သူတို့ကို မှောင်မိုက်နှင့်သေခြင်း၏အရိပ်ထဲမှ ထုတ်ဆောင်၍ သူတို့ခံရသောအချည်အနှောင်များကို ဖြတ်တော်မူ၏။
လုကာ 13:16 - မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်လျှင် တစ်ဆယ့်ရှစ်နှစ်ပတ်လုံး စာတန်ချည်နှောင်ထားသည့် အာဗြဟံ၏သမီးဖြစ်သော ဤသူကို ဥပုသ်နေ့၌ ထိုချည်နှောင်ခြင်းမှ လွတ်စေသင့်သည်မဟုတ်လော”ဟု ပြန်၍မိန့်တော်မူ၏။ Common Language Bible အာဗြဟံ၏သမီးဖြစ်သူဤအမျိုးသမီး သည် တစ်ဆယ့်ရှစ်နှစ်ပတ်လုံးစာတန်၏အနှောင် အဖွဲ့ကိုခံခဲ့ရ၏။ သူ့အားဥပုသ်နေ့၌ထို အနှောင်အဖွဲ့မှမလွှတ်အပ်သလော'' ဟုမိန့် တော်မူ၏။- Garrad Bible သို့ နှင့် အ ညီ တစ် ဆယ့် ရှစ် နှစ် တိုင် စာ တန် ချည် နှောင် ထား သော အာ ဗြ ဟံ့ သ မီး ဖြစ် သူ ဤ မိန်း မ ကို ဥ ပုသ် နေ့ တွင် ဖြည်၍ မ လွှတ် သင့် လော ဟု မိန့် တော် မူ သော်၊ Judson Bible တစ်ဆယ်ရှစ်နှစ်ပတ်လုံး စာတန်ချည်နှောင်သော အာဗြဟံ၏သမီးဖြစ်သော ဤမိန်းမကို ဤချည်နှောင်ခြင်းမှ ဥပုသ်နေ့၌ မလွှတ်ရသလောဟု မိန့်တော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ဖြစ်လျှင် ဆယ့်ရှစ်နှစ်ပတ်လုံး နတ်ဆိုး၏ချည်နှောင်ထားခြင်းခံရသည့် အာဗြဟံ၏မျိုးဆက်ဖြစ်သော ဤအမျိုးသမီးသည် ဥပုသ်နေ့တွင် လွတ်ခွင့်မရသင့်သလော” ဟု မိန့်တော်မူ၏။ မြန်မာ တစ်ဆယ်ရှစ်နှစ်ပတ်လုံး စာတန်ချည်နှောင်သော အာဗြဟံ၏သမီးဖြစ်သော ဤမိန်းမကို ဤချည်နှောင်ခြင်းမှ ဥပုသ်နေ့၌ မလွှတ်ရသလောဟု မိန့်တော်မူ၏။- |
သူတို့ကို မှောင်မိုက်နှင့်သေခြင်း၏အရိပ်ထဲမှ ထုတ်ဆောင်၍ သူတို့ခံရသောအချည်အနှောင်များကို ဖြတ်တော်မူ၏။
ယေရှုကလည်း“အချင်းစာတန်၊ ထွက်သွားလော့။ ‘သင်၏ဘုရားသခင်ထာဝရဘုရားကိုရှိခိုး၍ ထိုအရှင်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်’ဟူ၍ ကျမ်းစာ၌ရေးထားသည်”ဟု မိန့်တော်မူ၏။
တစ်ဖန် သူတို့အား“ဥပုသ်နေ့သည် လူအတွက်ဖြစ်လာ၏။ လူသည် ဥပုသ်နေ့အတွက်ဖြစ်လာသည်မဟုတ်။
ထိုအခါ သူက ‘အဖအာဗြဟံ၊ အကျွန်ုပ်ကိုသနားပါ။ အကျွန်ုပ်သည် ဤမီးလျှံထဲတွင် ဝေဒနာပြင်းစွာခံစားနေရသောကြောင့် လာဇရုသည် သူ၏လက်ဖျားကိုရေ၌နှစ်၍ အကျွန်ုပ်၏လျှာကိုအေးစေဖို့ရန် သူ့ကိုစေလွှတ်ပေးပါ’ဟု အော်ဟစ်ပြောဆိုလေ၏။
ယေရှုကလည်း“ယနေ့ပင် ကယ်တင်ခြင်းသည် ဤအိမ်ပေါ်သို့သက်ရောက်လေပြီ။ အကြောင်းမူကား သူသည်လည်း အာဗြဟံ၏သားဖြစ်၏။
သို့ဖြစ်၍ နောင်တနှင့်ထိုက်တန်သောအသီးကို သီးကြလော့။ ငါတို့တွင် အဖအာဗြဟံရှိသည်ဟူ၍ သင်တို့စိတ်ထဲ၌မပြောဆိုကြနှင့်။ သင်တို့အား ငါဆိုသည်ကား ဘုရားသခင်သည် အာဗြဟံအတွက် သားသမီးများကို ဤကျောက်ခဲတို့ထဲမှပေါ်ထွန်းစေနိုင်သည်။
သင်တို့သည် သင်တို့၏အဖမာရ်နတ်နှင့်စပ်ဆိုင်ကြပြီး သင်တို့အဖ၏ဆန္ဒအတိုင်းပြုလိုကြ၏။ မာရ်နတ်သည် အစအဦးကပင် လူသတ်သမားဖြစ်၏။ သူ၌သမ္မာတရားမရှိသောကြောင့် သမ္မာတရား၌မရပ်တည်။ သူသည် လိမ်လည်သောသူဖြစ်ပြီး လိမ်လည်ခြင်း၏အဖလည်းဖြစ်သောကြောင့် လိမ်လည်ပြောဆိုသောအခါ မိမိပင်ကိုစရိုက်အတိုင်းပြောဆို၏။
အာဗြဟံ၏အမျိုးအနွယ်ဝင်ဖြစ်သူများနှင့် သင်တို့ထဲမှ ဘုရားသခင်ကိုကြောက်ရွံ့သောညီအစ်ကိုတို့၊ ဤကယ်တင်ခြင်းသတင်းစကားသည် ငါတို့ထံသို့ ပေးပို့ခြင်းခံရ၏။
မာရ်နတ်က သူ့အလိုအတိုင်းပြုစေရန် သူတို့ကိုဖမ်းဆီးထားသော်လည်း သူတို့သည် မာရ်နတ်၏ကျော့ကွင်းမှ လွတ်မြောက်၍ အမြင်မှန်ရကောင်းရကြလိမ့်မည်။