သင်တို့သည် တရားမျှတမှုကို ခါးသီးစေ၍ ဖြောင့်မတ်ခြင်းကို မြေပေါ်ချထားကြပြီ”ဟု မိန့်တော်မူ၏။
ရှင်ယောဟန် 8:15 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် လူ့စံနှုန်းအတိုင်း စီရင်တတ်ကြ၏။ ငါမူကား မည်သူ့ကိုမျှမစီရင်။ Common Language Bible သင်တို့သည်လူ့စံနှုန်းအရစစ်ဆေးစီရင် တတ်ကြ၏။ ငါမူကားမည်သူ့ကိုမျှမစစ် ဆေးမစီရင်ပြီ။- Garrad Bible သင်တို့သည် ပဝတ္တိကိုထောက်၍စီရင်ဆုံးဖြတ်ကြ၏။ ငါသည် မည်သူ့ကိုမျှစီရင်ဆုံးဖြတ်သည်မဟုတ်။ Judson Bible သင်တို့သည် ဇာတိပကတိအတိုင်း စီရင်တတ်ကြ၏။ ငါမူကား အဘယ်သူကိုမျှမစီရင်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် လူ့စံနှုန်းအတိုင်း စီရင်တတ်ကြ၏။ သို့သော် ငါသည် မည်သူ့ကိုမျှ မစီရင်။ မြန်မာ သင်တို့သည် ဇာတိပကတိအတိုင်း စီရင်တတ်ကြ၏။ ငါမူကား အဘယ်သူကိုမျှမစီရင်။- |
သင်တို့သည် တရားမျှတမှုကို ခါးသီးစေ၍ ဖြောင့်မတ်ခြင်းကို မြေပေါ်ချထားကြပြီ”ဟု မိန့်တော်မူ၏။
မြင်းတို့သည် ကျောက်ဆောင်ပေါ်တွင် ပြေးတတ်သလော။ နွားဖြင့်ယှဉ်၍ ထွန်ယက်တတ်သလော။ သင်တို့သည် တရားမျှတခြင်းကို အဆိပ်ဖြစ်စေပြီ။ ဖြောင့်မတ်ခြင်း၏အသီးကိုလည်း ခါးသီးစေပြီ။
တရားတော်သည် လျော့ရဲသဖြင့် တရားမျှတမှု ပျောက်ကွယ်လေပြီ။ ဆိုးယုတ်သောသူတို့သည် ဖြောင့်မတ်သောသူတို့ကို ဝိုင်းရံထားသည်ဖြစ်၍ စီရင်ချက်အလွဲများသာ ထွက်ပေါ်လာ၏။
သို့သော် ကိုယ်တော်က“အချင်းလူ၊ မည်သူသည် ငါ့ကို သင်တို့၏တရားသူကြီး၊သို့မဟုတ် ခုံလူကြီးအဖြစ် ခန့်ထားသနည်း”ဟု သူ့အားမိန့်တော်မူ၏။
တစ်စုံတစ်ယောက်သည် ငါ့စကားတို့ကိုကြားလျက် မစောင့်ထိန်းလျှင်လည်း ငါသည် ထိုသူကိုပြစ်ဒဏ်မစီရင်။ အကြောင်းမူကား ဤလောကကို ပြစ်ဒဏ်စီရင်ရန် ငါလာသည်မဟုတ်။ ဤလောကကို ကယ်တင်ရန် ငါလာ၏။
ယေရှုက“ငါ့နိုင်ငံသည် ဤလောကနှင့်မစပ်ဆိုင်။ ငါ့နိုင်ငံသည် ဤလောကနှင့်စပ်ဆိုင်ခဲ့လျှင် ငါသည် ဂျူးလူမျိုးတို့လက်သို့ အပ်နှံခြင်းမခံရရန် ငါ့လူတို့သည် တိုက်ခိုက်ခဲ့ကြပေလိမ့်မည်။ သို့သော် ယခုတွင် ငါ့နိုင်ငံသည် ဤနေရာမှဖြစ်တည်သည်မဟုတ်”ဟု မိန့်တော်မူ၏။
ဘုရားသခင်သည် သားတော်ကို ဤလောကသို့စေလွှတ်တော်မူသည်မှာ လောကီသားတို့ကို ပြစ်ဒဏ်စီရင်ရန်မဟုတ်။ လောကီသားတို့သည် သားတော်အားဖြင့် ကယ်တင်ခြင်းခံရရန်အတွက်ဖြစ်၏။
အပြင်ပန်းအားဖြင့် လူကိုမစီရင်ဘဲ တရားမျှတစွာစီရင်ကြလော့”ဟု မိန့်တော်မူ၏။
ထိုမိန်းမက “တစ်ယောက်မျှမရှိပါ သခင်ဘုရား”ဟု လျှောက်လေ၏။ ယေရှုကလည်း“ငါသည်လည်း သင့်ကိုပြစ်ဒဏ်မစီရင်။ သွားလော့။ ယခုမှစ၍ နောက်တစ်ဖန်အပြစ်မပြုနှင့်”ဟု မိန့်တော်မူ၏။]
ထို့ကြောင့် သူတစ်ပါးကိုစီရင်တတ်သောအချင်းလူ၊ သင်သည် ဆင်ခြေပေး၍မရ။ အဘယ်ကြောင့်ဆိုသော် စီရင်နေသောသင်သည်လည်း တူညီသောအမှုများကိုပြုကျင့်နေသည်ဖြစ်၍ သူတစ်ပါးကိုစီရင်ရာတွင် သင့်ကိုယ်သင်ပြစ်ဒဏ်စီရင်ရာရောက်၏။
ဝိညာဉ်သဘောရှိသောသူမူကား ခပ်သိမ်းသောအရာတို့ကို ပိုင်းခြား၍သိတတ်၏။ သို့သော် ထိုသူကို မည်သူကမျှ ပိုင်းခြား၍မသိနိုင်။
ထို့ကြောင့် ယခုမှစ၍ ငါတို့သည် မည်သူ့ကိုမျှ သွေးသားဇာတိသဘောဖြင့် မသိမှတ်တော့ပေ။ ငါတို့သည် ခရစ်တော်ကို သွေးသားဇာတိသဘောဖြင့် သိမှတ်ခဲ့လျှင်လည်း ယခုတွင် ထိုသို့မသိမှတ်တော့ပေ။
သင်တို့သည် အချင်းချင်းကြား၌ လူတန်းစားခွဲခြား၍ မကောင်းသောတွေးတောကြံစည်မှုတို့ဖြင့် တရားစီရင်သူများဖြစ်ကြပြီမဟုတ်လော။
ထိုအခါ ထာဝရဘုရားက ရှမွေလအား “သူ၏ရုပ်ရည်အဆင်းနှင့် အရပ်အမောင်းကို မကြည့်နှင့်။ သူ့ကို ငါပယ်ပြီ။ ထာဝရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည်မဟုတ်။ လူသည် အပြင်ပန်းသဏ္ဌာန်ကိုသာ ကြည့်တတ်၏။ ထာဝရဘုရားမူကား စိတ်နှလုံးကို ကြည့်တော်မူ၏”ဟု မိန့်တော်မူ၏။