ကိုယ်တော်၏မိန့်တော်မူချက်နှင့်အညီ အကျွန်ုပ်၏ခြေလှမ်းတို့ကို မြဲမြံစေတော်မူပါ။ မည်သည့်အပြစ်ဒုစရိုက်မျှ အကျွန်ုပ်ကိုမစိုးမိုးပါစေနှင့်။
ရှင်ယောဟန် 8:36 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သားတော်သည် သင်တို့ကိုလွတ်မြောက်စေလျှင် သင်တို့သည် ဧကန်အမှန်လွတ်မြောက်ကြလိမ့်မည်။ Common Language Bible သို့ဖြစ်၍သင်တို့အားသားတော်ကလွတ်လပ် စေလျှင် သင်တို့သည်ဧကန်အမှန်လွတ်လပ် ကြလိမ့်မည်။- Garrad Bible ထို့ကြောင့်သားတော်သည် သင်တို့ကိုလွှတ်စေလျှင် မုချလွတ်ရာရောက်ကြလိမ့်မည်။ Judson Bible ထိုကြောင့် သားသည် သင်တို့ကိုလွှတ်လျှင်၊ သင်တို့သည် ဧကန်အမှန်လွတ်ကြလိမ့်မည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် သားတော်သည် သင်တို့ကို လွတ်မြောက်စေပါက သင်တို့သည် အမှန်တကယ်လွတ်မြောက်ကြလိမ့်မည်။ မြန်မာ ထိုကြောင့် သားသည် သင်တို့ကိုလွှတ်လျှင်၊ သင်တို့သည် ဧကန်အမှန်လွတ်ကြလိမ့်မည်။- |
ကိုယ်တော်၏မိန့်တော်မူချက်နှင့်အညီ အကျွန်ုပ်၏ခြေလှမ်းတို့ကို မြဲမြံစေတော်မူပါ။ မည်သည့်အပြစ်ဒုစရိုက်မျှ အကျွန်ုပ်ကိုမစိုးမိုးပါစေနှင့်။
ကိုယ်တော်သည် အကျွန်ုပ်၏စိတ်နှလုံးကို ကျယ်စွာဖွင့်ပေးတော်မူသည်ဖြစ်၍ အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်လမ်းအတိုင်း ပြေးပါမည်။
ကိုယ်တော်၏အစေအပါးကို တမင်ကျူးလွန်သောအပြစ်များနှင့်လည်း ကင်းဝေးစေတော်မူပါ။ ထိုအပြစ်များသည် အကျွန်ုပ်ကိုမစိုးမိုးပါစေနှင့်။ သို့မှသာ အကျွန်ုပ်သည် အပြစ်ကင်း၍ ကြီးမားသောအပြစ်ကျူးလွန်ခြင်းနှင့် ကင်းလွတ်ပါလိမ့်မည်။
ဘုရားရှင်ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ကောင်းမြတ်သောသတင်းကိုဟောပြောရန် ထာဝရဘုရားသည် ငါ့ကိုဘိသိက်ပေးတော်မူပြီ။ စိတ်နှလုံးကြေကွဲသောသူတို့ကို ဖြေသိမ့်ပေးရန်၊ ဖမ်းဆီးချုပ်နှောင်ခံရသူတို့အား လွတ်မြောက်ခြင်းတရားကိုဟောပြောရန်၊ အကျဉ်းချခံရသောသူတို့အား လွတ်ငြိမ်းခြင်းတရားဟောပြောရန် ငါ့ကိုစေလွှတ်တော်မူပြီ။
“ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ကောင်းမြတ်သောသတင်းကိုဟောပြောစေရန် ကိုယ်တော်သည် ငါ့ကိုဘိသိက်ပေးတော်မူ၍ ဖမ်းဆီးချုပ်နှောင်ခြင်းခံရသောသူတို့အား လွတ်မြောက်ခြင်းအကြောင်းနှင့် မျက်မမြင်တို့အား မျက်စိပြန်မြင်ခြင်းအကြောင်းကို ဟောပြောစေရန်လည်းကောင်း၊ ညှဉ်းဆဲခံရသောသူတို့ကို လွတ်မြောက်ရာသို့ပို့ဆောင်ရန်လည်းကောင်း၊
အကြောင်းမူကား ခရစ်တော်ယေရှု၌ရှိသည့် အသက်ရှင်ခြင်း၏ဝိညာဉ်တော်နှင့်ဆိုင်သောတရားသည် အပြစ်နှင့်သေခြင်းတို့နှင့်ဆိုင်သောတရားမှ သင့်ကိုလွတ်မြောက်စေပြီဖြစ်၏။
အကြောင်းမူကား ကျွန်ဖြစ်စဉ် သခင်ဘုရား၌ ခေါ်ယူတော်မူခြင်းခံရသောသူသည် သခင်ဘုရားအားဖြင့်လွတ်လပ်ခွင့်ရသူဖြစ်၏။ ထိုနည်းတူ လွတ်လပ်သူဖြစ်စဉ် ခေါ်ယူတော်မူခြင်းခံရသောသူသည် ခရစ်တော်၏ကျွန်ဖြစ်၏။
သခင်ဘုရားသည် ဝိညာဉ်တော်ဖြစ်၏။ သခင်ဘုရား၏ဝိညာဉ်တော်ရှိရာအရပ်၌ လွတ်လပ်မှုရှိ၏။
လွတ်လပ်မှုကိုရရှိစေရန် ခရစ်တော်သည် ငါတို့ကို လွတ်မြောက်စေတော်မူပြီ။ ထို့ကြောင့် ခိုင်မြဲစွာရပ်တည်လျက် ကျွန်ထမ်းပိုးတွင် နောက်တစ်ဖန် ချည်နှောင်ခြင်းမခံကြနှင့်။