သင်၏ပြည်၌ မည်သူမျှ သားပျက်ခြင်း၊ မြုံခြင်း ရှိမည်မဟုတ်။ ငါသည် သင့်ကို သက်တမ်းစေ့နေစေမည်။
ရှောလမုန်သီချင်း။ 4:2 - မြန်မာ့စံမီသမ္မာကျမ်း သင့်သွားများသည်လည်း အမွေးညှပ်ပြီးရေချိုးရာမှတက်လာသော သိုးအုပ်နှင့် တူပါ၏။ ထိုသိုးတို့သည် တစ်ကောင်မျှသားမလျှော၊ အမြွှာသာ ဖွားတတ်ကြပါ၏။ Common Language Bible နှုတ်ခမ်းသည်လည်း နီတွေးသောကြိုးနှင့်တူ၏။ စကားသံလည်း သာယာပေ၏။ နားပန်းဆံကြားမှာ ပါးတို့ သည် သလဲသီးရှက်နှင့်တူကြ၏။ Garrad Bible သင်၏ သွား များ သည်၊ အ မွေး ညှပ်၍ ရေ ချ ရာ မှ တက် လာ သော သိုး အုပ် ကဲ့ သို့ စင် ကြယ် သည့် ပြင်၊ ရှဉ်း ပဲ့ မ ဟုတ်၊ ရှဉ်း စုံ ဖြစ် ကြ၏။ Judson Bible သင်၏သွားတို့သည်လည်း အမွေးညှပ်၍၊ ရေချိုးရာမှ တက်လာသော သိုးစုကဲ့သို့ဖြစ်ကြ၏။ တစ်ကောင်မျှမလျော့။ အမွှာသာ ဖွားတတ်ကြ၏။ |
သင်၏ပြည်၌ မည်သူမျှ သားပျက်ခြင်း၊ မြုံခြင်း ရှိမည်မဟုတ်။ ငါသည် သင့်ကို သက်တမ်းစေ့နေစေမည်။
“ကြည့်ပါ။ ငါ့ချစ်သူလေး၊ သင်သည် အဆင်းလှပေ၏။ ကြည့်ပါ။ သင်သည် အဆင်းလှပေ၏။ မျက်နှာလွှားအောက်မှ သင့်မျက်လုံးများသည် ချိုးငှက်မျက်လုံးနှင့် တူပါ၏။ သင့်ဆံကေသာလေးများသည်လည်း ဂိလဒ်တောင်ပေါ်မှ ခုန်ပေါက်၍ဆင်းလာသော ဆိတ်အုပ်နှင့် တူပါ၏။
သင့်နှုတ်ခမ်းများသည်လည်း အနီရောင်ဖဲကြိုးနှင့် တူပါ၏။ သင့်နှုတ်သည်လည်း ချစ်စရာကောင်းလှပါ၏။ မျက်နှာလွှားအောက်မှ သင့်ပါးပြင်သည်လည်း ထက်ခြမ်းခွဲထားသောသလဲသီးနှင့် တူပါ၏။
သင့်သွားများသည် ရေချိုးရာမှတက်လာသော သိုးအုပ်နှင့်တူပါ၏။ ထိုသိုးတို့သည် တစ်ကောင်မျှသားမလျှော၊ အမြွှာသာ ဖွားတတ်ပါ၏။
ကိုယ်တော်၏နှုတ်ကပတ်တော်ကို တွေ့ရှိပါပြီ၊ မှီဝဲပါပြီ။ ကိုယ်တော်၏နှုတ်ကပတ်တော်သည် အကျွန်ုပ်၏စိတ်နှလုံးကို ရွှင်လန်းဝမ်းမြောက်စေပါ၏။ အို ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏နာမတော်ဖြင့် ခေါ်ဝေါ်ခြင်းခံရသူဖြစ်ပါ၏။
သင်တို့သည် ငါ၌တည်နေ၍ ငါ့စကားတို့သည် သင်တို့၌တည်နေလျှင် သင်တို့လိုချင်သမျှတို့ကို တောင်းကြလော့။ တောင်းလျှင် သင်တို့အတွက် ပြည့်စုံစေတော်မူလိမ့်မည်။
သင်တို့သည် ငါတို့ထံမှကြားနာသော ဘုရားသခင်၏နှုတ်ကပတ်တရားကို လက်ခံကြသောအခါ လူတို့၏စကားအဖြစ်မဟုတ်ဘဲ ၎င်း၏စစ်မှန်သည့်အဖြစ်အတိုင်း တစ်နည်းဆိုသော် ယုံကြည်သောသင်တို့အထဲ၌ သက်ဝင်လှုပ်ရှားနေသော ဘုရားသခင်၏နှုတ်ကပတ်တရားအဖြစ် လက်ခံကြသောကြောင့် ငါတို့သည် ဘုရားသခင်ကို အမြဲမပြတ်ကျေးဇူးတင်ကြ၏။