လုကာ 14:35 - မြန်မာ့စံမီသမ္မာကျမ်း မြေကြီးအတွက်ဖြစ်စေ၊ မြေသြဇာအတွက်ဖြစ်စေ အသုံးမဝင်တော့သဖြင့် ၎င်းကို အပြင်သို့ပစ်လိုက်တတ်ကြ၏။ ကြားစရာနားရှိသောသူသည် ကြားပါစေ”ဟု မိန့်တော်မူ၏။ Common Language Bible လယ်မြေအတွက်သော်လည်းကောင်း၊ မြေသြဇာ အတွက်သော်လည်းကောင်းအသုံးမဝင်တော့ ပေ။ ထို့ကြောင့်ထိုဆားကိုလူတို့စွန့်ပစ်လိုက် တတ်၏။ ကြားတတ်သောနားရှိသူတို့ကြား ကြကုန်လော့'' ဟုမိန့်တော်မူ၏။ Garrad Bible ထို ဆား သည် မြေ အ ဖို့ မ ကောင်း၊ မြေ သြ ဇာ ဖို့ လည်း မ ကောင်း၊ ပြင် သို့ ပစ် လိုက် တတ် ကြ၏။ ကြား နာ ရန် နား ရှိ သူ ကြား နာ စေ ဟု မိန့် တော် မူ၏။ Judson Bible မြေဖို့မကောင်း၊ အမှိုက်ပုံဖို့မကောင်း၊ ထိုဆားကို ပြင်သို့ပစ်လိုက်တတ်၏။ ကြားစရာနားရှိသောသူမည်သည်ကား ကြားပါစေဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အရသာမဲ့သော ဆားသည် မြေဆီသြဇာအတွက်ဖြစ်စေ၊ အမှိုက်ပုံအတွက်ပင်ဖြစ်စေ မည်သို့မျှ အသုံးမဝင်ဘဲ အပြင်သို့ လွှင့်ပစ်လိုက်ရ၏။ နားရှိသောသူသည် ကြား၍ နားလည်ပါစေ” ဟု မိန့်တော်မူ၏။ မြန်မာ မြေဖို့မကောင်း၊ အမှိုက်ပုံဖို့မကောင်း၊ ထိုဆားကို ပြင်သို့ပစ်လိုက်တတ်၏။ ကြားစရာနားရှိသောသူမည်သည်ကား ကြားပါစေဟု မိန့်တော်မူ၏။ |
သို့သော် ဥယျာဉ်မှူးက ‘သခင်၊ ဤအပင်ကို ယခုနှစ်လည်းထားပါဦး။ အပင်ပတ်လည်ကို အကျွန်ုပ်တူးဆွ၍ မြေသြဇာထည့်ပါဦးမည်။
အချို့မူကား ကောင်းသောမြေ၌ကျသဖြင့် အပင်ပေါက်၍ အဆတစ်ရာ အသီးဖြစ်ထွန်းလေ၏”ဟု မိန့်တော်မူ၏။ ထိုသို့မိန့်တော်မူပြီးနောက်“ကြားစရာနားရှိသောသူသည် ကြားပါစေ”ဟု ကြွေးကြော်တော်မူ၏။
“ဤစကားများကို သင်တို့နားထဲ၌ စွဲမြဲစေကြလော့။ လူ့သားသည် လူတို့၏လက်သို့ အပ်နှံခြင်းခံရတော့မည်”ဟု မိန့်တော်မူ၏။
တစ်စုံတစ်ဦးသည် ငါ၌မတည်မနေလျှင် အကိုင်းအခက်ကဲ့သို့ အပြင်သို့လွှတ်ပစ်ခြင်းခံရ၍ ညှိုးနွမ်းခြောက်သွေ့သွားရ၏။ လူတို့သည် ၎င်းတို့ကိုစုစည်းလျက် မီးထဲသို့ပစ်ချလိုက်ကြသဖြင့် လောင်ကျွမ်းသွား၏။
ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကို နားရှိသောသူသည် ကြားပါစေ။ အောင်မြင်သောသူအပေါ် ဒုတိယသေခြင်းနှင့်ဆိုင်သောဘေးအန္တရာယ်သည် မည်သည့်အခါမျှ သင့်ရောက်လိမ့်မည်မဟုတ်။
ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကို နားရှိသောသူသည် ကြားပါစေ။ အောင်မြင်သောသူအား ဝှက်ထားသောမန္နကို ငါပေးမည်။ ဖြူသောကျောက်ကိုလည်း ငါပေးမည်။ ထိုကျောက်ပေါ်၌ ၎င်းကိုခံယူရရှိသူမှတစ်ပါး မည်သူမျှမသိသော နာမည်အသစ်ကိုရေးထား၏။
ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကို နားရှိသောသူသည် ကြားပါစေ။
ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကို နားရှိသောသူသည် ကြားပါစေ။ အောင်မြင်သောသူအား ဘုရားသခင်၏ပရဒိသုဘုံ၌ရှိသော အသက်ပင်၏အသီးကို ငါစားခွင့်ပေးမည်။