ထာဝရဘုရားသည် မိမိကိုကြောက်ရွံ့သောသူတို့နှင့်ရင်းနှီးကျွမ်းဝင်တော်မူ၏။ မိမိ၏ပဋိညာဉ်တော်ကိုလည်း သူတို့အား သိစေတော်မူ၏။
ရှင်ယောဟန် 9:37 - မြန်မာ့စံမီသမ္မာကျမ်း ယေရှုက“သင်သည် သူ့ကိုမြင်ပြီးသည်သာမက ယခုသင်နှင့်စကားပြောနေသောသူသည် လူ့သားပင်ဖြစ်၏”ဟု မိန့်တော်မူ၏။ Common Language Bible သခင်ယေရှုက ``သူ့ကိုသင်မြင်ဖူး၏။ သူသည် ကားယခုသင်နှင့်စကားပြောနေသူပင်တည်း'' ဟုမိန့်တော်မူ၏။ Garrad Bible ယေရှုက၊ သင်မြင်ဖူးခဲ့ပြီ။ သင်နှင့်ယခုပြောဆိုသူပင်ဖြစ်သည်ဟု မိန့်တော်မူသော်၊ Judson Bible ယေရှုက၊ သင်သည် ထိုသူကိုမြင်ခဲ့ပြီးသည်သာမက၊ သင်နှင့် ယခု စကားပြောသောသူသည် ဘုရားသခင်၏သားတော်ဖြစ်၏ဟု မိန့်တော်မူလျှင်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “သူ့ကို သင်မြင်ဖူးပြီ။ သူသည် ယခုသင်နှင့် စကားပြောနေသောသူ ဖြစ်၏” ဟု မိန့်တော်မူ၏။ မြန်မာ ယေရှုက၊ သင်သည် ထိုသူကိုမြင်ခဲ့ပြီးသည်သာမက၊ သင်နှင့် ယခု စကားပြောသောသူသည် ဘုရားသခင်၏သားတော်ဖြစ်၏ဟု မိန့်တော်မူလျှင်၊- |
ထာဝရဘုရားသည် မိမိကိုကြောက်ရွံ့သောသူတို့နှင့်ရင်းနှီးကျွမ်းဝင်တော်မူ၏။ မိမိ၏ပဋိညာဉ်တော်ကိုလည်း သူတို့အား သိစေတော်မူ၏။
သင်သည် အမှုအရာများစွာကို မြင်တွေ့သော်လည်း အလေးမထား။ နားပွင့်နေသော်လည်း မကြား။
ထိုအချိန်တွင် ယေရှုက“ကောင်းကင်နှင့်မြေကြီး၏အရှင်သခင်ဖြစ်တော်မူသောအဖ၊ ကိုယ်တော်သည် ပညာရှိများနှင့်ဉာဏ်ထက်မြက်သောသူများအား ဤအရာတို့ကိုကွယ်ဝှက်ထားလျက် ကလေးသူငယ်များကို ဖွင့်ပြတော်မူသောကြောင့် ကိုယ်တော်ကိုချီးမွမ်းပါ၏။
မည်သူမဆို ထိုအရှင်၏အလိုတော်ကို ဆောင်ရွက်လိုသောဆန္ဒရှိလျှင် ဤသွန်သင်ချက်သည် ဘုရားသခင်ထံမှလာသလော၊ သို့မဟုတ် ငါသည် ကိုယ့်ဆန္ဒအလျောက်ဟောပြောနေသလောဆိုသည်ကို သိလိမ့်မည်။
ထိုသူကလည်း “အကျွန်ုပ်ယုံကြည်ပါ၏ သခင်ဘုရား”ဟု လျှောက်လျက် ကိုယ်တော်ကိုရှိခိုးလေ၏။