သူ့ပါးပြင်တို့သည် မွှေးကြိုင်သောအိပ်ရာ၊ အမွှေးနံ့သာထုံသင်းသောရဲတိုက်နှင့်တူ၏။ သူ့နှုတ်ခမ်းသည်လည်း မုရန်ဆီယိုစီးသော နှင်းပန်းနှင့်တူ၏။
လက်တော်တို့သည် မျက်ရွဲစီသောလက်စွပ်ကဲ့သို့၎င်း၊ ကိုယ်တော်သည် နီလာကျောက်ဖြင့် စီချယ်သော ဆင်စွယ်ဖြူကဲ့သို့၎င်းဖြစ်၏။
ပါး သည် နံ့ သာ ပေါင် ဒန်း ခိုင် ကဲ့ သို့လည်း ကောင်း၊ နှုတ် ခမ်း လည်း မု ရန် ဆီ အ စက် စက် ကျ လျက် နှင်း ပန်း ကဲ့ သို့ လည်း ကောင်း ဖြစ်၏။
ပါးတော်တို့သည် နံ့သာတော၊ မွှေးကြိုင်သော ပန်းတောကဲ့သို့လည်းကောင်း၊ နှုတ်ခမ်းတော်တို့သည် ပကတိ မုရန်ဆီယိုသော နှင်းပွင့်ကဲ့သို့လည်းကောင်း ဖြစ်ကြ၏။
ထာဝရဘုရား၏ခန့်ညားတင့်တယ်ခြင်းကို ဖူးမြော်ရန်နှင့် ကိုယ်တော်၏ဗိမာန်တော်၌ စူးစမ်းဆင်ခြင်လျက်နေရန် ငါအသက်ရှင်သမျှကာလပတ်လုံး ထာဝရဘုရား၏အိမ်တော်၌နေရမည့်အကြောင်း တစ်ခုတည်းကို ထာဝရဘုရားထံ၌ ငါတောင်းလျှောက်ပြီ။ ထိုအခွင့်ကို ငါရှာမည်။
ကိုယ်တော်သည် လူသားတို့ထက် အဆင်းလှပါ၏။ ကိုယ်တော်၏နှုတ်ခမ်းသည် ကျေးဇူးတော်ဖြင့် ဘိသိက်ခံရပါ၏။ ထို့ကြောင့် ဘုရားသခင်သည် ကိုယ်တော်ကို အစဉ်အမြဲကောင်းချီးပေးတော်မူပြီ။
တန်ခိုးကြီးသောအရှင်၊ ကိုယ်တော်၏ဘုန်းကျက်သရေနှင့် ဘုန်းအာနုဘော်တည်းဟူသော ကိုယ်တော်၏ဓားကိုနံဘေးတွင် စည်းတော်မူပါ။
အို ထာဝရဘုရား၊ ဝမ်းမြောက်စွာကြွေးကြော်သောအသံကို သိကျွမ်းသောလူမျိုးသည် မင်္ဂလာရှိပါ၏။ သူတို့သည် ကိုယ်တော်၏မျက်နှာတော်အလင်းထဲ၌ သွားလာကြပါ၏။
ခြယ်သထားသောသင့်ပါးတို့သည် တင့်တယ်လှပေ၏။ သင့်လည်တိုင်သည်လည်း လည်ဆွဲရတနာတို့ဖြင့် တင့်တယ်လှပေ၏။”
“ကြည့်ပါလော့။ အကျွန်ုပ်ချစ်သူ၊ အရှင်သည် အလွန်ခန့်ညားပါ၏။ နှစ်လိုဖွယ်ကောင်းပါ၏။ အကျွန်ုပ်တို့အိပ်ရာသည် စိမ်းလန်းစိုပြည်လှပါ၏။
အကျွန်ုပ်သည် ရှာရုန်အရပ်၌ပွင့်သောနှင်းဆီပန်း၊ လွင်ပြင်၌ပွင့်သောနှင်းပန်း ဖြစ်ပါ၏။”
“မုရန်၊ လော်ဗန်တို့မှစ၍ ကုန်သည်တို့၏နံ့သာမှုန့်အမျိုးမျိုးတို့ရနံ့နှင့် သင်းထုံနေသောမီးခိုးလုံးကဲ့သို့ တောကန္တာရမှတက်လာသောသူကား မည်သူနည်း။
အို ငါ့သတို့သမီး၊ သင့်နှုတ်ခမ်းတို့သည် ပျားလပို့မှ ပျားရည်ယိုသကဲ့သို့ ဖြစ်ပါ၏။ သင့်လျှာအောက်တွင် ပျားရည်၊ နို့ရည်တို့ ရှိပါ၏။ သင့်အဝတ်အစားတို့၏ရနံ့သည်လည်း လက်ဘနွန်ရနံ့နှင့် တူပါ၏။
အကျွန်ုပ်ချစ်သူကို တံခါးဖွင့်ပေးဖို့ ထလိုက်သောအခါ အကျွန်ုပ်လက်ကြားမှ မုရန်ဆီတို့ယို၍ လက်ချောင်းများကြားမှ တံခါးလက်ကိုင်ပေါ်သို့ စီးကျလာပါ၏။
“အကျွန်ုပ်ချစ်သူသည် ဥယျာဉ်ထဲတွင် သိုးထိန်းရင်း နှင်းပန်းများကိုခူးဆွတ်ဖို့ရန် မွှေးကြိုင်သောအိပ်ရာရှိရာ သူ၏ဥယျာဉ်သို့ ဆင်းသွားပါ၏။
မောပန်းသောသူအမောပြေစေရန် မည်သို့ပြောဆိုရမည်ကို သိရှိဖို့ ဘုရားရှင်ထာဝရဘုရားသည် ငါ့အား နှုတ်မှုပညာကိုသွန်သင်ပေးတော်မူ၏။ နံနက်တိုင်း ငါ့ကိုနှိုးဆော်တော်မူ၏။ စာသင်သားကဲ့သို့ နားထောင်ဖို့ ငါ့ကိုနှိုးဆော်တော်မူ၏။
ရိုက်နှက်သူတို့အား ငါ့ကျောကိုပေး၏။ မုတ်ဆိတ်ဆွဲနုတ်သူတို့အား ငါ့ပါးကိုပေး၏။ အသရေဖျက်ခံရခြင်း၊ တံတွေးထွေးခံရခြင်းမှ ငါ့မျက်နှာကို ငါမလွှဲ။
လူအပေါင်းတို့သည် ကိုယ်တော်ကိုချီးကျူးကြပြီး ကိုယ်တော်၏တင့်တယ်သော နှုတ်ထွက်စကားတို့ကို အံ့သြလျက် “ဤသူသည် ယောသပ်၏သားမဟုတ်လော”ဟု ဆိုကြ၏။
ဘုရားသခင်၏ဘုန်းအသရေတော်သည် ထိုမြို့ကိုထွန်းလင်းစေ၍ သိုးသငယ်တော်သည် ထိုမြို့၏ဆီမီးဖြစ်သောကြောင့် ထိုမြို့ကိုထွန်းလင်းစေရန် နေနှင့်လတို့ကို မလိုအပ်ပေ။