သို့သော် သူ၏ဗတ္တိဇံကိုခံရန် များစွာသောဖာရိရှဲနှင့်ဇဒ္ဒုကဲတို့လာကြသည်ကိုမြင်လျှင် ယောဟန်က “မြွေဆိုးအမျိုးတို့၊ ရောက်လာမည့်အမျက်တော်မှ ထွက်ပြေးရန် မည်သူက သင်တို့ကို သတိပေးခဲ့သနည်း။
ရှင်ယောဟန် 8:38 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် ခမည်းတော်ထံ၌မြင်ရသောအရာများကို ဟောပြော၏။ သင်တို့မူကား သင်တို့၏အဖထံမှကြားခဲ့ရသောအရာများကို ပြုကြ၏”ဟု မိန့်တော်မူလျှင် Common Language Bible ငါသည်ငါ့ခမည်းတော်ထံမှသိရှိသောအရာ များကိုဟောပြော၏။ သင်တို့မူကားသင်တို့ အဖညွှန်ကြားသည့်အတိုင်းပြုကြ၏'' ဟု မိန့်တော်မူ၏။ Garrad Bible ခမည်းတော်ထံသိမြင်ခဲ့ရာများကို ငါပြန်ကြားသည့်နည်းတူ ကိုယ့်အဘထံမှကြားနာရာများကို သင်တို့လုပ်ဆောင်ကြသည်ဟု မိန့်တော်မူ၏။ Judson Bible ငါသည်ငါ့ခမည်းတော်ထံ၌ မြင်ခဲ့ပြီးသည်အတိုင်း ဟောပြော၏။ သင်တို့သည် သင်တို့၏အဘထံ၌ မြင်ခဲ့ပြီးသည်အတိုင်း ပြုကြ၏ဟု မိန့်တော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါသည် ငါ့ခမည်းတော်ထံ မြင်တွေ့ခဲ့ရသည့် အကြောင်းအရာများကို ပြောဆို၏။ သင်တို့သည်လည်း သင်တို့ ဖခင်ထံမှ ကြားသိသော အရာများကို လုပ်ဆောင်ကြ၏” ဟု မိန့်တော်မူ၏။ မြန်မာ ငါသည်ငါ့ခမည်းတော်ထံ၌ မြင်ခဲ့ပြီးသည်အတိုင်း ဟောပြော၏။ သင်တို့သည် သင်တို့၏အဘထံ၌ မြင်ခဲ့ပြီးသည်အတိုင်း ပြုကြ၏ဟု မိန့်တော်မူ၏။- |
သို့သော် သူ၏ဗတ္တိဇံကိုခံရန် များစွာသောဖာရိရှဲနှင့်ဇဒ္ဒုကဲတို့လာကြသည်ကိုမြင်လျှင် ယောဟန်က “မြွေဆိုးအမျိုးတို့၊ ရောက်လာမည့်အမျက်တော်မှ ထွက်ပြေးရန် မည်သူက သင်တို့ကို သတိပေးခဲ့သနည်း။
ငါသည် ခမည်းတော်၌ရှိ၍ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို သင်မယုံသလော။ သင်တို့အား ငါပြောဆိုသောစကားတို့ကို ငါ့ဆန္ဒအလျောက်ငါပြောဆိုသည်မဟုတ်။ ငါ၌တည်နေတော်မူသောခမည်းတော်သည် သူ၏အမှုတော်များကိုပြုတော်မူခြင်းသာဖြစ်၏။
ငါ့ကိုမချစ်သောသူသည် ငါ့စကားကိုလိုက်နာစောင့်ထိန်းခြင်းမရှိ။ သင်တို့ကြားရသောစကားသည် ငါ၏စကားမဟုတ်ဘဲ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်၏စကားဖြစ်၏။
အကြောင်းမူကား အကျွန်ုပ်အား ကိုယ်တော်ပေးတော်မူသောနှုတ်ကပတ်တရားတို့ကို အကျွန်ုပ်သည် သူတို့အား ပေးအပ်သဖြင့် သူတို့သည် ခံယူကြကာ ကိုယ်တော်ထံမှ အကျွန်ုပ်ကြွလာခဲ့ကြောင်းကို အမှန်ပင်သိရှိလျက် ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူကြောင်းကိုလည်း ယုံကြည်ကြပါပြီ။
ကိုယ်တော်သည် မိမိမြင်ခဲ့၊ ကြားခဲ့ရသောအရာကို သက်သေခံသော်လည်း ကိုယ်တော်၏သက်သေခံချက်ကို မည်သူမျှလက်မခံကြ။
ထိုအခါ ယေရှုက“သင်တို့အား ငါအမှန်အကန်ဆိုမည်။ သားတော်သည် ခမည်းတော်ပြုတော်မူသောအရာကိုမြင်၍ ပြုခြင်းမှတစ်ပါး အခြားမည်သည့်အရာကိုမျှ မိမိဆန္ဒအလျောက်မပြုနိုင်။ အကြောင်းမူကား ခမည်းတော်ပြုတော်မူသမျှအတိုင်း သားတော်လည်းပြု၏။
ငါသည် ကိုယ့်ဆန္ဒအလျောက် မည်သည့်အရာကိုမျှမပြုနိုင်။ ငါသည် ကြားရသည့်အတိုင်းသာ တရားစီရင်၍ ကိုယ့်အလိုမဟုတ်ဘဲ ငါ့ကိုစေလွှတ်တော်မူသောအရှင်၏အလိုတော်ကို လိုက်နာသောကြောင့် ငါ၏စီရင်ဆုံးဖြတ်ချက်သည် ဖြောင့်မတ်၏။
သင်တို့နှင့်ပတ်သက်၍ ငါပြောစရာ၊ စီရင်စရာများစွာရှိ၏။ သို့သော် ငါ့ကိုစေလွှတ်တော်မူသောအရှင်သည် ဖြောင့်မှန်တော်မူသည်ဖြစ်၍ ငါသည် သူ့ထံမှကြားခဲ့သမျှသောအရာတို့ကို ဤလောက၌ ဟောပြော၏”ဟု မိန့်တော်မူ၏။
သင်တို့သည် သင်တို့အဖပြုသောအမှုများကို ပြုကြ၏”ဟု မိန့်တော်မူလျှင် ထိုသူတို့က “အကျွန်ုပ်တို့သည် တရားနှင့်မညီမေထုန်ပြုခြင်းအားဖြင့် မွေးလာသောသူများမဟုတ်။ အကျွန်ုပ်တို့၌ တစ်ပါးတည်းသောအဖဘုရားသခင်ရှိသည်”ဟု ဆိုကြ၏။
သင်တို့သည် သင်တို့၏အဖမာရ်နတ်နှင့်စပ်ဆိုင်ကြပြီး သင်တို့အဖ၏ဆန္ဒအတိုင်းပြုလိုကြ၏။ မာရ်နတ်သည် အစအဦးကပင် လူသတ်သမားဖြစ်၏။ သူ၌သမ္မာတရားမရှိသောကြောင့် သမ္မာတရား၌မရပ်တည်။ သူသည် လိမ်လည်သောသူဖြစ်ပြီး လိမ်လည်ခြင်း၏အဖလည်းဖြစ်သောကြောင့် လိမ်လည်ပြောဆိုသောအခါ မိမိပင်ကိုစရိုက်အတိုင်းပြောဆို၏။