို့ရှေ့တွင် ကိုယ်တော်၏စကားအမှားကို ကျော့ဖမ်း၍မရနိုင်သည့်အပြင် ကိုယ်တော်၏ဖြေကြားပုံကိုအံ့သြလျက် တိတ်ဆိတ်သွားကြ၏။
အကြောင်းမူကား သင်တို့ကို ဆန့်ကျင်သောသူတစ်စုံတစ်ဦးမျှ မငြင်းခုံမဟန့်တားနိုင်သော နှုတ်အစွမ်းနှင့်ဉာဏ်ပညာတို့ကို သင်တို့အား ငါပေးမည်။
သို့သော် ဝိညာဉ်တော်နှင့်ဉာဏ်ပညာတို့ဖြင့် သတေဖန်ပြောဆိုသောအရာကို သူတို့သည် အတိုက်အခံပြောဆို၍မရနိုင်ကြချေ။