လိမ်လည်ပြောဆိုရအောင် ဘုရားသခင်သည် လူဖြစ်သည်မဟုတ်။ စိတ်ပြောင်းလဲရအောင် လူသားဖြစ်သည်မဟုတ်။ ကိုယ်တော်သည် မိန့်တော်မူပြီးမှ မပြုဘဲနေတော်မူမည်လော။ ကတိထားတော်မူပြီးမှ မတည်ဘဲနေတော်မူမည်လော။
လုကာ 1:57 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် အဲလစ်ဇဘက်သည် ဖွားချိန်စေ့၍ သားယောက်ျားကိုဖွားမြင်၏။ Common Language Bible ဧလိရှဗက်သည်နေ့လစေ့သောအခါ သားရတနာကိုဖွားမြင်၏။- Garrad Bible ဧ လိ ရှ ဗက် သည် ဖွား ချိန် စေ့၍ သား ယောက်ျား ကို ဖွား မြင် သော်၊ Judson Bible ဧလိရှဗက်သည် ဖွားအံ့သောနေ့လ စေ့သောအခါ သားယောက်ျားကို ဖွားမြင်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဧလိရှဗက်သည် နေ့လစေ့သောအခါ သားယောက်ျားကို မွေးဖွားလေ၏။ မြန်မာ ဧလိရှဗက်သည် ဖွားအံ့သောနေ့လ စေ့သောအခါ သားယောက်ျားကို ဖွားမြင်၏။- |
လိမ်လည်ပြောဆိုရအောင် ဘုရားသခင်သည် လူဖြစ်သည်မဟုတ်။ စိတ်ပြောင်းလဲရအောင် လူသားဖြစ်သည်မဟုတ်။ ကိုယ်တော်သည် မိန့်တော်မူပြီးမှ မပြုဘဲနေတော်မူမည်လော။ ကတိထားတော်မူပြီးမှ မတည်ဘဲနေတော်မူမည်လော။
ကောင်းကင်တမန်က “ဇာခရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်၏ဆုတောင်းသံကို ဘုရားသခင်နားညောင်းတော်မူပြီ။ သင်၏ဇနီးအဲလစ်ဇဘက်သည် သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထိုသား၏အမည်ကို ယောဟန်ဟုမှည့်ခေါ်ရမည်။
ယုဒနယ်ကိုအုပ်ချုပ်သော ဟေရုဒ်မင်းကြီးလက်ထက်တွင် ဇာခရိအမည်ရှိသော အဘိယအဖွဲ့ဝင်ယဇ်ပုရောဟိတ်တစ်ပါးရှိ၏။ သူ၏ဇနီးသည် အာရုန်၏အမျိုးမှဆင်းသက်သူဖြစ်ပြီး သူ၏အမည်မှာ အဲလစ်ဇဘက်ဖြစ်၏။
ထာဝရဘုရားသည် ထူးမြတ်သောကရုဏာတော်ကို အဲလစ်ဇဘက်အပေါ်ပြသတော်မူကြောင်း အိမ်နီးချင်းနှင့် ဆွေမျိုးသားချင်းတို့သည် ကြားကြသောအခါ သူနှင့်အတူဝမ်းမြောက်ကြ၏။