နှုတ်ခမ်းအသီးကို ငါဖန်ဆင်း၏။ ဝေးသောသူ၊ နီးသောသူတို့၌ ငြိမ်သက်ခြင်း ရှိစေသော။ ငါသည် သူ့ကို ကုသပေးမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
လုကာ 10:5 - မြန်မာ့စံမီသမ္မာကျမ်း မည်သည့်အိမ်သို့မဆို သင်တို့ဝင်ကြသောအခါ ‘ဤအိမ်၌ ငြိမ်သက်ခြင်းရှိပါစေ’ဟူ၍ ဦးစွာနှုတ်ဆက်ကြလော့။ Common Language Bible သင်တို့မည်သည့်အိမ်သို့မဆိုဝင်သောအခါ ``ဤ အိမ်၌ငြိမ်သက်ခြင်းရှိပါစေ'' ဟုဦးစွာမေတ္တာ ပို့ကြလော့။- Garrad Bible မည် သည့် အိမ် သို့ မ ဆို ဝင် သော် ဤ အိမ်၌ ချမ်း သာ တည် ပါ စေ သော ဟူ၍ ဦး စွာ ဆို ကြ လော့။ Judson Bible မည်သည့်အိမ်သို့ ဝင်သောအခါ၊ ဤအိမ်၌ မင်္ဂလာဖြစ်ပါစေသောဟု ရှေ့ဦးစွာပြောကြလော့။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အိမ်တစ်အိမ်သို့ ဝင်သောအခါ ‘ဤအိမ်တွင် ငြိမ်းချမ်းခြင်းရှိပါစေ’ ဟု ဦးစွာမေတ္တာပို့ကြလော့။ မြန်မာ မည်သည့်အိမ်သို့ ဝင်သောအခါ၊ ဤအိမ်၌ မင်္ဂလာဖြစ်ပါစေသောဟု ရှေ့ဦးစွာပြောကြလော့။ |
နှုတ်ခမ်းအသီးကို ငါဖန်ဆင်း၏။ ဝေးသောသူ၊ နီးသောသူတို့၌ ငြိမ်သက်ခြင်း ရှိစေသော။ ငါသည် သူ့ကို ကုသပေးမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ပိုက်ဆံအိတ်၊ လွယ်အိတ်နှင့် ဖိနပ်တို့ကို မယူသွားကြနှင့်။ လမ်း၌ မည်သူ့ကိုမျှ နှုတ်မဆက်ကြနှင့်။
ထိုနေရာတွင် ငြိမ်သက်ခြင်း၏သားရှိလျှင် သင်တို့၏ငြိမ်သက်ခြင်းသည် ထိုသူအပေါ်သက်ရောက်လိမ့်မည်။ မရှိလျှင်မူကား ထိုငြိမ်သက်ခြင်းသည် သင်တို့ထံပြန်လာလိမ့်မည်။
ယေရှုကလည်း“ယနေ့ပင် ကယ်တင်ခြင်းသည် ဤအိမ်ပေါ်သို့သက်ရောက်လေပြီ။ အကြောင်းမူကား သူသည်လည်း အာဗြဟံ၏သားဖြစ်၏။
ဘုရားသခင်သည် လူအပေါင်းတို့၏အရှင်သခင်ဖြစ်တော်မူသော ယေရှုခရစ်တော်အားဖြင့် ငြိမ်သက်ခြင်းနှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုဟောပြော၍ အစ္စရေးအမျိုးသားတို့ထံသို့ ပေးပို့တော်မူသောနှုတ်ကပတ်တရားကို သင်တို့သိကြ၏။
ထို့နောက် ကိုယ်တော်သည် ကြွလာတော်မူ၍ အဝေး၌ရှိသောသင်တို့ကိုလည်းကောင်း၊ အနီး၌ရှိသောသူတို့ကိုလည်းကောင်း သင့်မြတ်ငြိမ်းချမ်းခြင်းနှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုဟောပြောတော်မူ၏။
သင်တို့က ‘အသင်နာဗလ၊ အသက်ရှည်ပါစေ။ ချမ်းမြေ့ပါစေ။ သင့်အိမ်သူအိမ်သားများလည်း ချမ်းမြေ့ကြပါစေ။ သင်၌ရှိသောသူအပေါင်းတို့လည်း ချမ်းမြေ့ကြပါစေ။