ကိုယ်တော်ကလည်း“လူတစ်ဦးသည် ညစာစားပွဲကြီးတစ်ခုကိုပြင်ဆင်လျက် လူများစွာတို့ကိုဖိတ်ခေါ်ထား၏။
ကိုယ်တော်က ``လူတစ်ယောက်သည်ကျွေးမွေး ဧည့်ခံပွဲကြီးတစ်ရပ်ကိုကျင်းပရန်ဧည့်သည် အမြောက်အမြားကိုဖိတ်ကြား၏။-
ကိုယ် တော် က လူ တစ် ဦး သည် ခမ်း နား သော စား သောက် ပွဲ ကျင်း ပ ရာ လူ များ စွာ ဖိတ် ထား သ ဖြင့် အ ချိန် ရောက် သော် ကြွ ကြ ပါ။
ကိုယ်တော်က၊ လူတစ်ဦးသည် ကြီးစွာသောပွဲကို စီရင်၍၊ လူများတို့ကို ခေါ်ဖိတ်လေ၏။-
ထိုအခါ ယေရှုက ပုံဥပမာတစ်ခုကို မိန့်တော်မူသည်မှာ “လူတစ်ဦးသည် စားသောက်ပွဲကြီးတစ်ခုကို ပြင်ဆင်ပြီး လူများကို ဖိတ်ခေါ်လေ၏။
“အို ငါ့နှမ၊ ငါ့သတို့သမီး၊ ငါ့ဥယျာဉ်ထဲသို့ ငါလာပြီ။ မုရန်နှင့် အမွှေးနံ့သာတို့ကို ငါစုသိမ်းပြီ။ ပျားလပို့မှပျားရည်တို့ကို ငါစားပြီ။ စပျစ်ဝိုင်နှင့် နို့ကိုလည်း ငါသောက်ရပြီ။” “အို မိတ်ဆွေတို့၊ စားကြပါ။ အို ချစ်သူတို့၊ သောက်၍ ယစ်မူးကြပါ။”
ဧဖရိမ်အမျိုးသည် စစ်သူရဲကဲ့သို့ဖြစ်ကြလိမ့်မည်။ စပျစ်ဝိုင်သောက်သောသူကဲ့သို့ ဝမ်းမြောက်ရွှင်လန်းကြလိမ့်မည်။ ထိုအဖြစ်ကို တွေ့မြင်ရသောသားသမီးများလည်း ဝမ်းမြောက်ကြလိမ့်မည်။ ထာဝရဘုရား၌ သူတို့၏စိတ်နှလုံးရွှင်လန်းရကြလိမ့်မည်။
ဝိညာဉ်တော်နှင့်သတို့သမီးတို့က “ကြွလာတော်မူပါ”ဟု ဆိုကြ၏။ ကြားနာသောသူကလည်း “ကြွလာတော်မူပါ”ဟု ဆိုပါစေ။ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အသက်ရေကို အခမဲ့ယူပါစေ။
ကြည့်ရှုလော့။ ငါသည် တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ မည်သူမဆို ငါ့အသံကိုကြား၍ တံခါးကိုဖွင့်လျှင် ထိုသူရှိရာသို့ ငါဝင်ပြီး သူနှင့်အတူစားသောက်မည်။ သူသည်လည်း ငါနှင့်အတူစားသောက်ရလိမ့်မည်။