အို ထာဝရဘုရား၊ ကိုယ်တော်သည် ဖိစီးနှိပ်စက်ခြင်းခံရသောသူတို့၏အလိုဆန္ဒကို ကြားသိလျက် သူတို့၏စိတ်နှလုံးကို တည်ကြည်စေတော်မူ၏။
လုကာ 11:1 - မြန်မာ့စံမီသမ္မာကျမ်း တစ်ခါက ကိုယ်တော်သည် တစ်နေရာ၌ ဆုတောင်းလျက်နေတော်မူ၏။ ဆုတောင်းပြီးသောအခါ တပည့်တော်တစ်ပါးက “သခင်ဘုရား၊ ယောဟန်သည် သူ၏တပည့်များကိုသင်ပေးသကဲ့သို့ အကျွန်ုပ်တို့ကိုလည်း ဆုတောင်းရန်သင်ပေးတော်မူပါ”ဟု လျှောက်လေ၏။ Common Language Bible အခါတစ်ပါး၌ကိုယ်တော်သည်တစ်ခုသော အရပ်တွင်ဆုတောင်းပတ္ထနာပြုလျက်နေတော် မူ၏။ ဆုတောင်းပတ္ထနာပြီးဆုံးသောအခါ တပည့်တော်တစ်ဦးက ``အရှင်ဘုရား၊ ယောဟန် သည်မိမိ၏တပည့်များအားဆုတောင်းပတ္ထ နာပြုရန်နည်းပေးသကဲ့သို့ အကျွန်ုပ်တို့အား လည်းပေးတော်မူပါ'' ဟုလျှောက်ထား၏။ Garrad Bible တစ် ခု သော နေ ရာ တွင် ပ ဌ နာ ပြု တော် မူ သည့် အ ဆုံး၌ တ ပည့် တော် တစ် ယောက် က အ ရှင် ဘု ရား၊ ယော ဟန် သည် ကိုယ့် တ ပည့် တို့ အား သွန် သင် သည့် နည်း တူ တ ပည့် တော် တို့ လည်း ပ ဌ နာ ပြု ရန် သွန် သင် တော် မူ ပါ ဟု လျှောက် သော်၊ Judson Bible တစ်ရံရောအခါ ကိုယ်တော်သည် တစ်စုံတစ်ခုသောအရပ်တွင် ဆုတောင်းတော်မူပြီးလျှင်၊ တပည့်တော်တစ်ယောက်က၊ သခင်၊ ဆုတောင်းစေခြင်းငှာ ယောဟန်သည်မိမိတပည့်တို့အား နည်းပေးသကဲ့သို့ အကျွန်ုပ်တို့အား နည်းပေးတော်မူပါဟု လျှောက်သော်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်ခါက ယေရှုသည် တစ်နေရာတွင် ဆုတောင်းလျက်နေတော်မူ၏။ ဆုတောင်းတော်မူပြီးနောက် တပည့်တော်များထဲမှ တစ်ဦးက “သခင်… ယောဟန်သည် သူ၏တပည့်များကို ဆုတောင်းရန် သင်ပေးသကဲ့သို့ ကျွန်ုပ်တို့ကိုလည်း သင်ပေးတော်မူပါ” ဟု လျှောက်လေ၏။ မြန်မာ တစ်ရံရောအခါ ကိုယ်တော်သည် တစ်စုံတစ်ခုသောအရပ်တွင် ဆုတောင်းတော်မူပြီးလျှင်၊ တပည့်တော်တစ်ယောက်က၊ သခင်၊ ဆုတောင်းစေခြင်းငှာ ယောဟန်သည်မိမိတပည့်တို့အား နည်းပေးသကဲ့သို့ အကျွန်ုပ်တို့အား နည်းပေးတော်မူပါဟု လျှောက်သော်၊- |
