Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 8:38 - မြန်မာ

38 ငါ​သည်​ငါ့​ခ​မည်း​တော်​ထံ၌ မြင်​ခဲ့​ပြီး​သည်​အ​တိုင်း ဟော​ပြော၏။ သင်​တို့​သည် သင်​တို့၏​အ​ဘ​ထံ၌ မြင်​ခဲ့​ပြီး​သည်​အ​တိုင်း ပြု​ကြ၏​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

38 ငါ​သည်​ငါ့​ခမည်း​တော်​ထံ​မှ​သိ​ရှိ​သော​အ​ရာ များ​ကို​ဟော​ပြော​၏။ သင်​တို့​မူ​ကား​သင်​တို့ အ​ဖ​ညွှန်​ကြား​သည့်​အ​တိုင်း​ပြု​ကြ​၏'' ဟု မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

38 ခမည်းတော်ထံသိမြင်ခဲ့ရာများကို ငါပြန်ကြားသည့်နည်းတူ ကိုယ့်အဘထံမှကြားနာရာများကို သင်တို့လုပ်ဆောင်ကြသည်ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

38 ငါ​သည်​ငါ့​ခ​မည်း​တော်​ထံ၌ မြင်​ခဲ့​ပြီး​သည်​အ​တိုင်း ဟော​ပြော၏။ သင်​တို့​သည် သင်​တို့၏​အ​ဘ​ထံ၌ မြင်​ခဲ့​ပြီး​သည်​အ​တိုင်း ပြု​ကြ၏​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

38 ငါ​သည် ခမည်းတော်​ထံ၌​မြင်​ရ​သော​အရာ​များ​ကို ဟောပြော​၏။ သင်​တို့​မူကား သင်​တို့​၏​အဖ​ထံမှ​ကြား​ခဲ့​ရ​သော​အရာ​များ​ကို ပြု​ကြ​၏”​ဟု မိန့်​တော်မူ​လျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

38 ငါ​သည် ငါ့​ခမည်းတော်​ထံ မြင်တွေ့ခဲ့ရသည့် အကြောင်းအရာ​များ​ကို ပြောဆို၏။ သင်တို့​သည်လည်း သင်တို့ ဖခင်​ထံမှ ကြားသိသော အရာများ​ကို လုပ်ဆောင်ကြ၏” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 8:38
12 ပူးပေါင်းရင်းမြစ်များ  

ဖာ​ရိ​ရှဲ​နှင့် ဇ​ဒ္ဒု​ကဲ​အ​များ​တို့​သည် ဗ​တ္တိ​ဇံ​ကို ခံ​အံ့​သော​ငှာ လာ​ကြ​သည်​ကို ယော​ဟန်​သည်​မြင်​လျှင်၊ အ​ချင်း​မြွေ​ဆိုး​အ​မျိုး​တို့၊ ရောက်​လု​သော​ဘေး​ဒဏ်​မှ ပြေး​သွား​စိမ့်​သော​ငှာ၊ အ​ဘယ်​သူ​သည် သင်​တို့​ကို သ​တိ​ပေး​ဘိ​သ​နည်း။


ငါ​သည် ခ​မည်း​တော်၌ ရှိ​သည်​ကို​လည်း​ကောင်း၊ ခ​မည်း​တော်​သည် ငါ၌​ရှိ​တော်​မူ​သည်​ကို​လည်း​ကောင်း မ​ယုံ​သ​လော။ ငါ​ဟော​ပြော​သော​စ​ကား​ကို ကိုယ်​အ​လို​အ​လျောက် ငါ​ဟော​ပြော​သည်​မ​ဟုတ်။ ငါ​ပြု​သော​အ​မှု​တို့​ကို​ကား၊ ငါ၌ တည်​နေ​တော်​မူ​သော ခ​မည်း​တော်​သည် ပြု​တော်​မူ၏။-


ငါ့​ကို​မ​ချစ်​သော​သူ​သည် ငါ့​စ​ကား​ကို နား​မ​ထောင်။ သင်​တို့​ကြား​သော​စ​ကား​သည် ငါ့​စ​ကား​မ​ဟုတ်။ ငါ့​ကို စေ​လွှတ်​တော်​မူ​သော ခ​မည်း​တော်၏​စ​ကား​တော်​ဖြစ်၏။-


