မေတ္တာကရုဏာနှင့်သမ္မာတရားကို သင့်ထံမှစွန့်ခွာမသွားစေနှင့်။ ၎င်းတို့ကို သင်၏လည်ပင်း၌ဆွဲထား၍ သင့်နှလုံးသားပြင်၌ ရေးထားလော့။
လုကာ 1:63 - မြန်မာ့စံမီသမ္မာကျမ်း ဖခင်သည်လည်း သင်ပုန်းကိုတောင်း၍ “သူ၏အမည်မှာ ယောဟန်ဖြစ်သည်”ဟု ရေးလိုက်သော် ထိုသူအပေါင်းတို့သည်အံ့ဩကြ၏။ Common Language Bible ဇာခရိသည်သင်ပုံးတစ်ချပ်ကိုတောင်းယူပြီး လျှင် ``သူငယ်၏နာမည်ကားယောဟန်ဖြစ်၏'' ဟု ရေး၏။- Garrad Bible ပု ရ ပိုက် တောင်း၍ အ မည် မှာ ယော ဟန် တည်း ဟု ရေး သ ဖြင့် ရှိ သ မျှ တို့ အံ့ သြ ကြ၏။ Judson Bible အဘသည်လည်း သင်ပုန်းကိုတောင်း၍၊ သူ၏အမည်ကား ယောဟန်ဖြစ်၏ဟု ရေးလေသော်၊ ထိုသူအပေါင်းတို့သည် အံ့ဩခြင်းရှိကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ဖခင်က သင်ပုန်းတစ်ချပ်ပေးရန် လက်ရိပ်ပြတောင်းပြီးလျှင် “သူငယ်၏အမည်မှာ ယောဟန်ဖြစ်သည်” ဟု ရေးပြသဖြင့် သူတို့အားလုံးသည် အံ့သြကြ၏။ မြန်မာ အဘသည်လည်း သင်ပုန်းကိုတောင်း၍၊ သူ၏အမည်ကား ယောဟန်ဖြစ်၏ဟု ရေးလေသော်၊ ထိုသူအပေါင်းတို့သည် အံ့ဩခြင်းရှိကြ၏။- |
မေတ္တာကရုဏာနှင့်သမ္မာတရားကို သင့်ထံမှစွန့်ခွာမသွားစေနှင့်။ ၎င်းတို့ကို သင်၏လည်ပင်း၌ဆွဲထား၍ သင့်နှလုံးသားပြင်၌ ရေးထားလော့။
နောင်လာမည့်ကာလအတွက် ထာဝရသက်သေဖြစ်စေရန် ယခု သွား၍ သူတို့ရှေ့၌ ထိုစာကို ကျောက်ပြားပေါ်တွင် အက္ခရာတင်ထားလော့။ စာလိပ်တွင် ရေးမှတ်ထားလော့။
ယုဒအမျိုး၏အပြစ်ကို သူတို့၏နှလုံးသားပြင်၊ သူတို့၏ယဇ်ပလ္လင်ဦးချိုများပေါ်တွင် သံကညစ်ဖြင့် ရေးထိုးထား၏။ စိန်ချွန်ဖြင့် ရေးထွင်းထား၏။
ထိုအခါ ထာဝရဘုရားက ငါ့အား “ဤဗျာဒိတ်နိမိတ်ကို ရေးမှတ်ထားလော့။ ဖတ်သောသူသည် အပြေးအလွှားဖတ်နိုင်မည့်အကြောင်း ကျောက်ပြားပေါ်တွင် ရှင်းလင်းစွာရေးသားလော့။
ယေရှုသည် ထိုစကားကိုကြားလျှင် အံ့ဩ၍ နောက်တော်သို့လိုက်သောသူတို့အား“သင်တို့ကို ငါအမှန်ဆိုမည်။ ဤမျှလောက်ကြီးမားသောယုံကြည်ခြင်းရှိသောသူတစ်စုံတစ်ဦးကိုမျှ အစ္စရေးလူမျိုးထဲ၌ ငါမတွေ့ဖူးချေ။
ကောင်းကင်တမန်က “ဇာခရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်၏ဆုတောင်းသံကို ဘုရားသခင်နားညောင်းတော်မူပြီ။ သင်၏ဇနီးအဲလစ်ဇဘက်သည် သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထိုသား၏အမည်ကို ယောဟန်ဟုမှည့်ခေါ်ရမည်။
သို့ရာတွင် သူငယ်၏မိခင်က “ထိုသို့မမှည့်ရ။ ယောဟန်ဟုမှည့်ခေါ်ရမည်”ဟု ဆိုလေ၏။