အစ္စရေးဘုရင်ကလည်း “ဗင်္ဟာဒဒ်မင်းကြီးအား ‘ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားလျက်နှင့် ချွတ်ပြီးသောသူကဲ့သို့ မဝါကြွားသင့်’ဟူ၍ ပြန်လျှောက်လော့”ဟု ပြန်ပြော၏။
လုကာ 14:31 - မြန်မာ့စံမီသမ္မာကျမ်း ထိုမှတစ်ပါး မည်သည့်ဘုရင်သည် အခြားဘုရင်တစ်ပါးနှင့် စစ်တိုက်ရန်ချီတက်မည်ပြုစဉ် စစ်သည်နှစ်သောင်းနှင့်ချီတက်လာသော အခြားတစ်ဖက်ကို စစ်သည်တစ်သောင်းဖြင့် ရင်ဆိုင်၍ရ၊ မရ ဦးစွာထိုင်လျက် မသုံးသပ်ဘဲနေမည်နည်း။ Common Language Bible အခြားတစ်နည်းဆိုသော်၊ အဘယ်မည်သော ဘုရင်သည်အခြားဘုရင်တစ်ပါးနှင့်စစ်ပြိုင် ရန်ထွက်မည်ပြုသောအခါ မိမိ၏စစ်သည် တစ်သောင်းဖြင့် စစ်သည်နှစ်သောင်းနှင့်ချီလာ သောဘုရင်အားခုခံနိုင်ပါမည်လောဟု ဦး စွာထိုင်၍မစဉ်းစားဘဲနေပါမည်လော။- Garrad Bible တစ် နည်း ဘု ရင် တစ် ပါး သည် နှစ် သောင်း တပ် နှင့် တက် လာ သော ဘု ရင် တစ် ပါး ကို စစ် ပြိုင် ရန် ချီ ထွက် သော် သောင်း တပ် နှင့် ဆီး ဆို့ နိုင် မည် မ နိုင် မည် ကို ဦး စွာ ထိုင်၍ မ တိုင် ပင် ဘဲ မည် သည့် ဘု ရင် ချီ အံ့ နည်း။ Judson Bible တနည်းကား၊ တစ်စုံတစ်ယောက်သော ရှင်ဘုရင်သည် အခြားသောရှင်ဘုရင်နှင့် စစ်ပြိုင်မည်ဟု အကြံရှိလျှင်၊ လူနှစ်သောင်းနှင့် ချီလာသော ရှင်ဘုရင်ကို လူတစ်သောင်းနှင့် ခံနိုင်မည် မခံနိုင်မည်ကို ရှေ့ဦးစွာထိုင်၍ မဆင်ခြင်ဘဲ နေမည်လော။- ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်နည်းဆိုသော် ရှင်ဘုရင်တစ်ပါးသည် အခြားရှင်ဘုရင်ကို စစ်တိုက်မည်ပြုသောအခါ ရန်သူစစ်သား နှစ်သောင်းဖြင့် ချီတက်လာသောရှင်ဘုရင်ကို မိမိစစ်သား တစ်သောင်းကျော်ဖြင့် တိုက်ခိုက်နိုင်စွမ်း ရှိသည်၊ မရှိသည်ကို အတိုင်ပင်ခံများနှင့် ဦးစွာ ဆွေးနွေးတိုင်ပင်လိမ့်မည် မဟုတ်ပါလော။ မြန်မာ တနည်းကား၊ တစ်စုံတစ်ယောက်သော ရှင်ဘုရင်သည် အခြားသောရှင်ဘုရင်နှင့် စစ်ပြိုင်မည်ဟု အကြံရှိလျှင်၊ လူနှစ်သောင်းနှင့် ချီလာသော ရှင်ဘုရင်ကို လူတစ်သောင်းနှင့် ခံနိုင်မည် မခံနိုင်မည်ကို ရှေ့ဦးစွာထိုင်၍ မဆင်ခြင်ဘဲ နေမည်လော။- |
အစ္စရေးဘုရင်ကလည်း “ဗင်္ဟာဒဒ်မင်းကြီးအား ‘ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားလျက်နှင့် ချွတ်ပြီးသောသူကဲ့သို့ မဝါကြွားသင့်’ဟူ၍ ပြန်လျှောက်လော့”ဟု ပြန်ပြော၏။
သူ့ကို သင်လက်ရွယ်လိုက်သည်နှင့် တိုက်ခိုက်ခံရတတ်သည်ကို သတိရပါ။ ထို့ကြောင့် သင်လက်ရွယ်ရဲတော့မည်မဟုတ်။
အကြံဉာဏ်ယူခြင်းအားဖြင့် အကြံအစည်များ တည်တတ်၏။ လမ်းညွှန်မှုများကိုခံယူ၍ စစ်ပွဲကိုဆင်နွှဲလော့။
အလျင်စလိုသွား၍ မတိုင်တန်းနှင့်။ နောက်ဆုံး၌ သင်၏အိမ်နီးချင်းသည် သင့်ကိုအရှက်ရစေလျှင် သင်မည်သို့ပြုမည်နည်း။
‘ဤသူသည် စတင်တည်ဆောက်ခဲ့သော်လည်း အဆုံးမသတ်နိုင်ပါတကား’ဟု ဆိုကြလိမ့်မည်။
ရင်ဆိုင်၍မရနိုင်ပါက အခြားဘုရင်သည်အဝေး၌ရှိနေစဉ် သံတမန်ကိုစေလွှတ်၍ စစ်ပြေငြိမ်းရေးအတွက် စကားကမ်းလှမ်းရပေလိမ့်မည်။