ငါသည် သင်နှင့်မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကိုကြိတ်လိမ့်မည်။ သင်သည်လည်း သူ၏ဖနောင့်ကိုကြိတ်လိမ့်မည်”ဟု မိန့်တော်မူ၏။
လုကာ 11:22 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် သူ့ထက်ခွန်အားကြီးသောသူသည်ရောက်လာ၍ သူ့ကိုတိုက်ခိုက်အောင်နိုင်သောအခါ သူအားကိုးခဲ့သည့် လက်နက်စုံကိုသိမ်းယူ၍ သိမ်းပိုက်ရရှိသည့်ပစ္စည်းများကို ခွဲဝေလိမ့်မည်။ Common Language Bible သို့ရာတွင်ထိုသူထက်ခွန်အားကြီးသူသည် ရောက်လာ၍ သူ့ကိုတိုက်ခိုက်အောင်မြင်သော အခါ သူအားကိုးအားထားပြုသည့်လက် နက်များကိုသိမ်းယူသွားလိမ့်မည်။ တိုက်ခိုက် ၍ရရှိသောဥစ္စာပစ္စည်းများကိုလည်းခွဲ ဝေလိမ့်မည်။'' Garrad Bible သူ့ ထက် ခွန် အား ကြီး သူ သည် ရောက် လာ အောင် မြင် သော် အား ကိုး သော လက် နက် စုံ ကို သိမ်း၍ ဥ စ္စာ များ ကို ခွဲ ယူ တတ်၏။ Judson Bible သူ့ထက် တတ်စွမ်းနိုင်သောသူသည် လာ၍ သူ့ကိုအောင်ပြီးမှ၊ သူကိုးစားသော လက်နက်စုံကိုသိမ်းယူ၍ ဥစ္စာပရိကံများကို ခွဲဝေလိမ့်မည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ရာတွင် သူ့ထက်ခွန်အားကြီးသောသူသည် ဝင်ရောက်တိုက်ခိုက်၍ အနိုင်ရသောအခါ သူ၏အားကိုးရာလက်နက်တို့ကို ထိုအနိုင်ရသူသည် သိမ်းယူလျက် ဥစ္စာတို့ကိုလည်း ခွဲဝေလိမ့်မည်။ မြန်မာ သူ့ထက် တတ်စွမ်းနိုင်သောသူသည် လာ၍ သူ့ကိုအောင်ပြီးမှ၊ သူကိုးစားသော လက်နက်စုံကိုသိမ်းယူ၍ ဥစ္စာပရိကံများကို ခွဲဝေလိမ့်မည်။- |
ငါသည် သင်နှင့်မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကိုကြိတ်လိမ့်မည်။ သင်သည်လည်း သူ၏ဖနောင့်ကိုကြိတ်လိမ့်မည်”ဟု မိန့်တော်မူ၏။
ရန်သူက ‘ငါလိုက်မည်။ သူတို့ကို ငါမီမည်။ တိုက်ယူသောပစ္စည်းကိုခွဲဝေ၍ ငါ့စိတ်အလိုပြည့်မည်။ ငါ့ဓားကိုထုတ်၍ သူတို့ကို ငါ့လက်ဖြင့် ဖျက်ဆီးမည်’ဟု ဆိုသောအခါ
ထိုနေ့ရက်၌ ထာဝရဘုရားသည် ထွက်ပြေးနေသောမြွေကြီးလဝိသန်၊ တွန့်လိမ်နေသောမြွေကြီးလဝိသန်ကို ခိုင်မာ၍အစွမ်းထက်သော မိမိဓားကြီးဖြင့်အပြစ်ဒဏ်ပေးတော်မူမည်။ ပင်လယ်မြွေနဂါးကိုလည်း သတ်ဖြတ်တော်မူမည်။
သူသည် အသက်စွန့်၍ အသေခံခဲ့၏။ အပြစ်ကျူးလွန်သူတို့၏စာရင်းတွင် ထည့်သွင်းခြင်းခံရ၏။ သူသည် လူများစွာတို့၏အပြစ်ကိုထမ်းသွား၍ အပြစ်ကျူးလွန်သောသူတို့အတွက် ကြားဝင်စေ့စပ်ပေး၏။ ထို့ကြောင့် ငါသည် သူ့အား ကြီးမြတ်သောသူတို့နှင့်အတူ ဝေစုတစ်စုခွဲဝေပေးမည်။ သူသည် အားကြီးသောသူတို့နှင့်အတူ လုယက်ပစ္စည်းကို ခွဲဝေမည်။
ခွန်အားကြီးသောသူသည် လက်နက်အပြည့်အစုံဖြင့် မိမိခြံဝင်းကိုစောင့်ကြပ်နေသောအခါ သူ၏ဥစ္စာပစ္စည်းများသည်လုံခြုံမှုရှိ၏။
ငါ့ဘက်၌မနေသောသူသည် ငါ့ကိုဆန့်ကျင်သောသူဖြစ်၏။ ငါနှင့်အတူမစုမသိမ်းသောသူသည် တစ်ကွဲတစ်ပြားဖြစ်စေသောသူဖြစ်၏။
သင်တို့သည် မာရ်နတ်၏လျှို့ဝှက်သောအကြံအစည်များကို ခုခံတားဆီးနိုင်ရန် ဘုရားသခင်၏လက်နက်စုံကို ဆောင်ယူဝတ်ဆင်ကြလော့။
ထို့ကြောင့် ဆိုးညစ်သောနေ့ရက်ကာလ၌ ကြံ့ကြံ့ခံ၍ အလုံးစုံတို့ကိုပြီးမြောက်စေလျက် ရပ်တည်နိုင်ရန် ဘုရားသခင်၏လက်နက်စုံကို ဆောင်ယူကြလော့။
အုပ်ချုပ်မှုများနှင့်အာဏာစက်များကိုလည်း အစွမ်းမဲ့စေ၍ လက်ဝါးကပ်တိုင်အားဖြင့် ၎င်းတို့ကို အောင်ပွဲခံပြီး အများတကာရှေ့တွင် ထင်ရှားစွာအရှက်ကွဲစေတော်မူ၏။
အပြစ်ကိုပြုနေသောသူသည် မာရ်နတ်နှင့်စပ်ဆိုင်သောသူဖြစ်၏။ အကြောင်းမူကား မာရ်နတ်သည် အစအဦးကပင် အပြစ်ပြုလျက်ရှိ၏။ ဘုရားသခင်၏သားတော်ပေါ်ထွန်းတော်မူခဲ့သည်မှာ မာရ်နတ်၏လုပ်ဆောင်မှုတို့ကို ပယ်ဖျက်ရန်အတွက်ဖြစ်၏။
သားသမီးတို့၊ သင်တို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သူများဖြစ်ကြ၍ ထိုသူတို့ကိုအောင်နိုင်ကြပြီ။ အကြောင်းမူကား သင်တို့ဘက်၌ရှိသောသူသည် လောကဘက်၌ရှိသောသူထက် ကြီးမြတ်တော်မူ၏။