တပည့်တော်တို့သည် ထိုစကားကိုကြားလျှင် အလွန်အံ့အားသင့်လျက် “သို့ဖြစ်လျှင် မည်သူသည် ကယ်တင်ခြင်းခံရနိုင်ပါမည်နည်း”ဟု ပြောဆိုကြ၏။
လုကာ 13:23 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ လူတစ်ဦးက “သခင်၊ ကယ်တင်ခြင်းခံရသူ အနည်းငယ်သာရှိသလော”ဟု မေးလျှောက်၏။ ကိုယ်တော်ကလည်း Common Language Bible လူတစ်ယောက်က ``အရှင်၊ ကယ်တင်ခြင်းခံရ သူများသည်အရေအတွက်အားဖြင့်နည်းပါ သလော'' ဟုမေးလျှောက်၏။ Garrad Bible လူ တစ် ဦး က အ ရှင် ဘု ရား၊ ကယ် တင် ခြင်း ခံ ရ သူ နည်း ပါး သ လော ဟု မေး လျှောက် သော်၊ Judson Bible လူတစ်ဦးကလည်း၊ သခင်၊ ကယ်တင်ခြင်းသို့ ရောက်သောသူတို့သည် များသလော၊ နည်းသလောဟု မေးလျှောက်လျှင်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း လူတစ်ဦးက “သခင်… ကယ်တင်ခြင်းခံရသူမှာ လူနည်းစုသာဖြစ်ပါသလော” ဟု မေးသော် မြန်မာ လူတစ်ဦးကလည်း၊ သခင်၊ ကယ်တင်ခြင်းသို့ ရောက်သောသူတို့သည် များသလော၊ နည်းသလောဟု မေးလျှောက်လျှင်၊- |
တပည့်တော်တို့သည် ထိုစကားကိုကြားလျှင် အလွန်အံ့အားသင့်လျက် “သို့ဖြစ်လျှင် မည်သူသည် ကယ်တင်ခြင်းခံရနိုင်ပါမည်နည်း”ဟု ပြောဆိုကြ၏။
ထိုနည်းတူ နောက်ဆုံးသောသူတို့သည် အဦးဆုံးဖြစ်ကြပြီး အဦးဆုံးသောသူတို့သည် နောက်ဆုံးဖြစ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
အကြောင်းမူကား ခေါ်ယူတော်မူခြင်းခံရသောသူတို့သည် များစွာရှိကြသော်လည်း ရွေးကောက်ခံရသောသူတို့သည် နည်းကြ၏”ဟု မိန့်တော်မူ၏။
အသက်ရှင်ခြင်းသို့ရောက်သောတံခါးသည် ကျဉ်း၍ လမ်းသည်ကြမ်းတမ်း၏။ ထိုတံခါးကိုတွေ့ရှိသောသူတို့သည်လည်း နည်းလှ၏။
ထို့နောက် ကိုယ်တော်သည် တစ်မြို့ပြီးတစ်မြို့၊ တစ်ရွာပြီးတစ်ရွာလှည့်လည်၍ သွန်သင်တော်မူရင်း ဂျေရုဆလင်မြို့သို့ခရီးပြုတော်မူ၏။
“ကျဉ်းသောတံခါးမှဝင်ရန် ကြိုးစားကြလော့။ အကြောင်းမူကား လူများစွာတို့သည် ဝင်ရန်ရှာကြံကြသော်လည်း မဝင်နိုင်ကြဟု သင်တို့အား ငါဆို၏။