အို ထာဝရဘုရား၊ ကိုယ်တော်သည် ဖိစီးနှိပ်စက်ခြင်းခံရသောသူတို့၏အလိုဆန္ဒကို ကြားသိလျက် သူတို့၏စိတ်နှလုံးကို တည်ကြည်စေတော်မူ၏။
အကျွန်ုပ်၏ကျောက်ဆောင်၊ အကျွန်ုပ်ကိုရွေးနုတ်တော်မူသောအရှင် အို ထာဝရဘုရား၊ အကျွန်ုပ်၏နှုတ်ထွက်စကားများနှင့် အကျွန်ုပ်စိတ်နှလုံး၏အတွေးအကြံသည် ရှေ့တော်၌နှစ်သက်ဖွယ်ဖြစ်ပါစေသော။
သို့သော် လိုအပ်သောအရာသည် တစ်ခုတည်းရှိ၏။ မာရိသည် ထိုကောင်းမြတ်သည့်အပိုင်းကို ရွေးချယ်ပြီဖြစ်၍ ၎င်းကို သူ့ထံမှမနုတ်မပယ်ရာ”ဟု မိန့်တော်မူ၏။
ကိုယ်တော်ကလည်း“သင်တို့ဆုတောင်းကြသောအခါ ‘အဖ၊ ကိုယ်တော်၏နာမတော်သည် ရိုသေလေးမြတ်ခြင်းခံရပါစေသော။ နိုင်ငံတော်ပေါ်ထွန်းပါစေသော။
ထိုနေ့ရက်များ၌ ကိုယ်တော်သည် ဆုတောင်းရန် တောင်ပေါ်သို့ကြွ၍ ဘုရားသခင်ထံ တစ်ညလုံးဆုတောင်းလျက်နေတော်မူ၏။
သခင်ဘုရားသည် ထိုအမျိုးသမီးကိုမြင်သောအခါ သူ့အပေါ်ကြင်နာစိတ်ရှိတော်မူ၍“မငိုနှင့်”ဟု မိန့်တော်မူ၏။
သခင်ဘုရားထံသို့စေလွှတ်ကာ “ကိုယ်တော်သည် ကြွလာတော်မူသောအရှင်ဖြစ်ပါသလော၊ သို့မဟုတ် အခြားသောသူကို စောင့်မျှော်ရပါမည်လော”ဟု မေးလျှောက်စေ၏။
တစ်နေ့သ၌ ကိုယ်တော်သည် တစ်ပါးတည်းဆုတောင်းလျက်နေတော်မူစဉ် တပည့်တော်တို့သည် ကိုယ်တော်နှင့်အတူရှိကြ၏။ ထိုအခါ ကိုယ်တော်က“လူထုပရိသတ်တို့သည် ငါ့ကို မည်သူဖြစ်သည်ဟုဆိုကြသနည်း”ဟူ၍ သူတို့အား မေးတော်မူ၏။
ဤတရားစကားတို့ကို မိန့်တော်မူပြီးနောက် ရှစ်ရက်ခန့်ကြာသောအခါ ကိုယ်တော်သည် ပေတရု၊ ယောဟန်နှင့် ယာကုပ်တို့ကိုခေါ်၍ ဆုတောင်းရန် တောင်ပေါ်သို့တက်သွားတော်မူ၏။
ခရစ်တော်သည် လူသားအဖြစ်၌ရှိစဉ် သေခြင်းမှကယ်တင်နိုင်သောအရှင်ထံ ကျယ်လောင်သောအော်ဟစ်သံနှင့်မျက်ရည်တို့ဖြင့် တောင်းလျှောက်၍ အသနားခံသဖြင့် ထိုကြည်ညိုမှုကြောင့် ဘုရားသခင်သည် နားညောင်းတော်မူ၏။
ချစ်ရသောသူတို့၊ သင်တို့မူကား မိမိတို့၏အလွန်သန့်ရှင်းသောယုံကြည်ခြင်းအပေါ်၌ မိမိတို့ကိုယ်ကိုတည်ဆောက်လျက် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဆုတောင်းကြလော့။