အ​ကြောင်း​မူ​ကား၊ အ​ကျွန်ုပ်​အား ပေး​တော်​မူ​သ​မျှ​သော​အ​ရာ​တို့​ကို သူ​တို့​အား​အ​ကျွန်ုပ်​ပေး၍ သူ​တို့​သည် ခံ​ယူ​သ​ဖြင့်၊ အ​ကျွန်ုပ်​သည် အ​ထံ​တော်​မှ​ကြွ​လာ​သည်​ကို အ​တပ်​သိ​ကြ​သည်​နှင့် ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို စေ​လွှတ်​တော်​မူ​သည်​ကို ယုံ​ကြ​ပါ၏။-


မြင်​သ​မျှ​ကြား​သ​မျှ​တို့​ကို​လည်း သက်​သေ​ခံ​တော်​မူ၏။ ထို​သက်​သေ​ခံ​ချက်​ကို အ​ဘယ်​သူ​မျှ​မ​ခံ​မ​ယူ၊-


ယေ​ရှု​က​လည်း၊ သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ခ​မည်း​တော်​ပြု​တော်​မူ​သော​အ​မှု​ကို သား​တော်​သည် မြင်၍​သာ​ပြု၏။ မိ​မိ​အ​လို​အ​လျောက် အ​ဘယ်​အ​မှု​ကို​မျှ​မ​ပြု​နိုင်၊ ခ​မည်း​တော်​ပြု​တော်​မူ​သ​မျှ​အ​တိုင်း သား​တော်​လည်း​ပြု၏။-


ငါ​သည် ကိုယ်​အ​လို​အ​လျောက် အ​ဘယ်​အ​မှု​ကို​မျှ မ​ပြု​နိုင်။ ငါ​သည် ကြား​သည်​အ​တိုင်း တ​ရား​စီ​ရင်၏၊ ငါ​စီ​ရင်​ခြင်း​သည်​လည်း တ​ရား​တော်​နှင့် ညီ​ညွတ်၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ကိုယ်​အ​လို​သို့​မ​လိုက်၊ ငါ့​ကို စေ​လွှတ်​တော်​မူ​သော ခ​မည်း​တော်၏​အ​လို​သို့ လိုက်၏။


သင်​တို့​အ​မှု၌ ငါ​ပြော​ဆို​စီ​ရင်​စ​ရာ များ​စွာ​ရှိ၏။ သို့​သော်​လည်း ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​သည် သ​စ္စာ​နှင့် ပြည့်​စုံ​တော်​မူ၏။ သူ၏​အ​ထံ​တော်၌ ငါ​ကြား​သ​မျှ​ကို​သာ ဤ​လော​က၌ ငါ​ဟော​ပြော​သည်​ဟု မိန့်​တော်​မူ၏။-


သင်​တို့​သည် သင်​တို့​အ​ဘ၏​အ​ကျင့်​ကို ကျင့်​ကြ၏​ဟု မိန့်​တော်​မူ၏။ ထို​သူ​တို့​က​လည်း၊ ငါ​တို့​သည် မျောက်​မ​ထား​သော​အ​မျိုး မ​ဟုတ်။ ဘု​ရား​သ​ခင်​တည်း​ဟူ​သော ငါ​တို့​အ​ဘ​တစ်​ပါး​တည်း​ရှိ​တော်​မူ​သည်​ဟု ဆို​ကြ၏။-


သင်​တို့​သည် သင်​တို့​အ​ဘ​တည်း​ဟူ​သော မာရ်​နတ်​မှ​ဆင်း​သက်​ကြ၏။ သင်​တို့​အ​ဘ၏​အ​လို​သို့​လည်း လိုက်​တတ်​ကြ၏။ မာရ်​နတ်​သည် ရှေ့​ဦး​စွာ​မှ​စ​၍ လူ​အ​သက်​ကို​သတ်​သော​သူ ဖြစ်၏။ သူ၌​သ​စ္စာ​တ​ရား​မ​ရှိ​သော​ကြောင့် သ​စ္စာ​တ​ရား၌ မ​တည်​မ​နေ။ သူ​သည် မု​သား​စ​ကား​ကို​ပြော​သော​အ​ခါ မိ​မိ​ပ​က​တိ​အ​တိုင်း​ပြော၏။ မု​သား​စ​ကား၌ ကျင်​လည်​သော​သူ​ဖြစ်၏။ မု​သား​၏​အ​ဘ​လည်း ဖြစ်၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