ထို့နောက် ဥလဲမြစ်နားမှလူတစ်ဦးက “အို ဂါဗြေလ၊ ထိုဗျာဒိတ်အာရုံ၏အနက်ကို သူ့အား ဖော်ပြပေးပါ”ဟု အော်ပြောသောအသံကို ငါကြားရ၏။
လုကာ 1:19 - မြန်မာ့စံမီသမ္မာကျမ်း ကောင်းကင်တမန်ကလည်း “ငါသည် ဘုရားသခင်ရှေ့တော်၌ခစားရသော ဂါဗြေလဖြစ်၏။ သင့်ကိုနှုတ်ဆက်၍ ဤဝမ်းမြောက်ဖွယ်သတင်းကိုပြောကြားရန် ငါသည် သင့်ထံသို့စေလွှတ်ခြင်းခံရ၏။ Common Language Bible ကောင်းကင်တမန်က ``ငါသည်ဘုရားသခင် ၏ရှေ့တော်တွင်ခစားရသောဂါဗြေလဖြစ်၏။ သင့်အားဤသတင်းကောင်းကိုပြောကြားရန် ငါ့ကိုစေလွှတ်တော်မူ၏။- Garrad Bible စေ တ မန် တော် က၊ ငါ သည် ဘု ရား သ ခင့် မျက် မှောက် တော် တွင် ခ စား ရ သော ဂါ ဗြေ လ ဖြစ် သည်။ ဤ ဝမ်း မြောက် ဖွယ် သ တင်း ကို၊ သင့် အား ကြား ပြော ကြော် ငြာ စေ ရန် ငါ့ ကို စေ လွှတ် တော် မူ လိုက် သည်။ Judson Bible ကောင်းကင်တမန်က၊ ငါသည် ဘုရားသခင့်အထံတော်၌ ခစားသော ဂါဗြေလဖြစ်၏။ သင့်ကို နှုတ်ဆက်၍ ဤဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှာ ငါ့ကိုစေလွှတ်တော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကောင်းကင်တမန်က “ငါသည် ဘုရားသခင်၏ရှေ့တော်၌ ခစားရသောဂါဗြေလ ဖြစ်၏။ ထိုအရှင်က သင့်အား ဤဝမ်းမြောက်ဖွယ် သတင်းကောင်းကို ပြောကြားရန် ငါ့ကိုစေလွှတ်တော်မူ၏။ မြန်မာ ကောင်းကင်တမန်က၊ ငါသည် ဘုရားသခင့်အထံတော်၌ ခစားသော ဂါဗြေလဖြစ်၏။ သင့်ကို နှုတ်ဆက်၍ ဤဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှာ ငါ့ကိုစေလွှတ်တော်မူ၏။- |
ထို့နောက် ဥလဲမြစ်နားမှလူတစ်ဦးက “အို ဂါဗြေလ၊ ထိုဗျာဒိတ်အာရုံ၏အနက်ကို သူ့အား ဖော်ပြပေးပါ”ဟု အော်ပြောသောအသံကို ငါကြားရ၏။
ဤငယ်သောသူများထဲမှ တစ်စုံတစ်ဦးကို မထီမဲ့မြင်မပြုမိစေရန် သတိပြုကြလော့။ အကြောင်းမူကား ကောင်းကင်ဘုံရှိ သူတို့၏ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏မျက်နှာတော်ကို အစဉ်မပြတ်ဖူးမြင်ရကြသည်ဟု သင်တို့အား ငါဆို၏။
သင်သည် မိမိအချိန်ရောက်လျှင် ပြည့်စုံမည့် ငါ၏စကားကိုမယုံသောကြောင့် ဤအရာများပြည့်စုံသည့်နေ့တိုင်အောင် စကားမပြောနိုင်ဘဲ ဆွံ့အလျက်နေလိမ့်မည်”ဟု ပြန်၍မြွက်ဆိုလေ၏။
ဆဋ္ဌမလတွင် ဘုရားသခင်သည် ကောင်းကင်တမန်ဂါဗြေလအား ဂါလိလဲနယ်၊ နာဇရက်ဟုခေါ်သောမြို့၌ရှိသည့် အပျိုကညာတစ်ဦးထံသို့စေလွှတ်တော်မူ၏။
သို့သော် ကောင်းကင်တမန်က “ကြောက်ရွံ့ခြင်းမရှိကြနှင့်။ အကြောင်းမူကား လူအပေါင်းတို့အတွက် အလွန်ဝမ်းမြောက်စရာဖြစ်မည့် ကောင်းမြတ်သောသတင်းကို သင်တို့အား ငါပြောကြားမည်။
ထို့ကြောင့် သင်တို့သည် ဖြစ်ပျက်တော့မည့် ဤအမှုခပ်သိမ်းတို့မှ လွတ်မြောက်၍ လူ့သား၏ရှေ့တော်၌ မတ်တတ်ရပ်နိုင်ရန် အချိန်ရှိသရွေ့ နိုးနိုးကြားကြားရှိလျက် ဆုတောင်းကြလော့”ဟု မိန့်တော်မူ၏။
ထို့ကြောင့် ကောင်းကင်တို့ကိုဖြတ်၍ကြွတော်မူသည့် ကြီးမြတ်သော ယဇ်ပုရောဟိတ်မင်းတည်းဟူသော ဘုရားသခင်၏သားတော်ယေရှုသည် ငါတို့၌ရှိတော်မူသည်ဖြစ်၍ ငါတို့ယုံကြည်ဝန်ခံသောအရာကို စွဲကိုင်ထားကြကုန်စို့။