ဆိုးယုတ်သောသူသည် ဖြောင့်မတ်သောသူအပေါ် မကောင်းကြံစည်ကာ သူ့ကိုကြည့်လျက် အံကြိတ်တတ်၏။
ရှင်ယောဟန် 8:40 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ယခုတွင် ဘုရားသခင်ထံမှကြားရသည့်သမ္မာတရားကို သင်တို့အားဟောပြောခဲ့သူငါ့ကို သတ်ရန် သင်တို့ရှာကြံနေကြ၏။ အာဗြဟံကား ဤသို့ပြုခဲ့သည်မဟုတ်။ Common Language Bible ဘုရားသခင်ထံတော်မှကြားနာခဲ့ရသည့် သမ္မာတရားကို သင်တို့အားဟောပြောသူငါ့ ကိုသတ်ရန်သင်တို့ကြံစည်လျက်နေကြ၏။ အာဗြဟံကားဤသို့မကျင့်ခဲ့။- Garrad Bible ယခုမူကား ဘုရားသခင့်အထံတော်မှကြားနာခဲ့ရသောသမ္မာတရားကို ပြန်ကြားသောငါ့ကို အသေသတ်ရန် သင်တို့ရှာကြံကြ၏။ Judson Bible ဘုရားသခင့် အထံတော်၌ ကြားရသောသစ္စာတရားကို သင်တို့အား ဟောပြောသောသူတည်းဟူသော ငါ့ကိုသတ်အံ့သောငှာ သင်တို့သည် ယခုရှာကြံကြ၏။ အာဗြဟံသည် ထိုနည်းတူကျင့်သည်မဟုတ်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယခုမှာမူ သင်တို့သည် ဘုရားသခင်ထံတော်မှ ကြားနာခဲ့ရသည့် သမ္မာတရားကို ဟောပြောသောငါ့ကို သတ်ရန် ရှာကြံကြ၏။ အာဗြဟံကမူ ထိုသို့မပြုခဲ့ပေ။ မြန်မာ ဘုရားသခင့် အထံတော်၌ ကြားရသောသစ္စာတရားကို သင်တို့အား ဟောပြောသောသူတည်းဟူသော ငါ့ကိုသတ်အံ့သောငှာ သင်တို့သည် ယခုရှာကြံကြ၏။ အာဗြဟံသည် ထိုနည်းတူကျင့်သည်မဟုတ်။- |
ဆိုးယုတ်သောသူသည် ဖြောင့်မတ်သောသူအပေါ် မကောင်းကြံစည်ကာ သူ့ကိုကြည့်လျက် အံကြိတ်တတ်၏။
ဆိုးယုတ်သောသူသည် ဖြောင့်မတ်သောသူကို စောင့်ကြည့်၍ သူ့ကိုသတ်ရန်ရှာကြံတတ်၏။
ထို့နောက် ယေရှုသည် ဂါလိလဲနယ်တွင် လှည့်လည်တော်မူ၏။ အကြောင်းမှာ ဂျူးလူမျိုးတို့သည် ကိုယ်တော်ကိုသတ်ရန် ရှာကြံနေကြသောကြောင့် ယုဒနယ်၌လှည့်လည်ရန် အလိုတော်မရှိ။
သင်တို့နှင့်ပတ်သက်၍ ငါပြောစရာ၊ စီရင်စရာများစွာရှိ၏။ သို့သော် ငါ့ကိုစေလွှတ်တော်မူသောအရှင်သည် ဖြောင့်မှန်တော်မူသည်ဖြစ်၍ ငါသည် သူ့ထံမှကြားခဲ့သမျှသောအရာတို့ကို ဤလောက၌ ဟောပြော၏”ဟု မိန့်တော်မူ၏။
သင်တို့အဖအာဗြဟံသည် ငါ၏နေ့ရက်ကိုတွေ့မြင်ရမည်ဖြစ်၍ ရွှင်မြူးလျက် တွေ့မြင်ရသောအခါ ဝမ်းမြောက်လေ၏”ဟု မိန့်တော်မူ၏။
ထို့ပြင် အာဗြဟံအား အရေဖျားလှီးထားသောသူတို့၏အဖဖြစ်စေရန်နှင့် အရေဖျားလှီးထားသောသူသာမကဘဲ အရေဖျားမလှီးမီကပင် ငါတို့အဖအာဗြဟံ၌ရှိသော ယုံကြည်ခြင်းခြေရာကို လိုက်လျှောက်သောသူတို့၏အဖလည်း ဖြစ်စေရန်အတွက်ဖြစ်၏။
ငါသည် သင်တို့အား သမ္မာတရားကိုဟောပြောသောကြောင့် သင်တို့၏ရန်သူဖြစ်သွားပြီလော။
သို့သော် ထိုစဉ်က သွေးသားဇာတိအရမွေးဖွားသောသားသည် ဝိညာဉ်တော်အရမွေးဖွားသောသားကို ညှဉ်းဆဲသကဲ့သို့ ယခုလည်း ထိုနည်းတူဖြစ်၏။
ထိုအခါ နဂါးသည် ထိုအမျိုးသမီးအပေါ်အမျက်ထွက်၍ ဘုရားသခင်၏ပညတ်တော်တို့ကို စောင့်ထိန်းသောသူများနှင့် ယေရှုနှင့်ဆိုင်သည့်သက်သေခံချက်ကိုရရှိထားသောသူများဖြစ်ကြသည့် ထိုအမျိုးသမီး၏အမျိုးအနွယ်ထဲမှ ကျန်ရှိသောသူတို့နှင့်စစ်တိုက်ရန် ထွက်သွားပြီး
သူ၏အမြီးသည် ကောင်းကင်ကြယ်သုံးပုံတစ်ပုံကိုဆွဲ၍ မြေကြီးပေါ်သို့ပစ်ချလိုက်၏။ ထိုနဂါးသည် သားဖွားတော့မည့်အမျိုးသမီးရှေ့၌ရပ်လျက် သားဖွားသောအခါ သူ၏သားကိုဝါးမျိုရန်စောင့်နေ၏။