တစ်ဖန် သူ့ညီအာဗေလကိုမွေးဖွားလေ၏။ အာဗေလသည် သိုးထိန်းဖြစ်၏။ ကာဣနမူကား မြေကိုထွန်ယက်လုပ်ကိုင်သောသူဖြစ်၏။
လုကာ 11:50 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် အာဗေလ၏သွေးမှစ၍ ဗိမာန်တော်နှင့်ယဇ်ပလ္လင်ကြားတွင် အသတ်ခံခဲ့ရသည့် ဇာခရိ၏သွေးတိုင်အောင် ကမ္ဘာတည်ချိန်မှစ၍ သွန်းလောင်းခြင်းခံရသော ပရောဖက်အပေါင်းတို့၏သွေးကြွေးကို ဤမျိုးဆက်ထံမှ တောင်းယူလိမ့်မည်။ Common Language Bible သို့ဖြစ်၍အာဗေလမှသည်ဗိမာန်တော် အတွင်းပိုင်းနှင့်ယဇ်ပလ္လင်အကြားမှာ အသတ် ခံခဲ့ရသည့်ပရောဖက်ဇာခရိအထိ၊ ကမ္ဘာ တည်ချိန်မှစ၍အသတ်ခံခဲ့ရသောပရော ဖက်များ၏အသွေးကြောင့် ဤခေတ်လူတို့ သည်အပြစ်ဒဏ်စီရင်ခြင်းကိုခံရကြ လိမ့်မည်။ ထိုအမှုအားလုံးအတွက် ဤခေတ် လူတို့သည်အပြစ်ဒဏ်စီရင်ခြင်းကိုခံရ ကြလိမ့်မည်ဟုငါအမှန်ဆို၏။ Garrad Bible အာ ဗေ လ အ သွေး မှ ပူ ဇော် ရာ ပ လ္လင် တော် နှင့် ဗိ မာန် တော် ကြား တွင် သေ ရ သော ဇာ ခ ရိ အ သွေး တိုင် အောင် ဤ လော က တည် သည် က စ၍ လွန် ခဲ့ သော ပ ရော ဖက် ရှိ သ မျှ တို့ အ သွေး ကို ယ ခု လူ မျိုး ထံ မှ တောင်း ဆို ရ စေ ခြင်း ငှာ တည်း။ ယ ခု လူ မျိုး ထံ မှ မု ချ တောင်း ဆို တော် မူ လိမ့် မည် ငါ ဆို၏။ Judson Bible ထိုကြောင့်၊ အာဗေလ၏ အသွေးမှစ၍၊ ယဇ်ပလ္လင်နှင့် အိမ်တော်၏အကြား၌ သတ်ခဲ့ပြီးသော ဇာခရိ၏အသွေးတိုင်အောင် ကမ္ဘာဦးမှစ၍ သွန်းပြီးသော ပရောဖက်အပေါင်းတို့၏ အသွေးကြောင့် ယခုဖြစ်သော လူတို့သည် စစ်ကြောခြင်းကို ခံရကြမည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အာဗေလ၏သွေးမှစ၍ ယဇ်ပလ္လင်နှင့် ဗိမာန်တော်ကြား၌ အသတ်ခံခဲ့ရသည့် ဇာခရိ၏သွေးတိုင်အောင် ကမ္ဘာတည်ချိန်မှစ၍ ပရောဖက်ရှိသမျှတို့ ပေးဆပ်ခဲ့ရသောသွေးကြွေးကို ဤမျိုးဆက်တို့သည် ပေးဆပ်ရလိမ့်မည်။ မှန်ပါ၏။ ဤမျိုးဆက်တို့သည် ထိုသွေးကြွေးကို ပြန်လည်ပေးဆပ်ရလိမ့်မည်ဟု ငါပြောဆို၏။ မြန်မာ ထိုကြောင့်၊ အာဗေလ၏ အသွေးမှစ၍၊ ယဇ်ပလ္လင်နှင့် အိမ်တော်၏အကြား၌ သတ်ခဲ့ပြီးသော ဇာခရိ၏အသွေးတိုင်အောင် ကမ္ဘာဦးမှစ၍ သွန်းပြီးသော ပရောဖက်အပေါင်းတို့၏ အသွေးကြောင့် ယခုဖြစ်သော လူတို့သည် စစ်ကြောခြင်းကို ခံရကြမည်။- |
