တပည့်သည် သူ့ဆရာကဲ့သို့လည်းကောင်း၊ ကျွန်သည် သူ့သခင်ကဲ့သို့လည်းကောင်း ဖြစ်လာလျှင် လုံလောက်ပေ၏။ အိမ်ရှင်ကို ဗေလဇေဗုလဟုခေါ်ကြလျှင် သူ၏အိမ်သူအိမ်သားများကို မည်မျှ ပို၍ဆိုးရွားစွာခေါ်ကြလိမ့်မည်နည်း။
လုကာ 11:15 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ထိုသူတို့ထဲမှ အချို့တို့က “သူသည် နတ်ဆိုးတို့၏အကြီးအကဲ ဗေလဇေဗုလကိုအမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်သည်”ဟု ပြောဆိုကြ၏။ Common Language Bible သို့ရာတွင်လူအချို့က ``ကိုယ်တော်သည်နတ် မိစ္ဆာဘုရင်ဗေလဇေဗုလကိုအမှီပြု၍နတ် မိစ္ဆာများကိုနှင်ထုတ်သည်'' ဟုဆိုကြ၏။ Garrad Bible အ ချို့ က သူ သည် နတ် မင်း ဗေ လ ဇေ ဗု လ ကို မှီ ပြီး လျှင် နတ် များ ကို နှင် ထုတ် သည် ဟု ဆို ကြ၏။ Judson Bible အချို့တို့က ဤသူသည် နတ်ဆိုးမင်း ဗေလဇေဗုလကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ဆိုကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် တချို့က “သူသည် နတ်ဆိုးမင်းဗေလဇေဗုလကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်” ဟု ဆိုကြ၏။ မြန်မာ အချို့တို့က ဤသူသည် နတ်ဆိုးမင်း ဗေလဇေဗုလကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ဆိုကြ၏။- |
တပည့်သည် သူ့ဆရာကဲ့သို့လည်းကောင်း၊ ကျွန်သည် သူ့သခင်ကဲ့သို့လည်းကောင်း ဖြစ်လာလျှင် လုံလောက်ပေ၏။ အိမ်ရှင်ကို ဗေလဇေဗုလဟုခေါ်ကြလျှင် သူ၏အိမ်သူအိမ်သားများကို မည်မျှ ပို၍ဆိုးရွားစွာခေါ်ကြလိမ့်မည်နည်း။
ထို့နောက် လူတို့သည် နတ်ဆိုးပူးသည့် မျက်မမြင်ဆွံ့အသောသူတစ်ဦးကို အထံတော်သို့ခေါ်ဆောင်ခဲ့ကြရာ ကိုယ်တော်သည် ထိုသူကိုကျန်းမာစေတော်မူသဖြင့် ထိုဆွံ့အသောသူသည် စကားပြောနိုင်ပြီး မျက်စိလည်းမြင်လာ၏။
ထိုအခါ ကိုယ်တော်၏သတင်းသည် ဆီးရီးယားပြည်တစ်ဝန်းလုံးသို့ ပျံ့နှံ့သွားသဖြင့် လူတို့သည် ရောဂါအမျိုးမျိုးစွဲကပ်၍ ဝေဒနာခံစားနေရသူများ၊ နတ်ဆိုးပူးသူများ၊ ဝက်ရူးပြန်ရောဂါစွဲသောသူများနှင့် လေဖြတ်သောသူများ စသည့်နာမကျန်းဖြစ်သူအပေါင်းတို့ကို အထံတော်သို့ခေါ်ဆောင်လာကြရာ ကိုယ်တော်သည် သူတို့ကို ကျန်းမာစေတော်မူ၏။
သို့သော် ဖာရိရှဲတို့က “သူသည် နတ်ဆိုးတို့၏အကြီးအကဲကိုအမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်နေသည်”ဟု ပြောဆိုကြ၏။
သူတို့ထဲမှ အများစုက “သူသည် နတ်ဆိုးပူး၍ ရူးသွပ်နေပြီ။ သူ့ကို အဘယ်ကြောင့် နားထောင်ကြသနည်း”ဟု ဆိုကြ၏။
လူထုပရိသတ်က “သင့်ကိုနတ်ဆိုးပူးနေ၏။ သင့်ကိုသတ်ရန် မည်သူရှာကြံနေသနည်း”ဟု ဆိုကြ၏။
ဂျူးလူမျိုးတို့ကလည်း “သင်သည် ရှမာရိနယ်သားဖြစ်ပြီး သင့်ကိုနတ်ဆိုးပူးနေသည်ဟူ၍ ငါတို့ပြောကြသည်မှာ လျောက်ပတ်သည်မဟုတ်လော”ဟု ပြန်ပြောကြ၏။
ထိုအခါ ဂျူးလူမျိုးတို့က “သင့်ကိုနတ်ဆိုးပူးနေကြောင်း ယခု အကျွန်ုပ်တို့သိကြပြီ။ အာဗြဟံသည် သေလွန်ခဲ့ပြီး ပရောဖက်တို့လည်း သေလွန်ကြပြီ။ သင်မူကား‘မည်သူမဆို ငါ့စကားကိုလိုက်နာစောင့်ထိန်းလျှင် ကာလအစဉ်အဆက် မည်သည့်အခါမျှ သေခြင်းကိုမြည်းစမ်းရမည်မဟုတ်’ဟု ဆိုပါသည်တကား။