မိမိ၏နှုတ်ကပတ်တော်ကိုစေလွှတ်၍ သူတို့ကိုကျန်းမာစေတော်မူပြီး သူတို့ကို ပျက်စီးခြင်းတွင်းထဲမှ လွတ်မြောက်စေတော်မူ၏။
လုကာ 13:12 - မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် သူ့ကိုမြင်လျှင် အထံတော်သို့ခေါ်၍“အချင်းမိန်းမ၊ သင်သည် သင်၏နာမကျန်းဖြစ်ခြင်းမှ လွတ်မြောက်ပြီ”ဟု မိန့်တော်မူပြီးလျှင် Common Language Bible သခင်ယေရှုသည်ထိုအမျိုးသမီးကိုမြင် သောအခါ အထံတော်သို့ခေါ်တော်မူလျက် ``အချင်းအမျိုးသမီးသင့်ရောဂါပျောက် ပြီ'' ဟုမိန့်တော်မူ၏။- Garrad Bible ယေ ရှု မြင် သော် ခေါ် တော် မူ၍ အ ချင်း မိန်း မ၊ Judson Bible ယေရှုသည် ထိုမိန်းမကို မြင်တော်မူလျှင် အထံတော်သို့ခေါ်၍၊ အချင်းမိန်းမ၊ သင်သည် အနာရောဂါနှင့် လွတ်၏ဟု မိန့်တော်မူလျက်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် သူ့ကို မြင်တော်မူလျှင် မိမိထံသို့ ခေါ်၍ “အို အမျိုးသမီး… သင့်ရောဂါ ပျောက်ပြီ” ဟု မိန့်လျက် မြန်မာ ယေရှုသည် ထိုမိန်းမကို မြင်တော်မူလျှင် အထံတော်သို့ခေါ်၍၊ အချင်းမိန်းမ၊ သင်သည် အနာရောဂါနှင့် လွတ်၏ဟု မိန့်တော်မူလျက်၊- |
မိမိ၏နှုတ်ကပတ်တော်ကိုစေလွှတ်၍ သူတို့ကိုကျန်းမာစေတော်မူပြီး သူတို့ကို ပျက်စီးခြင်းတွင်းထဲမှ လွတ်မြောက်စေတော်မူ၏။
ထာဝရဘုရားက “ငါ့ကိုမမေးမြန်းသောသူတို့ထံ ငါ့ကိုယ်ငါ ထင်ရှားပြ၏။ ငါ့ကိုမရှာသောသူတို့သည် ငါ့ကိုတွေ့ရှိကြ၏။ ငါ့နာမကိုမခေါ်သောလူမျိုးအား ‘ဤနေရာတွင် ငါရှိ၏။ ဤနေရာတွင် ငါရှိ၏’ဟု ငါဆို၏။
ထယ်များကို ဓားအဖြစ်၊ တံစဉ်များကို လှံအဖြစ် ပြောင်းလဲထုလုပ်ကြ။ အားနည်းသူကလည်း “ငါသည် ခွန်အားကြီးသူဖြစ်၏”ဟု ဆိုစေ။
ထို့နောက် ကိုယ်တော်သည် ဂါလိလဲနယ်တစ်နယ်လုံးကို လှည့်လည်၍ ဝတ်ပြုစည်းဝေးကျောင်းများ၌ သွန်သင်တော်မူကာ နိုင်ငံတော်နှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုဟောပြောလျက် လူတို့ထဲ၌စွဲကပ်နေသော ရောဂါအမျိုးမျိုးနှင့်အဖျားအနာရှိသမျှတို့ကို ပျောက်ကင်းစေတော်မူ၏။
ညနေချမ်းအချိန်ရောက်သောအခါ လူတို့သည် နတ်ဆိုးပူးသူများစွာတို့ကို အထံတော်သို့ခေါ်ဆောင်လာကြရာ ကိုယ်တော်သည် ထိုနတ်တို့ကို နှုတ်တော်ထွက်စကားဖြင့် နှင်ထုတ်တော်မူ၏။ နာမကျန်းဖြစ်သူရှိသမျှတို့ကိုလည်း ကျန်းမာစေတော်မူ၏။
ထိုအခါ တစ်ဆယ့်ရှစ်နှစ်ပတ်လုံး နာမကျန်းဖြစ်စေသောနတ်ပူးသဖြင့် ခါးကုန်းလျက် လုံးဝတည့်မတ်စွာမရပ်နိုင်သောအမျိုးသမီးတစ်ဦးရှိ၏။
သူ့အပေါ် လက်တော်ကိုတင်တော်မူ၏။ ထိုခဏချင်းတွင် သူ၏ခါးသည် ပြန်လည်တည့်မတ်သွား၍ သူသည် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းလေ၏။
သို့ဖြစ်လျှင် တစ်ဆယ့်ရှစ်နှစ်ပတ်လုံး စာတန်ချည်နှောင်ထားသည့် အာဗြဟံ၏သမီးဖြစ်သော ဤသူကို ဥပုသ်နေ့၌ ထိုချည်နှောင်ခြင်းမှ လွတ်စေသင့်သည်မဟုတ်လော”ဟု ပြန်၍မိန့်တော်မူ၏။