တစ်ဖန် သူ့ညီအာဗေလကိုမွေးဖွားလေ၏။ အာဗေလသည် သိုးထိန်းဖြစ်၏။ ကာဣနမူကား မြေကိုထွန်ယက်လုပ်ကိုင်သောသူဖြစ်၏။
မနာရှေမင်းကြီးသည် အပြစ်ကင်းသောသူတို့ကိုသတ်၍ ဂျေရုဆလင်မြို့တွင် အပြစ်ကင်းသောသူတို့၏သွေးနှင့် ပြည့်စေသောကြောင့် ထာဝရဘုရားသည် သူ့ကို ခွင့်လွှတ်ရန် အလိုတော်မရှိ။
အကြောင်းမူကား သွေးကြွေးပြန်တောင်းတတ်သော ကိုယ်တော်သည် ထိုသူတို့ကိုအောက်မေ့တော်မူ၏။ ဖိစီးနှိပ်စက်ခြင်းခံရသောသူတို့၏ အော်ဟစ်တောင်းလျှောက်သံကို မေ့လျော့တော်မမူပါ။
ထိုအရာတို့ကို မပျပ်ဝပ်မကိုးကွယ်ရ။ အကြောင်းမူကား သင်၏ဘုရားသခင် ငါထာဝရဘုရားသည် သဝန်တိုတတ်သောဘုရား၊ ငါ့ကိုမုန်းသောသူတို့၏မျိုးဆက် တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင် ဖခင်တို့၏အပြစ်အတွက် သားမြေးတို့ကို ဒဏ်ခတ်သောဘုရား၊
အကြောင်းမူကား ကြည့်ရှုလော့။ ထာဝရဘုရားသည် မြေကြီးသားတို့ကို အပြစ်ဒဏ်ပေးရန် ကိန်းဝပ်တော်မူရာအရပ်မှ ကြွလာတော်မူ၏။ ထိုအခါ မြေကြီးသည် မိမိ၌ အသတ်ခံရသောသူတို့ကို ထုတ်ပြမည်။ သတ်သောသူတို့ကိုလည်း ဝှက်ထားမည်မဟုတ်။
အကြောင်းမူကား ဘေဘီလုံမြို့ကို တိုက်ခိုက်ဖျက်ဆီးမည့်သူ ရောက်လာပြီ။ ဘေဘီလုံစစ်သူရဲတို့ အဖမ်းခံရပြီ။ သူတို့၏လေးတို့သည်လည်း ကျိုးလေပြီ။ ထာဝရဘုရားသည် အကျိုးအပြစ်အလျောက် ပြန်ပေးဆပ်သောဘုရားသခင် ဖြစ်တော်မူသောကြောင့် အမှန်ပင် ပြန်ပေးဆပ်တော်မူမည်။
သင်တို့၏ဆံပင်ကိုရိတ်၍ လွှင့်ပစ်လော့။ တောင်ကတုံးများပေါ်၌ မြည်တမ်းခြင်းပြုကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် အမျက်တော်ခံထိုက်သောမျိုးဆက်ကို ပယ်တော်မူပြီ၊ စွန့်ပစ်တော်မူပြီ’ဟူ၍ ပြောကြားရမည်”ဟု မိန့်တော်မူ၏။
သွေးသည် ပြည်ကို ညစ်ညူးစေသည်ဖြစ်၍ သင်တို့နေထိုင်သောပြည်ကို မညစ်ညူးစေရ။ ပြည်၌ သွန်းသောသွေးအတွက် သွေးသွန်းသောသူ၏သွေးမှတစ်ပါး ထိုပြည်အတွက် အပြစ်ဖြေလွှတ်ခြင်းကိုမပြုနိုင်။
ထို့နောက် မင်းကြီးသည် မိမိ၏လက်ယာတော်ဘက်၌ရှိသောသူတို့အား ‘ငါ့ခမည်းတော်ထံမှ ကောင်းချီးမင်္ဂလာခံစားရသောသူတို့၊ ကမ္ဘာတည်ကတည်းက သင်တို့အတွက် ပြင်ဆင်ထားသောနိုင်ငံတော်ကို လာ၍ အမွေဆက်ခံကြလော့။