အရှင်၏လက်ဝဲလက်သည် အကျွန်ုပ်အဖို့ ခေါင်းအုံး ဖြစ်ပါ၏။ လက်ယာလက်သည် အကျွန်ုပ်ကို ပွေ့ဖက်ထားပါ၏။
ရှောလမုန်သီချင်း။ 8:3 - မြန်မာ့စံမီသမ္မာကျမ်း အရှင်၏လက်ဝဲလက်သည် အကျွန်ုပ်အဖို့ ခေါင်းအုံးဖြစ်ပါ၏။ လက်ယာလက်သည် အကျွန်ုပ်ကိုပွေ့ဖက်ထားပါ၏။ Common Language Bible ယေရုရှလင်မြို့သမီးတို့၊ ငါချစ်သောသတို့သမီး သည် အလိုလိုမနိုးမှီတိုင်အောင်၊ မလှုပ်မနှိုးမည် အကြောင်း၊ တော်၌ကျင်လည်သော သမင်ဒရယ်များကို တိုင်တည်၍ သင်တို့ကို ငါ့မှာထာ၏။ Garrad Bible အ ရှင်၏ လက် ဝဲ လက် သည် ဦး ခေါင်း ကို ထူ မ လျက်၊ လက်ျာ လက် လည်း ပိုက် ဘက် ပါ စေ။ Judson Bible သခင်၏လက်ဝဲလက်သည် ငါ့ခေါင်းကိုထောက်မလျက်၊ လက်ယာလက်သည် ငါ့ကိုဖက်လျက် နေတော်မူပါစေ။ |
အရှင်၏လက်ဝဲလက်သည် အကျွန်ုပ်အဖို့ ခေါင်းအုံး ဖြစ်ပါ၏။ လက်ယာလက်သည် အကျွန်ုပ်ကို ပွေ့ဖက်ထားပါ၏။
အကျွန်ုပ်အား သွန်သင်လမ်းပြပေးခဲ့သော အကျွန်ုပ်၏မိခင်အိမ်သို့ အရှင့်ကို ဦးဆောင်ခေါ်သွားပါမည်။ အရှင့်ကို ရနံ့သင်းသောဝိုင်ဖြစ်သည့် သလဲသီးဝိုင်အသစ်ကို တိုက်ပါမည်။
အို ဂျေရုဆလင်သမီးပျို၊ အကျွန်ုပ်အချစ်သည် သူ့အလိုလိုမနိုးလာမီတိုင်အောင် သူ့ကိုမနှိုးပါ၊ မထစေပါဟု ကျိန်ဆိုပါလော့။”
သို့သော် ကိုယ်တော်က“ငါ၏ကျေးဇူးတော်သည် သင့်အတွက်လုံလောက်ပေ၏။ အကြောင်းမူကား ငါ၏တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ ပြည့်စုံတတ်၏”ဟု ငါ့အား မိန့်တော်မူ၏။ ထို့ကြောင့် ခရစ်တော်၏တန်ခိုးသည် ငါ့အပေါ်တည်နေမည့်အကြောင်း ငါသည် ငါ၏အားနည်းခြင်း၌ သာ၍ဝမ်းမြောက်စွာဝါကြွားမည်။
ထာဝရအရှင် ဘုရားသခင်သည် သင်၏ခိုလှုံရာဖြစ်တော်မူ၏။ ထာဝရလက်ရုံးတော်ဖြင့် သင့်ကိုထောက်မတော်မူ၏။ ရန်သူကို သင့်မျက်စိရှေ့မှနှင်ထုတ်တော်မူ၍ ‘ဖျက်ဆီးလော့’ဟု မိန့်တော်မူမည်။